Property Expo
×

စေနေန႔က ၀င္ဘေလ ကြင္းတြင္ တိုက္စစ္မွဴး၀ိန္းရြန္းေန ကို ပရိသတ္အခ်ိဳ႕က ေလွာင္ ေျပာင္ၾကၿပီးေနာက္ ၎ကို အဂၤ လန္နည္းျပေဆာက္သ္ဂိတ္ႏွင့္ အဂၤလန္အသင္းေဖာ္မ်ားက ကာ  ကြယ္ေျပာဆိုလိုက္သည္။

ေမာ္လ္တာအသင္းကို ၂-၀ ဂိုးျဖင့္ႏိုင္ေသာ ကမၻာ့ဖလား ေျခ စစ္ပြဲတြင္ အဂၤလန္အသင္းေခါင္း ေဆာင္ ရြန္းေနသည္ ေဂ်ာ္ဒန္ဟန္ ဒါဆင္ႏွင့္အတူ ကြင္းလယ္၌ပါ၀င္ ကစားခဲ့သည္။ ၎သည္ မန္ယူ တြင္ၿပီးခဲ့သည့္ သံုးပြဲအတြင္း အ ရန္ခံုတြင္ ထိုင္ေနခဲ့ရသည္။

ေမာ္လ္တာႏွင့္ပြဲတြင္ ပရိ သတ္အခ်ိဳ႕၏ ေလွာင္ေျပာင္ျခင္း ခံရေသာ္လည္း အဂၤလန္ယာယီ နည္းျပ ေဆာက္သ္ဂိတ္ကရြန္းေန ကို ကာကြယ္ကာ ၎သည္ အဂၤ လန္ လက္ေရြးစင္အသင္းအား ကစားေပးျခင္းအတြက္ ခ်ီးက်ဴးခံ သင့္သည္ဟု ေျပာၾကားသည္။

‘‘သူ႔ကို အႀကိမ္ႀကိမ္ေ၀ဖန္ တာ မတရားပါဘူး။ သူဟာ ဂုဏ္ သိကၡာနဲ႔ အသင္းေခါင္းေဆာင္ ေနရာကေန သူ႔ႏိုင္ငံအတြက္ ကစားေနတာပါ’’ဟု ေဆာက္သ္ ဂိတ္ကေျပာသည္။ ရြန္းေန၏ မန္ယူအသင္းေဖာ္ ဂ်က္ဆီလင္းဂတ္လည္း ယင္းပြဲတြင္ ပထမဆံုးပါ၀င္ကစား ခဲ့ၿပီး ရြန္းေနသည္ ေလွာင္ေျပာင္ မခံရသင့္ဟုေျပာၾကားၿပီး အဂၤါ ေန႔၌ကစားမည့္ ဆလိုေဗးနီးယား ႏွင့္ပြဲတြင္ ေျခစြမ္းျပႏိုင္လိမ့္မည္ ဟု ယံုၾကည္ထားေၾကာင္း ၎က ေျပာသည္။

‘‘အဲဒီကြင္းလယ္ေနရာကို သူအေတာ္ေလး သေဘာက် တယ္လုိ႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒီပြဲမွာ ဟန္ဒါဆင္နဲ႔ရြန္းေနပြဲကို ထိန္းခ်ဳပ္ၿပီးကြၽန္ေတာ္တို႔ သံုး မွတ္ ရခဲ့တယ္လို႔ ထင္ပါတယ္’’ဟု လင္းဂတ္ကေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version


စနေနေ့က ဝင်ဘလေ ကွင်းတွင် တိုက်စစ်မှူးဝိန်းရွန်းနေ ကို ပရိသတ်အချို့က လှောင် ပြောင်ကြပြီးနောက် ၎င်းကို အင်္ဂ လန်နည်းပြဆောက်သ်ဂိတ်နှင့် အင်္ဂလန်အသင်းဖော်များက ကာ  ကွယ်ပြောဆိုလိုက်သည်။

မော်လ်တာအသင်းကို ၂-၀ ဂိုးဖြင့်နိုင်သော ကမ္ဘာ့ဖလား ခြေ စစ်ပွဲတွင် အင်္ဂလန်အသင်းခေါင်း ဆောင် ရွန်းနေသည် ဂျော်ဒန်ဟန် ဒါဆင်နှင့်အတူ ကွင်းလယ်၌ပါဝင် ကစားခဲ့သည်။ ၎င်းသည် မန်ယူ တွင်ပြီးခဲ့သည့် သုံးပွဲအတွင်း အ ရန်ခုံတွင် ထိုင်နေခဲ့ရသည်။

မော်လ်တာနှင့်ပွဲတွင် ပရိ သတ်အချို့၏ လှောင်ပြောင်ခြင်း ခံရသော်လည်း အင်္ဂလန်ယာယီ နည်းပြ ဆောက်သ်ဂိတ်ကရွန်းနေ ကို ကာကွယ်ကာ ၎င်းသည် အင်္ဂ လန် လက်ရွေးစင်အသင်းအား ကစားပေးခြင်းအတွက် ချီးကျူးခံ သင့်သည်ဟု ပြောကြားသည်။

‘‘သူ့ကို အကြိမ်ကြိမ်ဝေဖန် တာ မတရားပါဘူး။ သူဟာ ဂုဏ် သိက္ခာနဲ့ အသင်းခေါင်းဆောင် နေရာကနေ သူ့နိုင်ငံအတွက် ကစားနေတာပါ’’ဟု ဆောက်သ် ဂိတ်ကပြောသည်။ ရွန်းနေ၏ မန်ယူအသင်းဖော် ဂျက်ဆီလင်းဂတ်လည်း ယင်းပွဲတွင် ပထမဆုံးပါဝင်ကစား ခဲ့ပြီး ရွန်းနေသည် လှောင်ပြောင် မခံရသင့်ဟုပြောကြားပြီး အင်္ဂါ နေ့၌ကစားမည့် ဆလိုဗေးနီးယား နှင့်ပွဲတွင် ခြေစွမ်းပြနိုင်လိမ့်မည် ဟု ယုံကြည်ထားကြောင်း ၎င်းက ပြောသည်။

‘‘အဲဒီကွင်းလယ်နေရာကို သူအတော်လေး သဘောကျ တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲမှာ ဟန်ဒါဆင်နဲ့ရွန်းနေပွဲကို ထိန်းချုပ်ပြီးကျွန်တော်တို့ သုံး မှတ် ရခဲ့တယ်လို့ ထင်ပါတယ်’’ဟု လင်းဂတ်ကပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top