Kantharyar Centre
×

မီးသင့္မဂၤလာေစ်းကို အေပၚစီးမွ ျမင္ေတြ႕ရပုံ (ဓာတ္ပံု − စိုင္းေဇာ္)
                 

 မီးသင့္ မဂၤလာေဈးႀကီး ဖ်က္သိမ္းရန္ တင္ဒါေအာင္ သည့္ကုမၸဏီကို လာမည့္သီတင္း ပတ္အတြင္း ထုတ္ျပန္ေၾကညာ မည္ျဖစ္ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာႏွင့္ အေဆာက္အအံုဌာနမွ သတင္းရရွိသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၉ ရက္က မီးသင့္ မဂၤလာေဈးႀကီး ဖ်က္သိမ္းရန္ တင္ဒါ ေလွ်ာက္ထားသည့္ ကုမၸဏီ ၂၀ ေက်ာ္ထဲမွ ဆန္ခါတင္က်န္သည့္ ကုမၸဏီ ႏွစ္ခုအနက္ တစ္ခုကိုေအာက္တိုဘာ ေနာက္ဆံုးပတ္ တြင္ ေရြးခ်ယ္မည္ျဖစ္ေၾကာင္း အင္ဂ်င္နီယာႏွင့္ အေဆာက္အ အံုဌာန တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

 ယခုႏွစ္ ဇန္နဝါရီက မီး ေလာင္ကြၽမ္္းခဲ့သည့္ မဂၤလာေဈး ကို ဖ်က္သိမ္းၿပီး အသစ္ျပန္လည္ တည္ေဆာက္ရန္ ၿပီးခဲ့သည့္ စက္ တင္ဘာပထမပတ္က ဖ်က္သိမ္း မည့္ ကုမၸဏီကို တင္ဒါေခၚယူရာ ႏွစ္လအတြင္း ေရြးခ်ယ္ၿပီး ဖ်က္ သိမ္းခြင့္ေပးေတာ့မည္ျဖစ္သည္။

ေနာက္ဆံုး ဆန္ခါတင္အ ျဖစ္ က်န္ရွိသည့္ ဧကရီဖူးႏွင့္ ထြန္းရတနာခင္ကုမၸဏီႏွစ္ခုထဲမွ စည္း စနစ္က်နၿပီး လံုၿခံဳမႈကို ဦးစားေပး မည့္ ကုမၸဏီအား အဓိကေရြးခ်ယ္ မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

ဖ်က္သိမ္းၿပီးေနာက္ ေဈး သစ္ျပန္လည္တည္ေဆာက္ျခင္း ကို ယခုႏွစ္ကုန္တြင္ အျမန္ဆံုး စတင္ႏုိင္ရန္ ေကာ္မတီက ခန္႔ မွန္းထားသည္။

မီးသင့္ မဂၤလာေဈးတြင္ မီး ေလာင္ကြၽမ္းျခင္းခံခဲ့ရသည့္ ဆုိင္ ခန္းပိုင္ရွင္မ်ားအေနျဖင့္ လက္ရွိ တြင္ ျပင္ပ၌ ငွားရမ္းၿပီး ဆုိင္ခန္း ဖြင့္လွစ္ေနရသည့္ စရိတ္ႀကီးမား ေနေသာေၾကာင့္ မဂၤလာေဈးသစ္ ကို အျမန္ဆံုး ျပန္လည္တည္ ေဆာက္ေစလိုသည္။

ဇန္နဝါရီက ဒုတိယအႀကိမ္ ေလာင္ကြၽမ္းခဲ့သည့္ မဂၤလာေဈး မီးေၾကာင့္ ဆုိင္ခန္း ၁,၆၃၆ ခန္း ေလာင္ကြၽမ္းခဲ့သျဖင့္ ပစၥည္းမ်ား ဆံုး႐ႈံးမႈတန္ဖိုးက်ပ္ ၃၁၃,၈၉၄ သိန္း၊ အေဆာက္အအံုဆံုး႐ႈံးမႈ တန္ဖိုး ခန္႔မွန္းေငြက်ပ္ ၄၁,၁၈၄သိန္း၊ လွ်ပ္စစ္ပစၥည္း ဆံုး႐ႈံးမႈ တန္ဖိုးက်ပ္ ၅,၅၂၄ သိန္း စုစုေပါင္း ဆံုး႐ႈံးမႈတန္ဖုိးက်ပ္ ၃၆၀,၆၀၂ သိန္းျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ႏွစ္ႀကိမ္ေျမာက္ မီးေလာင္ ကြၽမ္းသည့္ မဂၤလာေဈးႀကီးကို ႀကံ႕ခိုင္မႈ ရွိ၊ မရွိ ျမန္မာႏုိင္ငံ အင္ဂ်င္နီယာအသင္း အပါအဝင္ ပညာရွင္မ်ားက ျပန္လည္စစ္ေဆးရာ အသစ္ျပန္လည္တည္ေဆာက္ ရန္ အႀကံျပဳခဲ့သည္။

မီးေလာင္ဆံုး႐ႈံးခဲ့သည့္ မဂၤ လာေဈးကို အဆင့္ျမင့္ေဈးသစ္ အျဖစ္ ျပန္လည္တည္ေဆာက္ ေပးရန္ ဦးသိန္းစိန္ အစိုးရလက္ ထက္က သမၼတ၏ သဘာဝေဘး ျပန္လည္ထူေထာင္ေရး ရန္ပံုေငြ ျဖင့္ ေထာက္ပံ့ေပးမည္ဟု ေျပာ ၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မီးသင့်မင်္ဂလာဈေးကို အပေါ်စီးမှ မြင်တွေ့ရပုံ (ဓာတ်ပုံ − စိုင်းဇော်)

 မီးသင့် မင်္ဂလာဈေးကြီး ဖျက်သိမ်းရန် တင်ဒါအောင် သည့်ကုမ္ပဏီကို လာမည့်သီတင်း ပတ်အတွင်း ထုတ်ပြန်ကြေညာ မည်ဖြစ်ဟု ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က မီးသင့် မင်္ဂလာဈေးကြီး ဖျက်သိမ်းရန် တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီ ၂၀ ကျော်ထဲမှ ဆန်ခါတင်ကျန်သည့် ကုမ္ပဏီ နှစ်ခုအနက် တစ်ခုကိုအောက်တိုဘာ နောက်ဆုံးပတ် တွင် ရွေးချယ်မည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 ယခုနှစ် ဇန်နဝါရီက မီး လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် တည်ဆောက်ရန် ပြီးခဲ့သည့် စက် တင်ဘာပထမပတ်က ဖျက်သိမ်း မည့် ကုမ္ပဏီကို တင်ဒါခေါ်ယူရာ နှစ်လအတွင်း ရွေးချယ်ပြီး ဖျက် သိမ်းခွင့်ပေးတော့မည်ဖြစ်သည်။

နောက်ဆုံး ဆန်ခါတင်အ ဖြစ် ကျန်ရှိသည့် ဧကရီဖူးနှင့် ထွန်းရတနာခင်ကုမ္ပဏီနှစ်ခုထဲမှ စည်း စနစ်ကျနပြီး လုံခြုံမှုကို ဦးစားပေး မည့် ကုမ္ပဏီအား အဓိကရွေးချယ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဖျက်သိမ်းပြီးနောက် ဈေး သစ်ပြန်လည်တည်ဆောက်ခြင်း ကို ယခုနှစ်ကုန်တွင် အမြန်ဆုံး စတင်နိုင်ရန် ကော်မတီက ခန့် မှန်းထားသည်။

မီးသင့် မင်္ဂလာဈေးတွင် မီး လောင်ကျွမ်းခြင်းခံခဲ့ရသည့် ဆိုင် ခန်းပိုင်ရှင်များအနေဖြင့် လက်ရှိ တွင် ပြင်ပ၌ ငှားရမ်းပြီး ဆိုင်ခန်း ဖွင့်လှစ်နေရသည့် စရိတ်ကြီးမား နေသောကြောင့် မင်္ဂလာဈေးသစ် ကို အမြန်ဆုံး ပြန်လည်တည် ဆောက်စေလိုသည်။

ဇန်နဝါရီက ဒုတိယအကြိမ် လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး မီးကြောင့် ဆိုင်ခန်း ၁,၆၃၆ ခန်း လောင်ကျွမ်းခဲ့သဖြင့် ပစ္စည်းများ ဆုံးရှုံးမှုတန်ဖိုးကျပ် ၃၁၃,၈၉၄ သိန်း၊ အဆောက်အအုံဆုံးရှုံးမှု တန်ဖိုး ခန့်မှန်းငွေကျပ် ၄၁,၁၈၄သိန်း၊ လျှပ်စစ်ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးကျပ် ၅,၅၂၄ သိန်း စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးကျပ် ၃၆၀,၆၀၂ သိန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နှစ်ကြိမ်မြောက် မီးလောင် ကျွမ်းသည့် မင်္ဂလာဈေးကြီးကို ကြံ့ခိုင်မှု ရှိ၊ မရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အပါအဝင် ပညာရှင်များက ပြန်လည်စစ်ဆေးရာ အသစ်ပြန်လည်တည်ဆောက် ရန် အကြံပြုခဲ့သည်။

မီးလောင်ဆုံးရှုံးခဲ့သည့် မင်္ဂ လာဈေးကို အဆင့်မြင့်ဈေးသစ် အဖြစ် ပြန်လည်တည်ဆောက် ပေးရန် ဦးသိန်းစိန် အစိုးရလက် ထက်က သမ္မတ၏ သဘာဝဘေး ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ဖြင့် ထောက်ပံ့ပေးမည်ဟု ပြော ကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top