ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွား ဝဘ္ဆိုက္
×

အဆီမ်ားတဲ့ အစားအစာေတြကိုစားျခင္းဟာ အစာအိမ္လမ္းေၾကာင္းမွာ အက်ိတ္ေတြျဖစ္ကာ အစာအိမ္အူလမ္းေၾကာင္းနဲ႔ဆုိင္တဲ့ ကင္ဆာျဖစ္ႏုိင္တယ္လို႔ သုေတသနတစ္ခုက ေဖာ္ျပပါတယ္။

အဝလြန္ေနသူ မဟုတ္ရင္ေတာင္မွ အဆီပါဝင္မႈျမင့္မားတဲ့ အစားအစာေတြဟာ အစာအိမ္လမ္းေၾကာင္းမွာ ေရာင္ရမ္းမႈေတြ ျဖစ္လာရာက အစာအိမ္အူလမ္းေၾကာင္းနဲ႔ဆုိင္တဲ့ကင္ဆာ ျဖစ္ပြားလာႏုိင္တယ္လို႔ သိရပါတယ္။ သုေတသနကို Pennsylvania တကၠသိုလ္က ျပဳလုပ္ခဲ့တာျဖစ္ျပီး  Molecular ကင္ဆာသုေတသနဂ်ာနယ္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

အဆီျမင့္မားတဲ့ အစားအေသာက္မွာပါဝင္တဲ့ အမ်ိဳးအစားအခ်ိဳ႕ဟာ အက်ိတ္ေတြဖြဲ႕စည္းမႈနဲ႔ ဆက္စပ္ေနတာကို ေတြ႕ရွိခဲ့တယ္လို႔ အဆုိပါ သုေတသနကို ျပဳလုပ္ခဲ့တဲ့ ဂၽြန္လမ္းဘရစ္က ေျပာၾကားထားပါတယ္။ သုေတသနကို ၾကြက္ေတြကို အေျခခံျပဳလုပ္ခဲ့တာျဖစ္ျပီး အဆုိပါေတြ႕ရွိခ်က္ေၾကာင့္  အဆီမ်ားတဲ့ စားေသာက္ပံုဟာ အဝလြန္ျခင္းနဲ႔မဆုိင္ဘဲ အစာအိမ္ကင္ဆာျဖစ္ေစႏုိင္တယ္ဆုိတဲ့ အေရးပါတဲ့ ေကာက္ခ်က္ကို ရရွိေစတယ္လို႔လည္း ဂၽြန္လမ္းဘရစ္က ေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အဆီများတဲ့ အစားအစာတွေကိုစားခြင်းဟာ အစာအိမ်လမ်းကြောင်းမှာ အကျိတ်တွေဖြစ်ကာ အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကင်ဆာဖြစ်နိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

အဝလွန်နေသူ မဟုတ်ရင်တောင်မှ အဆီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေဟာ အစာအိမ်လမ်းကြောင်းမှာ ရောင်ရမ်းမှုတွေ ဖြစ်လာရာက အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ကင်ဆာ ဖြစ်ပွားလာနိုင်တယ်လို့ သိရပါတယ်။ သုတေသနကို Pennsylvania တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး  Molecular ကင်ဆာသုတေသနဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဆီမြင့်မားတဲ့ အစားအသောက်မှာပါဝင်တဲ့ အမျိုးအစားအချို့ဟာ အကျိတ်တွေဖွဲ့စည်းမှုနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့တယ်လို့ အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တဲ့ ဂျွန်လမ်းဘရစ်က ပြောကြားထားပါတယ်။ သုတေသနကို ကြွက်တွေကို အခြေခံပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါတွေ့ရှိချက်ကြောင့်  အဆီများတဲ့ စားသောက်ပုံဟာ အဝလွန်ခြင်းနဲ့မဆိုင်ဘဲ အစာအိမ်ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အရေးပါတဲ့ ကောက်ချက်ကို ရရှိစေတယ်လို့လည်း ဂျွန်လမ်းဘရစ်က ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top