Kantharyar Centre
×

 အစိုးရ ဆန္႔က်င္ေရး ဆႏၵျပမႈမ်ား အရွိန္ျမင့္လာသည့္ေနာက္ အီသီယိုးပီးယားတြင္ တစ္ႏုိင္ငံလံုး အတိုင္းအတာျဖင့္ အေရးေပၚ ေၾကညာခ်က္ ထုတ္ျပန္ထားလုိက္ေၾကာင္း သိရသည္။


အီသီယိုးပီးယား အစိုးရက ေအာက္တိုဘာ ၉ ရက္မွစ၍ တစ္ႏုိင္ငံလံုးအဆင့္ အေရးေပၚ ေၾကညာခ်က္ အမိန္႔ကို ၆ လၾကာ ထုတ္ျပန္ေၾကာင္း အတည္ျပဳခဲ့သည္။ အဆိုပါ လုပ္ေဆာင္မႈသည္ ႏိုင္ငံအတြင္း တရားဥပေဒ
ျပန္လည္စိုးမိုးေရး အေကာင္အထည္ေဖာ္ရန္ အေရးပါသည့္ ေျခလွမ္းတစ္ရပ္ဟု ဝန္ႀကီးခ်ဳပ္ ဟိုင္လီမာရီယမ္ ဒီဆယ္လန္က အစိုးရ မီဒီယာမ်ားကို ေျပာၾကားခဲ့သည္။

အီသီယိုးပီးယားတြင္ အစိုးရ ဆန္႔က်င္ေရး လႈပ္ရွားမႈမ်ားက အဓိက႐ုဏ္းအသြင္ ေျပာင္းလဲလာရာ အစိုးရ အေနျဖင့္ ၎တို႔ပါတီစတင္၍ အာဏာရလာသည့္ ၂၅ ႏွစ္တာ သက္တမ္းအတြင္း ပထမဆံုးအႀကိမ္ အေရးေပၚ အေျခအေန ထုတ္ျပန္ရန္ ဆံုးျဖတ္ခဲ့ရသည္။

အစိုးရ ဆန္႔က်င္ေရး လႈပ္ရွားမႈမ်ားကို ဦးေဆာင္ေနသူမ်ားတြင္ ႏုိင္ငံ၏ လူဦးေရ အမ်ားဆံုး အို႐ိုေမာ့စ္ တိုင္းရင္းသား မ်ိဳးႏြယ္ အုပ္စုမ်ားလည္း ပါဝင္သည္။ ၎တို႔သည္ အီသီယိုးပီးယား စုစုေပါင္း လူဦးေရ သန္း ၁၀၀ ေက်ာ္၏ သံုးပံုတစ္ပံုမွ်ထိ ရွိေနၾကသူမ်ား ျဖစ္သည္။

ဒီဆယ္လန္က “ဝန္ႀကီးေကာင္စီ အစည္းအေဝး အၿပီးမွာ ႏိုင္ငံေတာ္အဆင့္ အေရးေပၚ အေျခအေန ထုတ္ျပန္ဖုိ႔ ဆံုးျဖတ္လုိက္တာ ျဖစ္ပါတယ္။ ဒါဟာ အီသီယိုးပီးယား ျပည္သူေတြရဲ႕ အသက္အိုးအိမ္ ဆံုး႐ံႈးမႈေတြကို တားဆီးႏုိင္ဖုိ႔ ျဖစ္ပါတယ္။ ၿပီးေတာ့ က်န္းမာေရး ဌာန၊ စီမံအုပ္ခ်ဳပ္ေရး ဌာန၊ တရားဥပေဒ စိုးမိုးေရး ဌာနေတြလို အေဆာက္အအံုေတြ ထိခိုက္ေအာင္ တိုက္ခုိက္မႈေတြကို ဟန္႔တားဖို႔ လုပ္ေဆာင္သြားပါမယ္”ဟု ဆိုသည္။

အီသီယိုးပီးယားတြင္ အို႐ိုမိုေခၚ ပြဲေတာ္ကာလ က်င္းပသည့္ ေအာက္တိုဘာ ၂ ရက္မွ စတင္၍ အစိုးရ အတုိက္အခံ လႈပ္ရွားမႈမ်ား ေပၚေပါက္လာရာ အနည္းဆံုး လူ ၅၂ ဦးမွ် အသက္ဆံုး႐ံႈးခဲ့သည္။ ျပဳျပင္ေျပာင္းလဲေရး ဝါဒီမ်ားက အစိုးရ ထုတ္ျပန္သည့္ ကိန္းဂဏန္းမ်ားသည္ မုသားသက္သက္သာျဖစ္ၿပီး လံုၿခံဳေရး တပ္ဖဲြ႕မ်ားက မ်က္ရည္ယိုဗံုးမ်ား၊ က်ည္အစစ္မ်ား အသံုးျပဳ တိုက္ခုိက္သျဖင့္ ဆႏၵျပသူ ၅၀၀ ေက်ာ္ ေသဆံုးခဲ့ေၾကာင္း စြပ္စြဲထားသည္။

အစိုးရကမူ ယခုပဋိပကၡမ်ားသည္ ျပႆနာမီးေမႊးသည့္ အတိုက္အခံမ်ားေၾကာင့္ ေပၚေပါက္လာျခင္းျဖစ္ၿပီး လံုၿခံဳေရး တပ္ဖြဲ႕မ်ားက အမ်ားျပည္သူကို အကာအကြယ္ေပးရန္သာ ဥပေဒအတိုင္း တံု႔ျပန္ေနျခင္းဟု တံု႔ျပန္
ျပစ္တင္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


Unicode Version

 အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အရှိန်မြင့်လာသည့်နောက် အီသီယိုးပီးယားတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားလိုက်ကြောင်း သိရသည်။


အီသီယိုးပီးယား အစိုးရက အောက်တိုဘာ ၉ ရက်မှစ၍ တစ်နိုင်ငံလုံးအဆင့် အရေးပေါ် ကြေညာချက် အမိန့်ကို ၆ လကြာ ထုတ်ပြန်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုသည် နိုင်ငံအတွင်း တရားဥပဒေ
ပြန်လည်စိုးမိုးရေး အကောင်အထည်ဖော်ရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဟု ဝန်ကြီးချုပ် ဟိုင်လီမာရီယမ် ဒီဆယ်လန်က အစိုးရ မီဒီယာများကို ပြောကြားခဲ့သည်။

အီသီယိုးပီးယားတွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများက အဓိကရုဏ်းအသွင် ပြောင်းလဲလာရာ အစိုးရ အနေဖြင့် ၎င်းတို့ပါတီစတင်၍ အာဏာရလာသည့် ၂၅ နှစ်တာ သက်တမ်းအတွင်း ပထမဆုံးအကြိမ် အရေးပေါ် အခြေအနေ ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ရသည်။

အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဦးဆောင်နေသူများတွင် နိုင်ငံ၏ လူဦးရေ အများဆုံး အိုရိုမော့စ် တိုင်းရင်းသား မျိုးနွယ် အုပ်စုများလည်း ပါဝင်သည်။ ၎င်းတို့သည် အီသီယိုးပီးယား စုစုပေါင်း လူဦးရေ သန်း ၁၀၀ ကျော်၏ သုံးပုံတစ်ပုံမျှထိ ရှိနေကြသူများ ဖြစ်သည်။

ဒီဆယ်လန်က “ဝန်ကြီးကောင်စီ အစည်းအဝေး အပြီးမှာ နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အီသီယိုးပီးယား ပြည်သူတွေရဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုတွေကို တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ ကျန်းမာရေး ဌာန၊ စီမံအုပ်ချုပ်ရေး ဌာန၊ တရားဥပဒေ စိုးမိုးရေး ဌာနတွေလို အဆောက်အအုံတွေ ထိခိုက်အောင် တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ လုပ်ဆောင်သွားပါမယ်”ဟု ဆိုသည်။

အီသီယိုးပီးယားတွင် အိုရိုမိုခေါ် ပွဲတော်ကာလ ကျင်းပသည့် အောက်တိုဘာ ၂ ရက်မှ စတင်၍ အစိုးရ အတိုက်အခံ လှုပ်ရှားမှုများ ပေါ်ပေါက်လာရာ အနည်းဆုံး လူ ၅၂ ဦးမျှ အသက်ဆုံးရှုံးခဲ့သည်။ ပြုပြင်ပြောင်းလဲရေး ဝါဒီများက အစိုးရ ထုတ်ပြန်သည့် ကိန်းဂဏန်းများသည် မုသားသက်သက်သာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ ကျည်အစစ်များ အသုံးပြု တိုက်ခိုက်သဖြင့် ဆန္ဒပြသူ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း စွပ်စွဲထားသည်။

အစိုးရကမူ ယခုပဋိပက္ခများသည် ပြဿနာမီးမွှေးသည့် အတိုက်အခံများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များက အများပြည်သူကို အကာအကွယ်ပေးရန်သာ ဥပဒေအတိုင်း တုံ့ပြန်နေခြင်းဟု တုံ့ပြန်
ပြစ်တင်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top