Property Expo
×







#Unicode Version
မကွေးတံတားပေါ်တွင် မိုးခိုနေစဉ် အခင်း ကွန်ကရစ်ပြားကျွံကျပြီး ဧရာဝတီမြစ်ထဲရှိ ရေလယ်တံတား တိုင်ပေါ်သို့ ပြုတ်ကျမှု အောက်တိုဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ပွင့်ဖြူမြို့ စေတဂူကျေးရွာနေ ရာဇာနှင့် မအိအိသွယ်တို့သည် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာမှ မကွေးသို့ ပြန်လာစဉ် မင်းဘူးဘက် ကမ်းအရောက်တွင် မိုးများရွာသွန်း သဖြင့် မကွေးတံတားပေါ်တွင် မိုးခို နေစဉ် အခင်းကွန်ကရစ် ပြားကျွံကျပြီး ရာဇာမှာ ဧရာဝတီမြစ်ထဲပြုတ်ကျခဲ့ သည်။


အဆိုပါနှစ်ဦးအား မကွေးတိုင်း ဒေသကြီးမီးသတ်တပ်ဖွဲ့က ရှာဖွေကယ် ဆယ်ရေးယာဉ် တစ်စီး၊ Ambulance တစ်စီးတို့ဖြင့် ကယ်ဆယ်ခဲ့ပြီး မကွေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top