Property Expo
×

                       စြန္႔ပစ္ခံခဲ့ရသည့္ ကေလးငယ္ (ဓာတ္ပံု − Yangon Police)

ရန္ကုန္ၿမိဳ႕တြင္ အသက္ (၂၀)အရြယ္ အမ်ဳိးသမီးတစ္ဦးက အငွားယာဥ္ေပၚတြင္ ရက္သားအ ရြယ္ ကေလးငယ္တစ္ဦးကို စြန္႔ပစ္ထြက္ေျပးသည့္အမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အမ်ဳိးသမီးတစ္ဦးသည္ က မာရြတ္ၿမိဳ႕နယ္ လွည္းတန္းစိန္ေဂ ဟာေရွ႕တြင္ အငွားယာဥ္ကို ငွားစီး၍ စမ္းေခ်ာင္းၿမိဳ႕နယ္သို႔ လုိက္ ပုိ႔ခုိင္းၿပီးေနာက္ ကေလးငယ္အားအဆုိပါယာဥ္ေပၚတြင္ စြန္႔ပစ္ခဲ့ ျခင္းျဖစ္ေၾကာင္း ရန္ကုန္အ ေနာက္ပုိင္းခ႐ုိင္ရဲတပ္ဖြဲ႕မွ အရာ ရွိတစ္ဦးကေျပာၾကားသည္။


‘‘ကေလးခ်ီလာတဲ့ အမ်ဳိးသမီးက အသက္(၂၀)၀န္းက်င္ ေလာက္ရွိတယ္လုိ႔ ကားသမားက ေတာ့ေျပာတယ္။ စမ္းေခ်ာင္းမွာရွိတဲ့ အဘြားအိမ္သြားမယ္ဆုိၿပီးကားကို အသြားအျပန္ငွားတယ္။ အဘြားကုိ သြားေခၚလုိက္ဦးမယ္ေျပာၿပီး ျပန္မလာေတာ့ဘဲ ကေလးကို ကားေနာက္ခုံမွာထားခဲ့တာပါ’’ဟု အဆုိပါရဲအရာရွိက ေျပာသည္။

ကေလးငယ္ကို စြန္႔ပစ္ခဲ့ သည့္ အမ်ဳိးသမီးသည္ ေအာက္ တုိဘာ ၁၃ ရက္ ည ၇ နာရီေက်ာ္ တြင္ ကားငွားၿပီးေနာက္ စမ္း ေခ်ာင္းၿမိဳ႕နယ္ ကြၽန္းေတာေျမာက္ရပ္ကြက္ ငွက္ေပ်ာေတာလမ္းသြယ္အတြင္းသုိ႔ ၀င္ေရာက္ၿပီး ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း စမ္းေခ်ာင္းရဲစခန္းမွ ရဲအရာရွိ တစ္ဦးကေျပာသည္။

‘‘ကားသမားကလည္းေစာင့္ ေနရင္း တစ္နာရီေလာက္ၾကာလာ ေတာ့ ပတ္၀န္းက်င္ကိုေမးတယ္။ သူေျပာတဲ့နာမည္နဲ႔ လမ္းမွာမရွိ ေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကေနတစ္ဆင့္ ကြၽန္ေတာ္တုိ႔ကိုအေၾကာင္းၾကားပါတယ္။ အခုစြန္႔ပစ္ခဲ့တဲ့ အမ်ဳိးသမီးကို လုိက္ရွာေနပါတယ္’’ဟု ရဲအရာရွိက ေျပာသည္။

စြန္႔ပစ္ခံရသည့္ ရက္သားအရြယ္ကေလးငယ္မွာ ၁၀ ရက္သား အရြယ္ခန္႔ရွိ ေယာက္်ားေလးျဖစ္ၿပီး ကေလးငယ္ကို ဒဂုံၿမိဳ႕နယ္ရွိ ရန္ကုန္ကေလးေဆး႐ုံႀကီးသို႔ ပုိ႔ေဆာင္၍ ေစာင့္ေရွာက္ေပးထားေၾကာင္း သတင္းရရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ် (ဓာတ်ပုံ − Yangon Police)

ရန်ကုန်မြို့တွင် အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးက အငှားယာဉ်ပေါ်တွင် ရက်သားအ ရွယ် ကလေးငယ်တစ်ဦးကို စွန့်ပစ်ထွက်ပြေးသည့်အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသမီးတစ်ဦးသည် က မာရွတ်မြို့နယ် လှည်းတန်းစိန်ဂေ ဟာရှေ့တွင် အငှားယာဉ်ကို ငှားစီး၍ စမ်းချောင်းမြို့နယ်သို့ လိုက် ပို့ခိုင်းပြီးနောက် ကလေးငယ်အားအဆိုပါယာဉ်ပေါ်တွင် စွန့်ပစ်ခဲ့ ခြင်းဖြစ်ကြောင်း ရန်ကုန်အ နောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ အရာ ရှိတစ်ဦးကပြောကြားသည်။


‘‘ကလေးချီလာတဲ့ အမျိုးသမီးက အသက်(၂၀)ဝန်းကျင် လောက်ရှိတယ်လို့ ကားသမားက တော့ပြောတယ်။ စမ်းချောင်းမှာရှိတဲ့ အဘွားအိမ်သွားမယ်ဆိုပြီးကားကို အသွားအပြန်ငှားတယ်။ အဘွားကို သွားခေါ်လိုက်ဦးမယ်ပြောပြီး ပြန်မလာတော့ဘဲ ကလေးကို ကားနောက်ခုံမှာထားခဲ့တာပါ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ကလေးငယ်ကို စွန့်ပစ်ခဲ့ သည့် အမျိုးသမီးသည် အောက် တိုဘာ ၁၃ ရက် ည ၇ နာရီကျော် တွင် ကားငှားပြီးနောက် စမ်း ချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက် ငှက်ပျောတောလမ်းသွယ်အတွင်းသို့ ဝင်ရောက်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘ကားသမားကလည်းစောင့် နေရင်း တစ်နာရီလောက်ကြာလာ တော့ ပတ်ဝန်းကျင်ကိုမေးတယ်။ သူပြောတဲ့နာမည်နဲ့ လမ်းမှာမရှိ တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ကျွန်တော်တို့ကိုအကြောင်းကြားပါတယ်။ အခုစွန့်ပစ်ခဲ့တဲ့ အမျိုးသမီးကို လိုက်ရှာနေပါတယ်’’ဟု ရဲအရာရှိက ပြောသည်။

စွန့်ပစ်ခံရသည့် ရက်သားအရွယ်ကလေးငယ်မှာ ၁၀ ရက်သား အရွယ်ခန့်ရှိ ယောက်ျားလေးဖြစ်ပြီး ကလေးငယ်ကို ဒဂုံမြို့နယ်ရှိ ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်၍ စောင့်ရှောက်ပေးထားကြောင်း သတင်းရရှိ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top