Property Expo
×

ေဘာလံုးသမားေတြထဲက အခ်ဳိ႕ဟာ ဖက္ရွင္သစ္ေတြကို စတင္သူေတြ ျဖစ္တတ္ၾကပါတယ္။ လူငယ္ေတြက သူတုိ႔ရဲ႕ အဝတ္အစား ပံုစံမ်ဳိး လိုက္ၿပီး ဝတ္ဆင္ၾကတာ၊ သူတို႔ရဲ႕ ဆံပင္ပံုစံေတြ လုိက္ထားတတ္ၾကပါတယ္။

တက္တူးထုိးတာကလည္း ဒီအထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။

သူတုိ႔ရဲ႕ ခႏၶာကိုယ္မွာ တက္တူးအမ်ားအျပား ထိုးႏွံထားၾကတဲ့ နာမည္ေက်ာ္ ကစားသမား ၈ေယာက္ကို ေဖာ္ျပလိုက္ပါတယ္။


၁။ ဂ်ီဘရီ ဆစ္စီ

ဆစ္စီက တက္တူးအမ်ားဆံုး ထိုးထားတဲ့ ကစားသမား တစ္ေယာက္ပါ။ လူမည္း ကစားသမားေတြထဲမွာ သူ႔ကိုယွဥ္ႏိုင္သူ မရွိပါဘူး။

သူ႔ရဲ႕ ခႏၶာကိုယ္ အႏွံ႔အျပား နီးပါးကုိ တက္တူးေတြ ထိုးထားတာ ျဖစ္ပါတယ္။ သူက တစ္လကို တစ္ခုႏႈန္းေလာက္ ထုိးေလ့ရွိတာပါ။ ပထမဆံုး ထုိးခဲ့တဲ့ တက္တူးက ေနာက္ေက်ာမွာ ေတာင္ပံတစ္ခု ထုိးခဲ့တာ ျဖစ္ပါတယ္။

မ်ဳိးစံုေသာ သေကၤတေတြ၊ အမွတ္အသားေတြကို ထုိးႏွံထားသူ ျဖစ္ပါတယ္။


၂။ တင္ေဟာင္းဝပ္

အေမရိကန္ ဂိုးသမား တင္ေဟာင္းဝပ္ကလည္း ႏွစ္စဥ္ သူ႔ရဲ႕ ခႏၶာကိုယ္ကို တက္တူးထုိးၿပီး အလွွဆင္ေလ့ ရွိသူ ျဖစ္ပါတယ္။ ေနရာလြတ္ေတာင္ မရွိေတာ့ေလာက္ေအာင္ပါပဲ။

မတူညီတဲ့ ႐ုပ္ပံုေတြကို လုိက္ဖက္ေျပျပစ္ေအာင္ ေရးထုိးထားတာ ျဖစ္ပါတယ္။ သူ႔မိသားစုဝင္ေတြရဲ႕ ပံုေတြ၊ နာမည္ေတြနဲ႔ ေမြးေန႔ေတြကို တက္တူးထုိးထားတာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

သူ႔ရဲ႕ လက္ေမာင္းမွာ ႀကီးမားတဲ့ ၾကက္ေျခခတ္တစ္ခုရွိၿပီး အလွဆင္ထားမႈေတြ၊ နဂါးေတြအျပင္ စူပါမန္း ပံုကိုလည္း ထုိးႏွံထားေၾကာင္း သိရပါတယ္။


၃။ ဇလာတန္ အီဗရာဟီမုိဗစ္

အီဗရာဟီမုိဗစ္ရဲ႕ တက္တူးေတြက မ်ားျပားၿပီး စုစုေပါင္း ၁၁ခုခန္႔ ရွိပါတယ္။

ခရစ္ယာန္ သေကၤတေတြနဲ႔ အာရဗီ အကၡရာေတြ၊ အေမရိကန္ ငွက္ေမြးနဲ႔ ဗုုဒၶဘာသာ အမွတ္အသားေတြ ပါဝင္ပါတယ္။ လက္ေကာက္ဝတ္မွာလည္း သူ႔ရဲ႕ ေမြးေန႔ကို ေရးထုိးထားပါတယ္။

ေက်ာဘက္မွာ ႀကီးမားတဲ့ ငါးသုိင္း တစ္ေကာင္ပံုကို ေရးထုိးထားၿပီး ဒီေရကို ဆန္ၿပီး ကူးခတ္ခ်င္တဲ့ စိတ္အားထက္သန္မႈကို ေဖာ္ျပထာပါ။ အနီေရာင္ နဂါးပံုကိုလည္း ေရးထုိးထားၿပီး အင္အားကို ကိုယ္စားျပဳထားတာပါ။

ကံေကာင္းေစဖို႔ ၁ဖဲႏွစ္ခ်ပ္ကိုလည္း ထုိးႏွံထားပါတယ္။ အေရးမႀကီးတဲ့ တက္တူးေတြ ရွိသလို အေရးႀကီးတဲ့ တက္တူးေတြလည္း ရွိပါတယ္။

အဲဒါေတြကေတာ့ သူ႔ကေလးေတြနဲ႔ မိဘေတြရဲ႕ နာမည္ေတြအျပင္ “ဘုရားသခင္သာ ငါ့ကို တရားစီရင္ႏိုင္သည္” ဆုိတဲ့ စာတန္းကိုလည္း ထုိးႏွံထားေၾကာင္း သိရပါတယ္။


၄။ ဒန္နီရယ္ အက္ဂါ

အက္ဂါရဲ႕ တက္တူးေတြက အႏုပညာ ျပကြက္ေတြပါ။ ဇာတိႏိုင္ငံ ဒိန္းမတ္ရဲ႕ ယဥ္ေက်းမႈ အေမြအႏွစ္ေတြလည္း ပါဝင္ပါတယ္။ ဒ႑ာရီထဲက အရာေတြ ပါဝင္သလို အခ်က္အလက္ေတြနဲ႔ ေန႔စြဲေတြလည္း ပါဝင္ပါတယ္။

အေျခခံ ကင္းဗတ္စ္က သူ႔ရဲ႕ ေက်ာကုန္း ျဖစ္ပါတယ္။ ေက်ာေအာက္ဘက္မွာ ဒိန္းမတ္ ဒ႑ာရီလာ ဘီလူးႀကီး ၃ေကာင္ပံုကို ေရးထုိးထားတာပါ။ ဒါ့အျပင္ ဒိန္းမတ္ရဲ႕ ေက်ာ္ၾကားတဲ့ ဘုရင္ေတြရဲ႕ ပံုေတြကိုလည္း ေရးထုိးထားပါတယ္။

ဘယ္ဘက္ ပခံုးမွာလည္း ဒိန္းမတ္အလံကို ေရးထိုးထားၿပီး ေနာ့စ္နတ္မင္းပံုနဲ႔ ဒ႑ာရီထဲက အုိဒင္ နတ္မင္းနဲ႔ သူ႔ရဲ႕ က်ီးကန္း ၂ေကာင္ပံုကိုပါ ေရးထုိးထားပါတယ္။


၅။ ရာအူးလ္ မီရာလက္စ္

သူ႔ရဲ႕ ကစားပံုေၾကာင့္ မဟုတ္ေပမယ့္ တက္တူးေၾကာင့္ သူ႔ကို လူသိမ်ားပါတယ္။ ညာဘက္ ေျခေထာက္မွာ သူ႔ရဲ႕ အတၳဳပၸတၱိကို ေရးထိုးထားတာပါ။

ဇာတိၿမိဳ႕က ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္း၊ အစၥတန္ဘူလ္ၿမိဳ႕က အျပာေရာင္ ဗလီနဲ႔ အျခားအရာေတြကိုလည္း ေရးထုိးထားပါတယ္။

ရင္ဘတ္မွာလည္း အ႐ိုးေခါင္း ၂ခုပံု ေရးထုိုးထားပါတယ္။ ဘယ္ဘက္လက္မွာ သူ႔ဇနီးနဲ႔ သမီးတုိ႔ရဲ႕ ႐ုပ္ပံုေတြကို ေရးထိုးထားၿပီး ညာဘက္လက္မွာေတာ့ သူ႔အေဖနဲ႔ အေမရဲ႕ ႐ုပ္ပံုေတြကို ေရးထိုးထားတာပါ။



၆။ ဆာဂ်ီယို ရာမုိ႔စ္

ရာမုိ႔စ္ကလည္း တက္တူးအမ်ားအျပားနဲ႔ ကစားသမားပါ။ အသက္ ၁၄ႏွစ္အရြယ္မွာ ပထမဆံုး တက္တူးကို ထုိးခဲ့သူ ျဖစ္ပါတယ္။ အဲဒါကေတာ့ ေဘာလံုးကိုင္ထားတဲ့ နတ္ဆိုးပံုပါ။ ဒီတက္တူးေၾကာင့္ သူ႔အေဖက ေတာ္ေတာ္ စိတ္ပ်က္ခဲ့ရပါတယ္။

ဒါေပမယ့္ သူကေတာ့ ေနာက္ထပ္ တက္တူး အမ်ားအျပား ထပ္ထုိးခဲ့ပါတယ္။

တက္တူး အမ်ားစုက သေကၤတေတြျဖစ္ၿပီး အဓိပၸာယ္ ကိုယ္စီ ရွိၾကပါတယ္။

ဥပမာအေနနဲ႔ သူ႔မိဘ နာမည္ေတြရဲ႕ ထိပ္ဆံုးစာလံုးေတြကို ေရးထုိးထားတာပါ။

လက္တင္ဘာသာနဲ႔ဆုိရင္ “ေသဆံုးၿပီးေသာ သူမ်ား၏ စိတ္ဓာတ္မ်ားက ရွင္သန္ေနသူမ်ား၏ မွတ္ဉာဏ္တြင္ ဆက္လက္တည္ရွိေနသည္” လို႔ အဓိပၸာယ္ရတဲ့ စာသားကိုလည္း ေရးထုိးထားပါတယ္။

သူ႔အဖြားျဖစ္သူကို ကုိယ္စားျပဳတဲ့ ေဒးဗစ္အမည္ရွိ ၾကယ္ကိုလည္း ဘယ္ဘယ္ပခံုးမွာ ေရးထုိးထားပါတယ္။

“ေျမေခြး” လို႔ အဓိပၸာယ္ရတဲ့ တ႐ုတ္စာလံုးကိုလည္း ေရးထိုးထားပါတယ္။

သူ႔ဇနီး၊ သူ႔ကေလးေတြနဲ႔ ညီအစ္ကို ေမာင္ႏွမေတြရဲ႕ နာမည္အစ စာလံုးေတြကိုလည္း လက္ေကာက္ဝတ္နဲ႔ လက္ေခ်ာင္းေတြမွာ ေရးထုိးထားတာပါ။

အေမရိကန္နဲ႔ မက္ဒရစ္ၿမိဳ႕ကို အၾကမ္းဖက္သမားေတြ တိုက္ခုိက္တဲ့ ေန႔စြဲေတြကိုလည္း တက္တူးထုိးထားတယ္လို႔ သိရပါတယ္။


၇။ မာကို မာတာရာဇီ

မာတာရာဇီကလည္း တက္တူးအမ်ားအျပား ထိုးထားသူပါ။

ပထမဆံုး တက္တူးကို အသက္ ၁၈ႏွစ္အရြယ္မွာ ထိုးခဲ့တာျဖစ္ၿပီး အလတ္စား အရြယ္ M အကၡရာကို ေရးထုိးခဲ့တာပါ။

သူ႔ရဲ႕ တက္တူး အမ်ားစုက မိသားစုနဲ႔ မိတ္ေဆြ သူငယ္ခ်င္းေတြကို ရည္ရြယ္တာပါ။ ေနာက္ေက်ာဘက္မွာေတာ့ ေတာင္္္္္္္ပံပံုေတြ ေရးထုိးထားပါတယ္။ ေနာက္ေက်ာဘက္မွာ ေျမြ၊ နဂါး၊ ျခေသၤ့နဲ႔ ၾကယ္၂လုံးရဲ႕ ပံုေတြကို ေရးထုိးထားပါတယ္။

မိသားစုနဲ႔ မိတ္ေဆြေတြရဲ႕ အမွတ္အသားေတြသာမက ကစားသမားဘဝ မွတ္တမ္းေတြကိုပါ မွတ္တမ္းအေနနဲ႔ မာတာရာဇီက တက္တူးထုိးထားတာပါ။

သူ ဆြတ္ခူး ရရွိခဲ့တဲ့ စီးရီးေအ ဖလား၊ ကမ႓ာ့ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလား စတဲ့ ဆုဖလားပံုေတြကိုလည္း ေရးထုိးထားပါတယ္။


၈။ ေဒးဗစ္ ဘက္ခမ္း

ဘက္ခမ္းက ေဘာလံုးေလာကကို တက္တူးဖက္ရွင္နဲ႔ မိတ္ဆက္ခဲ့သူလို႔လည္း ဆုိႏိုင္ပါတယ္။ ပထမဆံုး တက္တူးကို ၁၉၉၉မွာ ေရးထုိးခဲ့တာပါ။

ေက်ာဘက္မွာ သားသံုးေယာက္ရဲ႕ နာမည္ကို ေရးထိုးထားၿပီး သမီးရဲ႕နာမည္ကိုေတာ့ ဘယ္ဘက္ ညႇပ္႐ိုးနားမွာ ေရးထိုးထားတာပါ။

ေက်ာ႐ိုးမွာ နတ္သမီးပံု ေရးထုိးထားၿပီး လည္ပင္းမွာေတာ့ ေတာင္ပံပါတဲ့ ၾကက္ေျခအမွတ္အသားကို ေတြ႔ျမင္ရမွာျဖစ္ၿပီး ၂၀၁၀ ကမ႓ာ့ဖလား မတိုင္မီ ထုိးႏွံခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ တက္တူး အမ်ားစုက ဇနီးသည္ ဗစ္တုိးရီးယားကို ရည္ညႊန္းပါတယ္။ သူမရဲ႕ နာမည္၊ အခ်စ္ဆိုတဲ့ စကားလံုး စတာေတြကို ေရးထုိးထားတာပါ။

ေဘာလံုးနဲ႔ ပတ္သက္တဲ့ တက္တူးကေတာ့ သူ႔မွာ တစ္ခုပဲ ရွိပါတယ္။ သူ႔ရဲ႕ စိတ္ႀကိဳက္ နံပတ္ျဖစ္ၿပီး ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ ၇ ဂဏန္းကို VII လို႔ ေရးထိုးထားတာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Planet Myanmar

#Unicode Version
ဘောလုံးသမားတွေထဲက အချို့ဟာ ဖက်ရှင်သစ်တွေကို စတင်သူတွေ ဖြစ်တတ်ကြပါတယ်။ လူငယ်တွေက သူတို့ရဲ့ အဝတ်အစား ပုံစံမျိုး လိုက်ပြီး ဝတ်ဆင်ကြတာ၊ သူတို့ရဲ့ ဆံပင်ပုံစံတွေ လိုက်ထားတတ်ကြပါတယ်။

တက်တူးထိုးတာကလည်း ဒီအထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်မှာ တက်တူးအများအပြား ထိုးနှံထားကြတဲ့ နာမည်ကျော် ကစားသမား ၈ယောက်ကို ဖော်ပြလိုက်ပါတယ်။


၁။ ဂျီဘရီ ဆစ်စီ

ဆစ်စီက တက်တူးအများဆုံး ထိုးထားတဲ့ ကစားသမား တစ်ယောက်ပါ။ လူမည်း ကစားသမားတွေထဲမှာ သူ့ကိုယှဉ်နိုင်သူ မရှိပါဘူး။

သူ့ရဲ့ ခန္ဓာကိုယ် အနှံ့အပြား နီးပါးကို တက်တူးတွေ ထိုးထားတာ ဖြစ်ပါတယ်။ သူက တစ်လကို တစ်ခုနှုန်းလောက် ထိုးလေ့ရှိတာပါ။ ပထမဆုံး ထိုးခဲ့တဲ့ တက်တူးက နောက်ကျောမှာ တောင်ပံတစ်ခု ထိုးခဲ့တာ ဖြစ်ပါတယ်။

မျိုးစုံသော သင်္ကေတတွေ၊ အမှတ်အသားတွေကို ထိုးနှံထားသူ ဖြစ်ပါတယ်။


၂။ တင်ဟောင်းဝပ်

အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်ကလည်း နှစ်စဉ် သူ့ရဲ့ ခန္ဓာကိုယ်ကို တက်တူးထိုးပြီး အလှှဆင်လေ့ ရှိသူ ဖြစ်ပါတယ်။ နေရာလွတ်တောင် မရှိတော့လောက်အောင်ပါပဲ။

မတူညီတဲ့ ရုပ်ပုံတွေကို လိုက်ဖက်ပြေပြစ်အောင် ရေးထိုးထားတာ ဖြစ်ပါတယ်။ သူ့မိသားစုဝင်တွေရဲ့ ပုံတွေ၊ နာမည်တွေနဲ့ မွေးနေ့တွေကို တက်တူးထိုးထားတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

သူ့ရဲ့ လက်မောင်းမှာ ကြီးမားတဲ့ ကြက်ခြေခတ်တစ်ခုရှိပြီး အလှဆင်ထားမှုတွေ၊ နဂါးတွေအပြင် စူပါမန်း ပုံကိုလည်း ထိုးနှံထားကြောင်း သိရပါတယ်။


၃။ ဇလာတန် အီဗရာဟီမိုဗစ်

အီဗရာဟီမိုဗစ်ရဲ့ တက်တူးတွေက များပြားပြီး စုစုပေါင်း ၁၁ခုခန့် ရှိပါတယ်။

ခရစ်ယာန် သင်္ကေတတွေနဲ့ အာရဗီ အက္ခရာတွေ၊ အမေရိကန် ငှက်မွေးနဲ့ ဗုုဒ္ဓဘာသာ အမှတ်အသားတွေ ပါဝင်ပါတယ်။ လက်ကောက်ဝတ်မှာလည်း သူ့ရဲ့ မွေးနေ့ကို ရေးထိုးထားပါတယ်။

ကျောဘက်မှာ ကြီးမားတဲ့ ငါးသိုင်း တစ်ကောင်ပုံကို ရေးထိုးထားပြီး ဒီရေကို ဆန်ပြီး ကူးခတ်ချင်တဲ့ စိတ်အားထက်သန်မှုကို ဖော်ပြထာပါ။ အနီရောင် နဂါးပုံကိုလည်း ရေးထိုးထားပြီး အင်အားကို ကိုယ်စားပြုထားတာပါ။

ကံကောင်းစေဖို့ ၁ဖဲနှစ်ချပ်ကိုလည်း ထိုးနှံထားပါတယ်။ အရေးမကြီးတဲ့ တက်တူးတွေ ရှိသလို အရေးကြီးတဲ့ တက်တူးတွေလည်း ရှိပါတယ်။

အဲဒါတွေကတော့ သူ့ကလေးတွေနဲ့ မိဘတွေရဲ့ နာမည်တွေအပြင် “ဘုရားသခင်သာ ငါ့ကို တရားစီရင်နိုင်သည်” ဆိုတဲ့ စာတန်းကိုလည်း ထိုးနှံထားကြောင်း သိရပါတယ်။


၄။ ဒန်နီရယ် အက်ဂါ

အက်ဂါရဲ့ တက်တူးတွေက အနုပညာ ပြကွက်တွေပါ။ ဇာတိနိုင်ငံ ဒိန်းမတ်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပါဝင်ပါတယ်။ ဒဏ္ဍာရီထဲက အရာတွေ ပါဝင်သလို အချက်အလက်တွေနဲ့ နေ့စွဲတွေလည်း ပါဝင်ပါတယ်။

အခြေခံ ကင်းဗတ်စ်က သူ့ရဲ့ ကျောကုန်း ဖြစ်ပါတယ်။ ကျောအောက်ဘက်မှာ ဒိန်းမတ် ဒဏ္ဍာရီလာ ဘီလူးကြီး ၃ကောင်ပုံကို ရေးထိုးထားတာပါ။ ဒါ့အပြင် ဒိန်းမတ်ရဲ့ ကျော်ကြားတဲ့ ဘုရင်တွေရဲ့ ပုံတွေကိုလည်း ရေးထိုးထားပါတယ်။

ဘယ်ဘက် ပခုံးမှာလည်း ဒိန်းမတ်အလံကို ရေးထိုးထားပြီး နော့စ်နတ်မင်းပုံနဲ့ ဒဏ္ဍာရီထဲက အိုဒင် နတ်မင်းနဲ့ သူ့ရဲ့ ကျီးကန်း ၂ကောင်ပုံကိုပါ ရေးထိုးထားပါတယ်။


၅။ ရာအူးလ် မီရာလက်စ်

သူ့ရဲ့ ကစားပုံကြောင့် မဟုတ်ပေမယ့် တက်တူးကြောင့် သူ့ကို လူသိများပါတယ်။ ညာဘက် ခြေထောက်မှာ သူ့ရဲ့ အတ္ထုပ္ပတ္တိကို ရေးထိုးထားတာပါ။

ဇာတိမြို့က ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ အစ္စတန်ဘူလ်မြို့က အပြာရောင် ဗလီနဲ့ အခြားအရာတွေကိုလည်း ရေးထိုးထားပါတယ်။

ရင်ဘတ်မှာလည်း အရိုးခေါင်း ၂ခုပုံ ရေးထိုးထားပါတယ်။ ဘယ်ဘက်လက်မှာ သူ့ဇနီးနဲ့ သမီးတို့ရဲ့ ရုပ်ပုံတွေကို ရေးထိုးထားပြီး ညာဘက်လက်မှာတော့ သူ့အဖေနဲ့ အမေရဲ့ ရုပ်ပုံတွေကို ရေးထိုးထားတာပါ။



၆။ ဆာဂျီယို ရာမို့စ်

ရာမို့စ်ကလည်း တက်တူးအများအပြားနဲ့ ကစားသမားပါ။ အသက် ၁၄နှစ်အရွယ်မှာ ပထမဆုံး တက်တူးကို ထိုးခဲ့သူ ဖြစ်ပါတယ်။ အဲဒါကတော့ ဘောလုံးကိုင်ထားတဲ့ နတ်ဆိုးပုံပါ။ ဒီတက်တူးကြောင့် သူ့အဖေက တော်တော် စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့် သူကတော့ နောက်ထပ် တက်တူး အများအပြား ထပ်ထိုးခဲ့ပါတယ်။

တက်တူး အများစုက သင်္ကေတတွေဖြစ်ပြီး အဓိပ္ပာယ် ကိုယ်စီ ရှိကြပါတယ်။

ဥပမာအနေနဲ့ သူ့မိဘ နာမည်တွေရဲ့ ထိပ်ဆုံးစာလုံးတွေကို ရေးထိုးထားတာပါ။

လက်တင်ဘာသာနဲ့ဆိုရင် “သေဆုံးပြီးသော သူများ၏ စိတ်ဓာတ်များက ရှင်သန်နေသူများ၏ မှတ်ဉာဏ်တွင် ဆက်လက်တည်ရှိနေသည်” လို့ အဓိပ္ပာယ်ရတဲ့ စာသားကိုလည်း ရေးထိုးထားပါတယ်။

သူ့အဖွားဖြစ်သူကို ကိုယ်စားပြုတဲ့ ဒေးဗစ်အမည်ရှိ ကြယ်ကိုလည်း ဘယ်ဘယ်ပခုံးမှာ ရေးထိုးထားပါတယ်။

“မြေခွေး” လို့ အဓိပ္ပာယ်ရတဲ့ တရုတ်စာလုံးကိုလည်း ရေးထိုးထားပါတယ်။

သူ့ဇနီး၊ သူ့ကလေးတွေနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ နာမည်အစ စာလုံးတွေကိုလည်း လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ ရေးထိုးထားတာပါ။

အမေရိကန်နဲ့ မက်ဒရစ်မြို့ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်တဲ့ နေ့စွဲတွေကိုလည်း တက်တူးထိုးထားတယ်လို့ သိရပါတယ်။


၇။ မာကို မာတာရာဇီ

မာတာရာဇီကလည်း တက်တူးအများအပြား ထိုးထားသူပါ။

ပထမဆုံး တက်တူးကို အသက် ၁၈နှစ်အရွယ်မှာ ထိုးခဲ့တာဖြစ်ပြီး အလတ်စား အရွယ် M အက္ခရာကို ရေးထိုးခဲ့တာပါ။

သူ့ရဲ့ တက်တူး အများစုက မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ရည်ရွယ်တာပါ။ နောက်ကျောဘက်မှာတော့ တောင်ပံပုံတွေ ရေးထိုးထားပါတယ်။ နောက်ကျောဘက်မှာ မြွေ၊ နဂါး၊ ခင်္သြေ့နဲ့ ကြယ်၂လုံးရဲ့ ပုံတွေကို ရေးထိုးထားပါတယ်။

မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အမှတ်အသားတွေသာမက ကစားသမားဘဝ မှတ်တမ်းတွေကိုပါ မှတ်တမ်းအနေနဲ့ မာတာရာဇီက တက်တူးထိုးထားတာပါ။

သူ ဆွတ်ခူး ရရှိခဲ့တဲ့ စီးရီးအေ ဖလား၊ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဖလား စတဲ့ ဆုဖလားပုံတွေကိုလည်း ရေးထိုးထားပါတယ်။


၈။ ဒေးဗစ် ဘက်ခမ်း

ဘက်ခမ်းက ဘောလုံးလောကကို တက်တူးဖက်ရှင်နဲ့ မိတ်ဆက်ခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။ ပထမဆုံး တက်တူးကို ၁၉၉၉မှာ ရေးထိုးခဲ့တာပါ။

ကျောဘက်မှာ သားသုံးယောက်ရဲ့ နာမည်ကို ရေးထိုးထားပြီး သမီးရဲ့နာမည်ကိုတော့ ဘယ်ဘက် ညှပ်ရိုးနားမှာ ရေးထိုးထားတာပါ။

ကျောရိုးမှာ နတ်သမီးပုံ ရေးထိုးထားပြီး လည်ပင်းမှာတော့ တောင်ပံပါတဲ့ ကြက်ခြေအမှတ်အသားကို တွေ့မြင်ရမှာဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလား မတိုင်မီ ထိုးနှံခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ တက်တူး အများစုက ဇနီးသည် ဗစ်တိုးရီးယားကို ရည်ညွှန်းပါတယ်။ သူမရဲ့ နာမည်၊ အချစ်ဆိုတဲ့ စကားလုံး စတာတွေကို ရေးထိုးထားတာပါ။

ဘောလုံးနဲ့ ပတ်သက်တဲ့ တက်တူးကတော့ သူ့မှာ တစ်ခုပဲ ရှိပါတယ်။ သူ့ရဲ့ စိတ်ကြိုက် နံပတ်ဖြစ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ၇ ဂဏန်းကို VII လို့ ရေးထိုးထားတာပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Planet Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top