Property Expo
×














ရန္ကုန္ၿမိဳ႕ ေျမာက္ပိုင္း ခ႐ုိင္ တရား႐ံုးတြင္ လူသတ္မႈျဖင့္ အမႈရင္ဆိုင္ေနရသည့္ အမ်ိဳးသား တစ္ဦး အခ်ဳပ္ခန္းအတြင္းမွ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သတင္းရရွိသည္။

ထြက္ေျပးလြတ္ေျမာက္သြား သူမွာ အသက္ (၂၉)ႏွစ္အရြယ္ ႏုိင္လင္းေဇာ္ျဖစ္ၿပီး ၂၀၁၆ ဇြန္လ က ပေထြးျဖစ္သူအား ဓားျဖင့္ခုတ္ သတ္ခဲ့၍ အမႈရင္ဆိုင္ေနရသူျဖစ္ ေၾကာင္း ေျမာက္ပိုင္းခ႐ိုင္မွ ရဲ အရာရွိတစ္ဦးက ေျပာသည္။

‘‘ေန႔လယ္ပိုင္းမွာ အမ်ိဳးသမီး ျဖစ္သူက ေထာင္ဝင္စာလာေတြ႕ တယ္။ သူ႔ကို ေလွ်ာက္လမ္းမွာ အမ်ိဳးသမီးနဲ႔ စကားေျပာဖို႔ ေပး ေတြ႕တယ္။ ညေန လူျပန္စစ္ေတာ့သူကမရွိေတာ့ဘူး။ ဧည့္လာေတြ႕ တဲ့သူေတြနဲ႔ ေရာထြက္သြားတာ ပါ’’ဟု ၎က ေျပာသည္။

အခ်ဳပ္သားထြက္ေျပးမႈႏွင့္ ပတ္သက္၍ တာဝန္က်ရဲအရာရွိ မ်ားအား စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

‘‘သူက လိႈင္သာယာမွာ ေန ပါတယ္။ လူသတ္မႈက်ဴးလြန္ၿပီး ေတာ့ ခ႐ိုင္တရား႐ံုးမွာ အမႈစစ္ ေနတုန္း လြတ္သြားတာပါ။ အခု အခ်ိန္ထိေတာ့ မမိေသးပါဘူး။ လိုက္ရွာေနတုန္းပါ။ တာဝန္က် ရဲေတြကိုလည္း စစ္ေဆးေနပါ တယ္’’ဟု ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ ရဲအရာရွိႀကီးတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရန်ကုန်မြို့ မြောက်ပိုင်း ခရိုင် တရားရုံးတွင် လူသတ်မှုဖြင့် အမှုရင်ဆိုင်နေရသည့် အမျိုးသား တစ်ဦး အချုပ်ခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ထွက်ပြေးလွတ်မြောက်သွား သူမှာ အသက် (၂၉)နှစ်အရွယ် နိုင်လင်းဇော်ဖြစ်ပြီး ၂၀၁၆ ဇွန်လ က ပထွေးဖြစ်သူအား ဓားဖြင့်ခုတ် သတ်ခဲ့၍ အမှုရင်ဆိုင်နေရသူဖြစ် ကြောင်း မြောက်ပိုင်းခရိုင်မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘နေ့လယ်ပိုင်းမှာ အမျိုးသမီး ဖြစ်သူက ထောင်ဝင်စာလာတွေ့ တယ်။ သူ့ကို လျှောက်လမ်းမှာ အမျိုးသမီးနဲ့ စကားပြောဖို့ ပေး တွေ့တယ်။ ညနေ လူပြန်စစ်တော့သူကမရှိတော့ဘူး။ ဧည့်လာတွေ့ တဲ့သူတွေနဲ့ ရောထွက်သွားတာ ပါ’’ဟု ၎င်းက ပြောသည်။

အချုပ်သားထွက်ပြေးမှုနှင့် ပတ်သက်၍ တာဝန်ကျရဲအရာရှိ များအား စစ်ဆေးနေကြောင်း သတင်းရရှိသည်။

‘‘သူက လှိုင်သာယာမှာ နေ ပါတယ်။ လူသတ်မှုကျူးလွန်ပြီး တော့ ခရိုင်တရားရုံးမှာ အမှုစစ် နေတုန်း လွတ်သွားတာပါ။ အခု အချိန်ထိတော့ မမိသေးပါဘူး။ လိုက်ရှာနေတုန်းပါ။ တာဝန်ကျ ရဲတွေကိုလည်း စစ်ဆေးနေပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top