Property Expo
×




Credit : Duwun


#Unicode Version

ပိုလန်နိုင်ငံမြောက်ပိုင်းက လမ်းလေးတစ်လမ်းဟာ အင်တာနက် သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ ဒီလမ်းလေးဟာ လစ်ဇ်ဘာ့ခ် ဝါမင်စကီဆိုတဲ့ မြို့လေးမှာရှိတာဖြစ်ပြီး တစ်ညလုံးအပြာရောင်လမ်းလေး ဖြစ်နေတာပါ။

နေ့ဘက်မှာ နေရာင်ခြည်စွမ်းအင်ကို ရယူထားပြီး ညဘက်မှာ ပြန်အသုံးပြုတဲ့ နေရောင်ခြည်စွမ်းအင်သုံး လမ်းလေးဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး အားဖြည့်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တဲ့  luminophores ကို အသုံးပြုပြီး ပိုလန်နိုင်ငံကုမ္ပဏီတစ်ခုက တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။

 လမ်းဟာ မီးအမျိုးမျိုးကို လင်းနိုင်ပေမဲ့ တီထွင်သူတွေက အပြာရောင်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လမ်းလေးမှာ စက်ဘီးစီးရတာဟာ ညဘက် ကြယ်တွေကြားထဲ စက်ဘီးနင်းရသလိုပဲလို့ ဆိုကြပါတယ်။ ဒါပေမဲ့ လမ်းလေးဟာ လှပပြီး ရိုမန်တစ်ဆန်သလို ညဘက် စက်ဘီးစီးတဲ့ လူတွေအတွက်လည်း အထူးလုံခြုံစိတ်ချရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top