Property Expo
×

မန္ယူအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားရခဲ့ၿပီးေနာက္ ၂၀၁၅ ခုႏွစ္မွာ မန္ယူအသင္းကုိ ေက်ာခိုင္းရတဲ့ အေၾကာင္းရင္းကို ဗန္ပါစီက ဖြင့္ဟလိုက္ပါတယ္။  ဗန္ပါစီဟာ မန္ယူအသင္းနဲ႔ လမ္းခြဲၿပီးေနာက္ တူရကီကလပ္ ဖီနာဘာခ်ီအသင္းကို ေျပာင္းေ႐ႊ႕ ေရာက္ရွိခဲ့သူပါ။

လက္ရွိ ဖီနာဘာခ်ီ တိုက္စစ္မွဴးျဖစ္ေနတဲ့ ဗန္ပါစီက ယေန႔ည ယူ႐ိုပါလိဂ္ပြဲစဥ္မွာ မန္ယူအသင္းနဲ႔ ျပန္လည္ရင္ဆုိင္မွာ ျဖစ္ပါတယ္။ နည္းျပေဟာင္း ဖာဂူဆန္ မန္ယူအသင္းနည္းျပရာထူးက အနားယူသြားခဲ့ၿပီးတဲ့ေနာက္မွာ အေျပာင္းအလဲမ်ားစြာ ျဖစ္ခဲ့တဲ့အတြက္ အခုလို အသင္းေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္တယ္လို႔ ဗန္ပါစီက ေျပာပါတယ္။ တနည္းအားျဖင့္ နည္းျပဖာဂူဆန္မရွိေတာ့တဲ့အတြက္ အသင္းေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

မန္ယူကို ၂၀၁၂ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕လာခဲ့တုန္းက ဖာဂူဆန္ဟာ ေနာက္ထပ္ႏွစ္အနည္းငယ္ ရွိေနဦးမယ္လို႔ သူထင္ခဲ့ေပမယ့္ တကယ္တမ္း အေျပာင္းအလဲ ျဖစ္လာတဲ့အခါ ရွိထားခဲ့တဲ့ အစီအစဥ္အတိုင္း မလုပ္ႏုိင္ခဲ့ဘူးလို႔ ဗန္ပါစီက ဝန္ခံခဲ့ပါတယ္။ " မန္ယူနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ လုပ္ေတာ့ ဖာဂူဆန္ေနာက္ထပ္ ဆက္ရွိေနဦးမယ္လို႔ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ အေျပာင္းအလဲမ်ားတဲ့ ေဘာလံုးေလာကမွာ ကိုယ့္ရဲ႕ လမ္းေၾကာင္းကို ပံုေသထားလို႔မရသလို နည္းျပေတြကိုလည္း ဘာလုပ္ပါလို႔ ေျပာလို႔မရဘူး" လို႔ ဗန္ပါစီက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ မန်ယူအသင်းကို ကျောခိုင်းရတဲ့ အကြောင်းရင်းကို ဗန်ပါစီက ဖွင့်ဟလိုက်ပါတယ်။  ဗန်ပါစီဟာ မန်ယူအသင်းနဲ့ လမ်းခွဲပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ ရောက်ရှိခဲ့သူပါ။

လက်ရှိ ဖီနာဘာချီ တိုက်စစ်မှူးဖြစ်နေတဲ့ ဗန်ပါစီက ယနေ့ည ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင်မှာ ဖြစ်ပါတယ်။ နည်းပြဟောင်း ဖာဂူဆန် မန်ယူအသင်းနည်းပြရာထူးက အနားယူသွားခဲ့ပြီးတဲ့နောက်မှာ အပြောင်းအလဲများစွာ ဖြစ်ခဲ့တဲ့အတွက် အခုလို အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဗန်ပါစီက ပြောပါတယ်။ တနည်းအားဖြင့် နည်းပြဖာဂူဆန်မရှိတော့တဲ့အတွက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်ယူကို ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တုန်းက ဖာဂူဆန်ဟာ နောက်ထပ်နှစ်အနည်းငယ် ရှိနေဦးမယ်လို့ သူထင်ခဲ့ပေမယ့် တကယ်တမ်း အပြောင်းအလဲ ဖြစ်လာတဲ့အခါ ရှိထားခဲ့တဲ့ အစီအစဉ်အတိုင်း မလုပ်နိုင်ခဲ့ဘူးလို့ ဗန်ပါစီက ဝန်ခံခဲ့ပါတယ်။ " မန်ယူနဲ့ စာချုပ်ချုပ်ဖို့ လုပ်တော့ ဖာဂူဆန်နောက်ထပ် ဆက်ရှိနေဦးမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအလဲများတဲ့ ဘောလုံးလောကမှာ ကိုယ့်ရဲ့ လမ်းကြောင်းကို ပုံသေထားလို့မရသလို နည်းပြတွေကိုလည်း ဘာလုပ်ပါလို့ ပြောလို့မရဘူး" လို့ ဗန်ပါစီက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top