Property Expo
×






#Unicode Version

ဆံပင်ပါးပြီး ခေါင်းပြောင်နေလို့ စိတ်ညစ်စရာမလိုတော့ပါဘူး။ အဲ့ ဆံပင်မရှိတဲ့ ခေါင်းပြောင်ပြောင်ကနေ ဝင်ငွေရှာဖွေလို့ ရနိုင်မယ့် စိတ်ကူးကောင်းတဲ့ နည်းလမ်းတစ်ခုကို အင်္ဂလိပ်အနုပညာဖန်တီးရှင် တစ်ဦးက ဖန်တီးလိုက်ပါတယ်။

ဖိလစ် လဗင်းလို့ ခေါ်တဲ့ အနုပညာသမားအမျိုးသားတစ်ဦးက လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့ရဲ့ အနုပညာဖန်တီးမှုကနေ ထူး ခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့ အနုပညာဖန်တီး မှုအသစ်ပြုလုပ် ဖို့အတွက် သူ့ရဲ့ဦးခေါင်းဆံပင်တွေ ရိတ်လိုက်ခဲ့ပါတယ်။ ဆံပင်တွေ ပြောင်သွားတဲ့ ဦးခေါင်းပေါ်မှာ သူ့ရဲ့ဆေးရည်တွေနဲ့ ရုပ်ပုံပန်းချီကား တွေရေးဆွဲလိုက်ခြင်းက တကယ့်ကိုပဲ အံ့သြစရာကောင်းပြီး ထူး ခြားတဲ့ ဖန်တီးမှုအသစ်တွေ ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီကနေစလို့ သူကနောက်ထပ်အကြံတစ်ခုရသွားတာက သူ့အ တွက် အနုပညာလည်းဖြစ်ရမယ်။ နောက်ပြီးတော့ ဝင်ငွေလည်းရ မယ်ဆိုတဲ့စိတ်ကူးနဲ့ သူ့ရဲ့ခေါင်းပြောင်ပြောင်မှာ စီးပွားရေးလုပ်ငန်း သုံး ကုန်ပစ္စည်းကြော်ငြာတွေရေးဆွဲ ကြော်ငြာပေးဖို့ ဝန်ဆောင်မှု လုပ်ငန်းကို စတင်ခဲ့ပါတယ်။

ကော်ဖီကြော်ငြာ၊ နှုတ်ခမ်းနီကြော်ငြာအစရှိသဖြင့် အခြားသောစီး ပွားရေးလုပ်ငန်းကြော်ငြာတွေကို ဦးခေါင်းမှာ ဆေးရည်ပန်းချီတွေ ဆွဲပြီး ကြော်ငြာပေးပါတယ်။ ဒီလိုမျိုးသူ့ရဲ့ ထူးခြားတဲ့ စိတ်ကူးပုံ ဖော်မှုကိုလည်း လူအများက  စိတ်ဝင်စားကြပြီးတော့ ဒီဖန်တီးမှုက အောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top