Property Expo
×

ေတာင္းပန္သင့္တယ္လို႔ ကိုယ္ယူဆထားတဲ့ ကိစၥရပ္ေတြအတြက္ ေတာင္းပန္တဲ့စကားေလးတစ္ခြန္း ဆိုလိုက္တာနဲ႔ ေကာင္းမြန္သြားတဲ့ အေျခအေနေတြကို သင္ျပန္လည္ရရွိပါလိမ့္မယ္။ ဒါေပမယ့္ ေတာင္းပန္တဲ့အခါ မေျပာတတ္၊ မဆုိတတ္တာေၾကာင့္ ပိုဆိုးတဲ့ အေျခအေနမ်ိဳးေတြ ေရာက္သြားတတ္တာေၾကာင့္ ဒီလို မျဖစ္ေအာင္ ေအာက္ကအခ်က္ေလးေတြကို အရင္ဖတ္ၾကည့္လိုက္ပါ။

(၁) ကိစၥတစ္ခုခုကို သင္လုပ္လိုက္မိတဲ့အခါ သင္မွားသြားတယ္လို႔ ထင္တဲ့အရာအတြက္ ေတာင္းပန္စကား ဆုိတာထက္ တစ္ဖက္လူက သင္မွားတယ္လို႔ထင္ေနတဲ့  အရာအတြက္သာ ေတာင္းပန္ပါ။

(၂) အထိေရာက္ဆုံး ေတာင္းပန္စကားဆိုရာမွာ အပိုင္းေလးပိုင္းရိွပါတယ္။ အဲ့ဒါေတြကေတာ့

- သင္လုပ္ခဲ့မိေၾကာင္း ဝန္ခံပါ။

- အျဖစ္အပ်က္ကို ရွင္းျပပါ။

- စိတ္မေကာင္းေၾကာင္းေဖာ္ျပပါ။

- အေျခအေနကို တတ္ႏုိင္သေလာက္ ျပန္လည္ျပဳျပင္ပါ။

(၃) အျပန္အလွန္ စကားေျပာဆိုရာမွာ တက္ညီလက္ညီျဖစ္ဖို႔ အလြန္အေရးပါတယ္။ ပိုျမန္တာလည္း မေကာင္းပါဘူး။ လူေတြဟာ သူတို႔ေျပာစကားကို နားေထာင္ျပီး နားလည္ေပးေစခ်င္တဲ့ ခံစားခ်က္ရိွတာေၾကာင့္ အခ်ိန္ဆြဲထားျပီး ေတာင္းပန္းစကားေျပာမယ္ဆိုရင္ ပိုျပီး စိတ္ေက်နပ္တတ္ၾကပါတယ္။

(၄) တစ္စုံတစ္ခုကို ရည္ရြယ္ခ်က္ရိွရိွ သင္မွားလုပ္လိုက္တာ ေသခ်ာရင္ ေတာင္းပန္စကားမေျပာတာ ပိုျပီးသင့္ေတာ္ပါလိမ့္မယ္။ ရည္ရြယ္ခ်က္နဲ႔ လုပ္လိုက္ျပီး ျပန္ေတာင္းပန္လိုက္တဲ့ စကားက ဆန္႔က်င္ဘက္ အဓိပၸါယ္ သက္ေရာက္သြားႏုိင္ျပီး အမ်ားအားျဖင့္ အေျခအေန ပိုုျပီးဆုိးရြားသြားေစပါတယ္။

ရည္ရြယ္ခ်က္ရိွရိွနဲ႔ ရာဇဝတ္မႈ က်ဴးလြန္မိလို႔ ေတာင္းပန္လိုက္မယ္ဆိုရင္ ဘာမွအ အက်ဳိးသက္ေရာက္မႈရိွမွာ မဟုတ္ပါဘူး။ အဲဒီလို အေျခအေနမွာ ေတာင္းပန္စကားေျ ပာဆိုျခင္းဟာ အျပစ္ဒဏ္ ပုိမိုျပင္းထန္ေစတာေၾကာင့္ ျပဳမႈ က်ဴးလြန္သူအေနနဲ႔ မေတာင္းပန္တာ ပိုေကာင္းပါတယ္။

(၅)သင္ေတာင္းပန္တာ သူတို႔ လက္မခံၾကဘူးလား။ အနည္းငယ္ေဖ်ာင္းဖ်ေျပာဆိုတာ အက်ဳိးရိွေကာင္း ရိွႏုိင္တယ္။ သူတို႔ အမွားတစ္စုံတစ္ခု လုပ္လိုက္မိတဲ့အခ်ိန္မွာ အၾကိမ္ၾကိမ္ သတိေပးခံရျခင္းက လူေတြကို ေတာင္းပန္တာ လက္ခံႏုိင္ဖို႔ နဲ႕ ခြင့္လြတ္နားလည္ခ်င္စိတ္ရိွလာေအာင္ ျပဳလုပ္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Verison

တောင်းပန်သင့်တယ်လို့ ကိုယ်ယူဆထားတဲ့ ကိစ္စရပ်တွေအတွက် တောင်းပန်တဲ့စကားလေးတစ်ခွန်း ဆိုလိုက်တာနဲ့ ကောင်းမွန်သွားတဲ့ အခြေအနေတွေကို သင်ပြန်လည်ရရှိပါလိမ့်မယ်။ ဒါပေမယ့် တောင်းပန်တဲ့အခါ မပြောတတ်၊ မဆိုတတ်တာကြောင့် ပိုဆိုးတဲ့ အခြေအနေမျိုးတွေ ရောက်သွားတတ်တာကြောင့် ဒီလို မဖြစ်အောင် အောက်ကအချက်လေးတွေကို အရင်ဖတ်ကြည့်လိုက်ပါ။

(၁) ကိစ္စတစ်ခုခုကို သင်လုပ်လိုက်မိတဲ့အခါ သင်မှားသွားတယ်လို့ ထင်တဲ့အရာအတွက် တောင်းပန်စကား ဆိုတာထက် တစ်ဖက်လူက သင်မှားတယ်လို့ထင်နေတဲ့  အရာအတွက်သာ တောင်းပန်ပါ။

(၂) အထိရောက်ဆုံး တောင်းပန်စကားဆိုရာမှာ အပိုင်းလေးပိုင်းရှိပါတယ်။ အဲ့ဒါတွေကတော့

- သင်လုပ်ခဲ့မိကြောင်း ဝန်ခံပါ။

- အဖြစ်အပျက်ကို ရှင်းပြပါ။

- စိတ်မကောင်းကြောင်းဖော်ပြပါ။

- အခြေအနေကို တတ်နိုင်သလောက် ပြန်လည်ပြုပြင်ပါ။

(၃) အပြန်အလှန် စကားပြောဆိုရာမှာ တက်ညီလက်ညီဖြစ်ဖို့ အလွန်အရေးပါတယ်။ ပိုမြန်တာလည်း မကောင်းပါဘူး။ လူတွေဟာ သူတို့ပြောစကားကို နားထောင်ပြီး နားလည်ပေးစေချင်တဲ့ ခံစားချက်ရှိတာကြောင့် အချိန်ဆွဲထားပြီး တောင်းပန်းစကားပြောမယ်ဆိုရင် ပိုပြီး စိတ်ကျေနပ်တတ်ကြပါတယ်။

(၄) တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ သင်မှားလုပ်လိုက်တာ သေချာရင် တောင်းပန်စကားမပြောတာ ပိုပြီးသင့်တော်ပါလိမ့်မယ်။ ရည်ရွယ်ချက်နဲ့ လုပ်လိုက်ပြီး ပြန်တောင်းပန်လိုက်တဲ့ စကားက ဆန့်ကျင်ဘက် အဓိပ္ပါယ် သက်ရောက်သွားနိုင်ပြီး အများအားဖြင့် အခြေအနေ ပိုုပြီးဆိုးရွားသွားစေပါတယ်။

ရည်ရွယ်ချက်ရှိရှိနဲ့ ရာဇဝတ်မှု ကျူးလွန်မိလို့ တောင်းပန်လိုက်မယ်ဆိုရင် ဘာမှအ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ အဲဒီလို အခြေအနေမှာ တောင်းပန်စကားေြ ပာဆိုခြင်းဟာ အပြစ်ဒဏ် ပိုမိုပြင်းထန်စေတာကြောင့် ပြုမှု ကျူးလွန်သူအနေနဲ့ မတောင်းပန်တာ ပိုကောင်းပါတယ်။

(၅)သင်တောင်းပန်တာ သူတို့ လက်မခံကြဘူးလား။ အနည်းငယ်ဖျောင်းဖျပြောဆိုတာ အကျိုးရှိကောင်း ရှိနိုင်တယ်။ သူတို့ အမှားတစ်စုံတစ်ခု လုပ်လိုက်မိတဲ့အချိန်မှာ အကြိမ်ကြိမ် သတိပေးခံရခြင်းက လူတွေကို တောင်းပန်တာ လက်ခံနိုင်ဖို့ နဲ့ ခွင့်လွတ်နားလည်ချင်စိတ်ရှိလာအောင် ပြုလုပ်ပေးပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top