Kantharyar Centre
×

ေအာက္တိုဘာ ၁၄ ရက္ မွာ ဘန္ေကာက္တစ္ၿမိဳ႕လံုး ဝမ္းနည္းေၾကကြဲမႈ ခံစားခ်က္က အရိပ္မည္းတစ္ခု လို အုပ္မိုးေနပါတယ္။

အဲဒီမတိုင္ခင္ တစ္ရက္မွာ ကံ ေတာ္ကုန္သြားတဲ့ ထုိင္းဘုရင္ ဘူ မိေဘာ အဒူယာဒက္ရဲ႕ ႐ုပ္အ ေလာင္းကို သီရိရာဇာေဆး႐ံုက ေန ျမဘုရားကို သယ္ယူမယ့္ လမ္း ေၾကာင္းတစ္ေလွ်ာက္ ျပည္သူ ေတြက တန္းစီေစာင့္ဆိုင္းရင္း ၿငိမ္သက္ေနခဲ့တယ္။ ဝမ္းနည္း ျခင္း အထိမ္းအမွတ္ကို ဖြင့္ဆို တဲ့ အနက္ေရာင္ေတြက ဘန္ ေကာက္ တစ္ၿမိဳ႕လံုးကို ျခယ္သ ေနသလိုပါပဲ။ တစ္ႏုိင္ငံလံုးမွာ လည္း ထုိင္းအလံေတြကို တိုင္ တစ္ဝက္ ႏွိမ့္ခ်ၿပီး လႊင့္ထူထား တယ္။ ထိုင္းျပည္သူေတြရဲ႕ စိတ္ အေတြးမွာ ဝမ္းနည္းေၾကကြဲမႈအ ျပင္ တျခားအာ႐ံုတစ္ခုကလည္း မသိမသာ ကပ္ၿငိေနပါတယ္။ အဲ ဒါေတာ့ မေရရာ မေသခ်ာျခင္း ဆိုတာပါပဲ။

သက္ေတာ္ (၈၈) ႏွစ္အရြယ္ မွာ ကံေတာ္ကုန္သြားတဲ့ ဘုရင္ ႀကီး ဘူမိေဘာဟာ ထိုင္းျပည္သူ ေတြရဲ႕ စစ္မွန္တဲ့ ဖခင္တစ္ဦးလုိ႔ တင္စားခံရေလာက္ေအာင္ မင္း ေကာင္းမင္းျမတ္တစ္ပါး ျဖစ္ခဲ့ပါ တယ္။ စည္းမ်ဥ္းခံ ဘုရင္စနစ္အ ရ ဘူမိေဘာဟာ ႏုိင္ငံေရးအာ ဏာကို ပါဝင္ခ်ဳပ္ကိုင္ပိုင္ခြင့္မရွိ ပါဘူး။ ဒါေပမဲ့ သူ႔ရဲ႕ နန္းစံသက္ ႏွစ္ (၇၀) အတြင္းမွာ ထုိင္းရဲ႕ အႀကီးမားဆံုး ႏုိင္ငံေရးပံုရိပ္တစ္ခု သဖြယ္ ျဖစ္ခဲ့တယ္။ ထုိင္းမွာ ႏုိင္ငံေရး အျမင္ကြဲျပားမႈေတြ၊ ပဋိ ပကၡေတြ ေပၚေပါက္လာတဲ့ အခ်ိန္ တိုင္း ဘုရင္ရဲ႕ စကားတစ္ခြန္းနဲ႔ ဝင္ထိန္းသိမ္းလိုက္ရင္ ကိစၥၿငိမ္း တယ္။ ဘူမိေဘာဟာ အဲဒီေလာက္ ထိ ထုိင္းျပည္သူေတြအေပၚမွာ ဩဇာေညာင္းခဲ့ၿပီး ၾကည္ညိဳေလး စား ခံခဲ့ရသူပါ။ အခုေတာ့ ဘုရင္ ႀကီး ကံေတာ္ကုန္သြားပါၿပီ။ လူ႔ ေလာကကို သူေက်ာခုိင္းသြားခ်ိန္ က တိုက္တိုက္ဆိုင္ဆိုင္ပဲ ထိုင္း ႏုိင္ငံေရး စပ္ကူးမပ္ကူးကာလ တစ္ခုလည္း ျဖစ္ေနတယ္။

အခုေတာ့ ေမးခြန္းထုတ္ စရာ ျဖစ္လာတာက အာဏာသိမ္း ယူ အုပ္ခ်ဳပ္ေနတဲ့ စစ္အစိုးရနဲ႔ ၿပိဳင္ဘက္ ႏုိင္ငံေရး ပါတီေတြ ၾကား ဘယ္လုိဆက္ၿပီး စခန္းသြား ၾကမွာလဲ။ အရင္လို ပဋိပကၡေတြ ျဖစ္ေပၚလာရင္ေကာ ဘယ္သူက ထိန္းညႇိေပးမွာလဲ ဆိုတာပါပဲ။ စည္းမ်ဥ္းခံ ဘုရင္ျဖစ္ေပမယ့္ အ စိုးရနဲ႔ စစ္ဘက္ အႀကီးအကဲေတြ ကို ထိုင္းဘုရင္က သူေကာင္းျပဳ ခန္႔အပ္ေပးရတဲ့ အခြင့္အာဏာ ရွိပါတယ္။ ထိုင္းျပည္သူေတြက လည္း အဲဒီလို အႀကီးအကဲေတြကို ႏွစ္သက္သည္ျဖစ္ေစ၊ မႏွစ္သက္ သည္ျဖစ္ေစ ဘုရင္က အသိအ မွတ္ ျပဳထားတယ္ဆိုရင္ ဖီဆန္ အာခံေလ့ မရွိဘူး။ အခုေတာ့ မေရရာမႈေတြက အမ်ားႀကီး ျဖစ္ လာပါၿပီ။ ဘူမိေဘာဟာ ထုိင္း ႏုိင္ငံရဲ႕ အမ်ိဳးသားစည္းလံုးညီ ၫြတ္မႈ သေကၤတတစ္ရပ္လည္း ျဖစ္ခဲ့ပါတယ္။ အဲဒီသေကၤတဟာ အခုေတာ့ ၿပိဳလဲသြားပါၿပီ။ ဒီေတာ့ ထုိင္းရဲ႕ အနာဂတ္ဟာ ဘယ္ ဘက္ကို ယိမ္းေလမလဲ စိတ္ဝင္ စားစရာပါပဲ။

နန္းေမြခံပုဂၢိဳလ္

ထိုင္းအာဏာသိမ္း စစ္အစိုး ရ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အို ခ်ာက ဘုရင္ႀကီးရဲ႕ အ႐ိုက္အရာ ကို ဆက္ခံမယ့္သူကို ေရြးခ်ယ္အ တည္ျပဳၿပီး ျဖစ္တယ္လုိ႔ ေၾကညာ ပါတယ္။ ဘယ္သူဘယ္ဝါဆိုတာ ကိုေတာ့ တရားဝင္ထုတ္ မေျပာ ေသးပါဘူး။ ဒါေပမဲ့ ၁၉၇၂ ခုႏွစ္ ကတည္းက ဘူမိေဘာကိုယ္တိုင္ အိမ္ေရွ႕မင္းသားအရာ အပ္ႏွင္း ထားတဲ့ အသက္ (၆၄) ႏွစ္အ ရြယ္ မင္းသားႀကီး မဟာဗာဂ်ီရာ ေလာင္ကြန္က ထိုင္းဘုရင္ ျဖစ္ လာမယ္လုိ႔ သတင္းေတြ ခုိင္ခုိင္ မာမာ ထြက္ေပၚေနပါတယ္။

ျပႆနာက ထုိင္းျပည္သူ ေတြအေနနဲ႔ အိမ္ေရွ႕မင္းသား ကို အင္မတန္ ရြံမုန္းေနတယ္ဆို တဲ့ အခ်က္ပါပဲ။ ဘူမိေဘာကို ျပည္သူေတြ ခ်စ္သေလာက္ အ က်င့္စာရိတၱ ဆိုးသြမ္းၿပီး မိန္းမ မႈ ေပြလြန္းတဲ့ ဗာဂ်ီရာေလာင္ကြန္ ကိုေတာ့ ေအာ့ေၾကာလန္ၾကပါ တယ္။

ဗာဂ်ီရာေလာင္ကြန္ကလည္း ဥေရာပမွာ အေနမ်ားၿပီး လူ႔ေဘာ္ ေက်ာ့ ပေလးဘြိဳင္း တစ္ေယာက္ ရဲ႕ လူေနမႈ စ႐ိုက္ကို ခံုမင္သူပါ။ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာ ထုိင္း နန္းေတာ္က ဘူမိေဘာရဲ႕ က်န္း မာေရး မတည္မၿငိမ္ ျဖစ္လာ ေၾကာင္း ေၾကညာခဲ့တဲ့ေနာက္ ဗာဂ်ီရာေလာင္ကြန္လည္း ဘန္ ေကာက္ကို ျပန္လာတယ္။

အခုေတာ့ သူဟာ ထိုင္းဘုရင္ အျဖစ္ ဆက္ခံဖုိ႔ အရမ္းနီးစပ္ေန ပါၿပီ။ ထိုင္းမွာ ျပင္ဆင္ေရးဆြဲ ထားတဲ့ ဥပေဒသစ္အရ လႊတ္ ေတာ္အေနနဲ႔ ဗာဂ်ီရာေလာင္ကြန္ ရဲ႕ ဘုရင္ျဖစ္ခြင့္ကို ျငင္းဆန္ၿပီး ျပည္သူလူထု ခ်စ္ျမတ္ႏိုးတဲ့ သမီး ႀကီး သီရိဒံုကို ထီးနန္းလႊဲေပးခြင့္ ရွိပါတယ္။ ဒါေပမဲ့ လတ္တေလာ အေနအထားအရေတာ့ ဗာဂ်ီရာ ေလာင္ကြန္ပဲ ဖခင္ရဲ႕ အ႐ိုက္အ ရာကို ဆက္ခံပါလိမ့္မယ္။ အဲဒီ အတုိင္း ျဖစ္လာရင္ ထုိင္းႏုိင္ငံေရး အတြက္ ရင္ေလးစရာပါ။ ဗာဂ်ီရာ ေလာင္ကြန္ဟာ ဘူမိေဘာရဲ႕ ဩ ဇာမ်ိဳး ဘယ္လိုမွ တည္ေဆာက္ ႏုိင္မယ့္သူ မဟုတ္တာေၾကာင့္ ျပည္တြင္းပဋိပကၡေတြ ေပၚေပါက္ လာရင္ ထုိင္းျပည္သူေတြအေနနဲ႔ ဘုရင္သစ္ကို အားကိုးႏုိင္မယ့္ လမ္းမျမင္ပါဘူး။

အစိုးရရဲ႕ သေဘာထား

လက္ရွိ စစ္အစိုးရရဲ႕ သ ေဘာထားကလည္း ထိုင္းရဲ႕ အ နာဂတ္မွာ အေလးအနက္ ထည့္ စဥ္းစားရမယ့္ ႐ႈေထာင့္တစ္ခုအ ျဖစ္ ပါဝင္ေနပါတယ္။ အာဏာ သိမ္းၿပီးတဲ့ေနာက္ ကိုယ့္ကိုယ္ ကိုယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္ ခဲ့တဲ့ စစ္တပ္အႀကီးအကဲေဟာင္း ပရာယြတ္ဟာ ဘုရင္ရဲ႕ ေကာင္း ခ်ီးေပး ေထာက္ခံမႈေၾကာင့္ အ တိုက္အခံေတြကို အေတာ္ႀကီး ဦးခ်ိဳးထားႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ထုိင္းႏုိင္ငံေရးမွာ စစ္တပ္ရဲ႕ စြက္ ဖက္မႈကို ျပည္သူေတြက မလိုလား ၾကတာ ေမးခြန္းထုတ္စရာကိစၥမ်ိဳး မဟုတ္ပါဘူး။ စစ္တပ္က အာဏာ သိမ္းယူမႈဟာ ႏိုင္ငံေရးေရေပၚဆီ အသိုက္အဝန္းအတြက္ ေအာင္ပြဲ ျဖစ္လာေပမယ့္ တက္သစ္စအ ေတြးအျမင္သစ္ ႏုိင္ငံေရးသမား ေတြရဲ႕ ေျခလွမ္းကို ႐ိုက္ခ်ိဳးသလို ျဖစ္ခဲ့ပါတယ္။

ဩဂုတ္မွာေတာ့ ထုိင္းစစ္အ စိုးရဟာ စစ္တပ္ဩဇာကို သက္ တမ္းရွည္ေစမယ္လုိ႔ ေဝဖန္ခံထား ရတဲ့ အေျခခံဥပေဒသစ္ကို ျပည္ လံုးကၽြတ္ ဆႏၵခံယူပြဲ ရလဒ္တစ္ခု ကို အေျချပဳၿပီး ျပ႒ာန္းခဲ့ပါတယ္။ အက်ိဳးဆက္အေနနဲ႔ ေနာက္ထပ္ ႏွစ္အပိုင္းအျခား တစ္ခုေလာက္ မွာ ႏုိင္ငံေရး ပါတီေတြရဲ႕ လုပ္ပိုင္ ခြင့္ကို ကန္႔သတ္ၿပီး စစ္တပ္က ႏုိင္ငံေရးမွာ ပိုၿပီး ေျခကုပ္ၿမဲေန ေတာ့မွာပါ။ ဒီေတာ့ ဘူမိေဘာ မရွိေတာ့တဲ့ အခ်ိန္မွာ စစ္တပ္ရဲ႕ ဩဇာအာဏာကို စိန္ေခၚႏိုင္မယ့္ တကယ့္အင္အားစုမ်ိဳး လက္ဆုပ္ လက္ကိုင္ျပႏုိင္စရာ မရွိေတာ့ပါ ဘူး။ သီရိဒံုဟာ ျပည္သူလူထုရဲ႕ ခ်စ္ျမတ္ႏိုးမႈကို ခံယူခြင့္ ရထားတဲ့ ေတာ္ဝင္ေသြးပါ။ ဒါေပမဲ့ အပ်ိဳ ႀကီးျဖစ္ေနတဲ့အတြက္ နန္းဆက္ ျပတ္မွာကို စိတ္ပူစရာ ျဖစ္ေန ျပန္တယ္။

စစ္တပ္အေနနဲ႔ကေတာ့ ထိုင္းေတာ္ဝင္ မိသားစုအေပၚ ႐ိုေသေလးစားေၾကာင္း ဘယ္ ေလာက္ပဲ ဟန္ျပရပ္တည္ေနပါ ေစ၊ ျပည္သူမုန္းတဲ့ ဘုရင္မ်ိဳးကို နန္းတင္ေပးထားျခင္းဟာ သူတို႔ ရဲ႕ ႏုိင္ငံေရး ဩဇာကို အေရာင္ တင္ႏုိင္ဖုိ႔ ပိုအခြင့္သာေစမယ္လုိ႔ ျမင္ပါလိမ့္မယ္။

ဘာေတြဆက္ျဖစ္လာမလဲ

ဒီေန႔ေခတ္မွာ ႏုိင္ငံေရးနဲ႔ စီး ပြားေရးဟာ ဆက္ႏႊယ္မႈေတြ အ မ်ားႀကီး ရွိလာပါၿပီ။ ထုိင္းရဲ႕ ေခါင္း ေဆာင္ေကာင္း တစ္ေယာက္ကို ဆံုး႐ံႈးသြားျခင္းဟာ ထုိင္းစီးပြား ေရးအေပၚ ယံုၾကည္မႈ ေလ်ာ့က် သြားေစဖုိ႔ လံုေလာက္တဲ့ အ ေၾကာင္းျပခ်က္ တစ္ခုပါပဲ။ ဘူမိ ေဘာ ကံေတာ္ကုန္တဲ့ သတင္း ထြက္ေပၚလာၿပီး နာရီပိုင္းအတြင္း ထုိင္းဘတ္ေငြ တန္ဖိုးက်သြား တယ္။ ပရာယြတ္က ဘူမိေဘာ ကြယ္လြန္မႈ သတင္းကို တရားဝင္ ထုတ္ျပန္ေၾကညာၿပီးတဲ့ေနာက္ နန္းေမြခံ ပုဂၢိဳလ္အေနနဲ႔ စ်ာပန ကိစၥေတြ ၿပီးတဲ့ထိ နန္းတက္မယ့္ ကိစၥကို ဆိုင္းငံ့ထားဖို႔ ဆံုးျဖတ္ ထားေၾကာင္းလည္း အတည္ျပဳခဲ့ ပါတယ္။

ထိုင္းမွာက တင္းတင္းက်ပ္ က်ပ္ ျပ႒ာန္းထားတဲ့ သံမဏိ စည္းကမ္းတစ္ခု ရွိပါတယ္။ အဲဒါ ကေတာ့ ေတာ္ဝင္မိသားစုကို ေဝ ဖန္တဲ့၊ အပုပ္ခ်တဲ့ ကိစၥတုိင္းဟာ ရာဇဝတ္မႈေျမာက္ၿပီး ေထာင္က် မယ့္ ကိစၥပါပဲ။ ထိုင္းျပည္သူေတြ အေနနဲ႔ကေတာ့ သူတို႔ ခ်စ္ျမတ္ႏိုး တဲ့ ဘုရင္ႀကီးကို ဆံုး႐ံႈးလိုက္ရတဲ့ အတြက္ ပူေဆြးေသာက ေရာက္ ေနသလို ေ႐ွ႕လာမယ့္ အနာဂတ္ မွာ သူတို႔ မႏွစ္ၿမိဳ႕တဲ့ ဗာဂ်ီရာ ေလာင္ကြန္တစ္ေယာက္ ပလႅင္ ေပၚ အခံ့သားတက္ထုိင္ေနမယ့္ ကိစၥကို ေတြးေတာၿပီး စိတ္ေမာ ေန မွာ အမွန္ပါပဲ။ ဒါေပမဲ့ ဥပေဒ ျပ႒ာန္းခ်က္အရ ဒီကိစၥကိုေတာ့ ေပၚေပၚထင္ထင္ ထုတ္ေျပာၾက မွာ မဟုတ္ပါဘူး။

‘‘ဘုရင္ႀကီးက တစ္ႏုိင္ငံလံုး ရဲ႕ အသည္းႏွလံုးလို႔ေတာင္ဆုိႏုိင္ ပါတယ္။ သူမရွိေတာ့တဲ့အခါ အ ရာရာ ယိမ္းယိုင္တုန္လႈပ္ေနပါ တယ္။ ဘာကို ယံုၾကည္ရမယ္ မွန္းေတာင္ မသိေတာ့ပါဘူး’’ လုိ႔

ဘန္ေကာက္ၿမိဳ႕ခံ တစ္ေယာက္ ျဖစ္တဲ့ အသက္ (၅၃) ႏွစ္အ ရြယ္ ဆူသပ္ကြန္ယမ္းက ေျပာပါ တယ္။ တကယ္ေတာ့ ဆူသပ္လုိပဲ ထုိင္းႏုိင္ငံသား အမ်ားစုလည္း ခံစားေနၾကရမွာ ေသခ်ာပါတယ္။

မေသခ်ာျခင္းမ်ားနဲ႔အတူ

ထိုင္းမွာက အိမ္တိုင္း၊ ႐ံုး တိုင္း၊ ေက်ာင္းတိုင္းလိုလို ဘူမိ ေဘာရဲ႕ ဓာတ္ပံုေတြကို ခ်ိတ္ထား ေလ့ ရွိပါတယ္။ ဒါက မလုပ္မျဖစ္ သေဘာမ်ိဳး မဟုတ္ဘဲ ျပည္သူ ေတြ ကိုယ္တိုင္က လိုလိုလားလား လုပ္ေဆာင္ၾကတဲ့ ကိစၥတစ္ခုပါ။ ထိုင္းျပည္သူေတြအတြက္က ေတာ့ သူတို႔ဘုရင္ဟာ သူတို႔ ေလး စားအားထားရတဲ့ အိမ္သားတစ္ ေယာက္၊ အိမ္ဦးနတ္ တစ္ ေယာက္လုိကို စိတ္ထဲမွာ တြယ္ တာေနခဲ့တာ ျဖစ္ပါတယ္။ အခု ေတာ့ ဘူမိေဘာ မရွိေတာ့ပါဘူး။

‘‘ဘာကိုမွန္းမသိ ေတြး ေၾကာက္ေနမိတယ္။ ဘာေတြျဖစ္ လာဦးမလဲ ဆိုတာကိုလည္း ေလွ်ာက္ေတြးေနမိတယ္။ အခု ေတာ့ အိမ္ျပန္ရမွာကိုေတာင္ ေၾကာက္ေနသလိုပဲ’’ လုိ႔ ဘုရင္ႀကီး ကံေတာ္ကုန္ရာ ေဆး႐ံုေရွ႕ကေန လွည့္ျပန္လာတဲ့ အသက္ (၆၄) ႏွစ္အရြယ္ ဂ်ီရာဝပ္ ဝါယာဖြန္က ေျပာပါတယ္။

ဘူမိေဘာဟာ အသက္ (၁၈) ႏွစ္မွာ ဘုရင္ျဖစ္လာတဲ့ေနာက္ ျပည္သူခ်စ္တဲ့ မင္းေကာင္းမင္း ျမတ္ တစ္ပါးအေနနဲ႔ ႏွစ္ေပါင္း မ်ားစြာ စိုးစံခဲ့ၿပီး အခုေတာ့ သူခ်စ္ တဲ့ ႏိုင္ငံကို ေက်ာခုိင္းစြန္႔ခြာသြား ပါၿပီ။ ထိုင္းျပည္သူေတြ အေနနဲ႔ ကေတာ့ အာဏာကို ဆုပ္ကိုင္ ထားဆဲ စစ္အစိုးရတစ္ရပ္၊ မ တည္ၿငိမ္မႈေတြ ကိန္းေအာင္းေန ဆဲ ႏုိင္ငံေရး ပတ္ဝန္းက်င္နဲ႔ မခ်စ္ မႏွစ္သက္သူ ဘုရင္သစ္တစ္ပါး တို႔ သံုးပြင့္ဆိုင္ ေပါင္းဆံုလာမယ့္ အနာဂတ္ကို ေတြးေတာရင္း မေရ မရာ အေတြးေတြနဲ႔အတူ ရင္ေမာ ေနၾကမွာ ေသခ်ာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အောက်တိုဘာ ၁၄ ရက် မှာ ဘန်ကောက်တစ်မြို့လုံး ဝမ်းနည်းကြေကွဲမှု ခံစားချက်က အရိပ်မည်းတစ်ခု လို အုပ်မိုးနေပါတယ်။

အဲဒီမတိုင်ခင် တစ်ရက်မှာ ကံ တော်ကုန်သွားတဲ့ ထိုင်းဘုရင် ဘူ မိဘော အဒူယာဒက်ရဲ့ ရုပ်အ လောင်းကို သီရိရာဇာဆေးရုံက နေ မြဘုရားကို သယ်ယူမယ့် လမ်း ကြောင်းတစ်လျှောက် ပြည်သူ တွေက တန်းစီစောင့်ဆိုင်းရင်း ငြိမ်သက်နေခဲ့တယ်။ ဝမ်းနည်း ခြင်း အထိမ်းအမှတ်ကို ဖွင့်ဆို တဲ့ အနက်ရောင်တွေက ဘန် ကောက် တစ်မြို့လုံးကို ခြယ်သ နေသလိုပါပဲ။ တစ်နိုင်ငံလုံးမှာ လည်း ထိုင်းအလံတွေကို တိုင် တစ်ဝက် နှိမ့်ချပြီး လွှင့်ထူထား တယ်။ ထိုင်းပြည်သူတွေရဲ့ စိတ် အတွေးမှာ ဝမ်းနည်းကြေကွဲမှုအ ပြင် တခြားအာရုံတစ်ခုကလည်း မသိမသာ ကပ်ငြိနေပါတယ်။ အဲ ဒါတော့ မရေရာ မသေချာခြင်း ဆိုတာပါပဲ။

သက်တော် (၈၈) နှစ်အရွယ် မှာ ကံတော်ကုန်သွားတဲ့ ဘုရင် ကြီး ဘူမိဘောဟာ ထိုင်းပြည်သူ တွေရဲ့ စစ်မှန်တဲ့ ဖခင်တစ်ဦးလို့ တင်စားခံရလောက်အောင် မင်း ကောင်းမင်းမြတ်တစ်ပါး ဖြစ်ခဲ့ပါ တယ်။ စည်းမျဉ်းခံ ဘုရင်စနစ်အ ရ ဘူမိဘောဟာ နိုင်ငံရေးအာ ဏာကို ပါဝင်ချုပ်ကိုင်ပိုင်ခွင့်မရှိ ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ နန်းစံသက် နှစ် (၇၀) အတွင်းမှာ ထိုင်းရဲ့ အကြီးမားဆုံး နိုင်ငံရေးပုံရိပ်တစ်ခု သဖွယ် ဖြစ်ခဲ့တယ်။ ထိုင်းမှာ နိုင်ငံရေး အမြင်ကွဲပြားမှုတွေ၊ ပဋိ ပက္ခတွေ ပေါ်ပေါက်လာတဲ့ အချိန် တိုင်း ဘုရင်ရဲ့ စကားတစ်ခွန်းနဲ့ ဝင်ထိန်းသိမ်းလိုက်ရင် ကိစ္စငြိမ်း တယ်။ ဘူမိဘောဟာ အဲဒီလောက် ထိ ထိုင်းပြည်သူတွေအပေါ်မှာ ဩဇာညောင်းခဲ့ပြီး ကြည်ညိုလေး စား ခံခဲ့ရသူပါ။ အခုတော့ ဘုရင် ကြီး ကံတော်ကုန်သွားပါပြီ။ လူ့ လောကကို သူကျောခိုင်းသွားချိန် က တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုင်း နိုင်ငံရေး စပ်ကူးမပ်ကူးကာလ တစ်ခုလည်း ဖြစ်နေတယ်။

အခုတော့ မေးခွန်းထုတ် စရာ ဖြစ်လာတာက အာဏာသိမ်း ယူ အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ပြိုင်ဘက် နိုင်ငံရေး ပါတီတွေ ကြား ဘယ်လိုဆက်ပြီး စခန်းသွား ကြမှာလဲ။ အရင်လို ပဋိပက္ခတွေ ဖြစ်ပေါ်လာရင်ကော ဘယ်သူက ထိန်းညှိပေးမှာလဲ ဆိုတာပါပဲ။ စည်းမျဉ်းခံ ဘုရင်ဖြစ်ပေမယ့် အ စိုးရနဲ့ စစ်ဘက် အကြီးအကဲတွေ ကို ထိုင်းဘုရင်က သူကောင်းပြု ခန့်အပ်ပေးရတဲ့ အခွင့်အာဏာ ရှိပါတယ်။ ထိုင်းပြည်သူတွေက လည်း အဲဒီလို အကြီးအကဲတွေကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေ ဘုရင်က အသိအ မှတ် ပြုထားတယ်ဆိုရင် ဖီဆန် အာခံလေ့ မရှိဘူး။ အခုတော့ မရေရာမှုတွေက အများကြီး ဖြစ် လာပါပြီ။ ဘူမိဘောဟာ ထိုင်း နိုင်ငံရဲ့ အမျိုးသားစည်းလုံးညီ ညွတ်မှု သင်္ကေတတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီသင်္ကေတဟာ အခုတော့ ပြိုလဲသွားပါပြီ။ ဒီတော့ ထိုင်းရဲ့ အနာဂတ်ဟာ ဘယ် ဘက်ကို ယိမ်းလေမလဲ စိတ်ဝင် စားစရာပါပဲ။

နန်းမွေခံပုဂ္ဂိုလ်

ထိုင်းအာဏာသိမ်း စစ်အစိုး ရ ဝန်ကြီးချုပ် ပရာယွတ်ချန်အို ချာက ဘုရင်ကြီးရဲ့ အရိုက်အရာ ကို ဆက်ခံမယ့်သူကို ရွေးချယ်အ တည်ပြုပြီး ဖြစ်တယ်လို့ ကြေညာ ပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ ကိုတော့ တရားဝင်ထုတ် မပြော သေးပါဘူး။ ဒါပေမဲ့ ၁၉၇၂ ခုနှစ် ကတည်းက ဘူမိဘောကိုယ်တိုင် အိမ်ရှေ့မင်းသားအရာ အပ်နှင်း ထားတဲ့ အသက် (၆၄) နှစ်အ ရွယ် မင်းသားကြီး မဟာဗာဂျီရာ လောင်ကွန်က ထိုင်းဘုရင် ဖြစ် လာမယ်လို့ သတင်းတွေ ခိုင်ခိုင် မာမာ ထွက်ပေါ်နေပါတယ်။

ပြဿနာက ထိုင်းပြည်သူ တွေအနေနဲ့ အိမ်ရှေ့မင်းသား ကို အင်မတန် ရွံမုန်းနေတယ်ဆို တဲ့ အချက်ပါပဲ။ ဘူမိဘောကို ပြည်သူတွေ ချစ်သလောက် အ ကျင့်စာရိတ္တ ဆိုးသွမ်းပြီး မိန်းမ မှု ပွေလွန်းတဲ့ ဗာဂျီရာလောင်ကွန် ကိုတော့ အော့ကြောလန်ကြပါ တယ်။

ဗာဂျီရာလောင်ကွန်ကလည်း ဥရောပမှာ အနေများပြီး လူ့ဘော် ကျော့ ပလေးဘွိုင်း တစ်ယောက် ရဲ့ လူနေမှု စရိုက်ကို ခုံမင်သူပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိုင်း နန်းတော်က ဘူမိဘောရဲ့ ကျန်း မာရေး မတည်မငြိမ် ဖြစ်လာ ကြောင်း ကြေညာခဲ့တဲ့နောက် ဗာဂျီရာလောင်ကွန်လည်း ဘန် ကောက်ကို ပြန်လာတယ်။

အခုတော့ သူဟာ ထိုင်းဘုရင် အဖြစ် ဆက်ခံဖို့ အရမ်းနီးစပ်နေ ပါပြီ။ ထိုင်းမှာ ပြင်ဆင်ရေးဆွဲ ထားတဲ့ ဥပဒေသစ်အရ လွှတ် တော်အနေနဲ့ ဗာဂျီရာလောင်ကွန် ရဲ့ ဘုရင်ဖြစ်ခွင့်ကို ငြင်းဆန်ပြီး ပြည်သူလူထု ချစ်မြတ်နိုးတဲ့ သမီး ကြီး သီရိဒုံကို ထီးနန်းလွှဲပေးခွင့် ရှိပါတယ်။ ဒါပေမဲ့ လတ်တလော အနေအထားအရတော့ ဗာဂျီရာ လောင်ကွန်ပဲ ဖခင်ရဲ့ အရိုက်အ ရာကို ဆက်ခံပါလိမ့်မယ်။ အဲဒီ အတိုင်း ဖြစ်လာရင် ထိုင်းနိုင်ငံရေး အတွက် ရင်လေးစရာပါ။ ဗာဂျီရာ လောင်ကွန်ဟာ ဘူမိဘောရဲ့ ဩ ဇာမျိုး ဘယ်လိုမှ တည်ဆောက် နိုင်မယ့်သူ မဟုတ်တာကြောင့် ပြည်တွင်းပဋိပက္ခတွေ ပေါ်ပေါက် လာရင် ထိုင်းပြည်သူတွေအနေနဲ့ ဘုရင်သစ်ကို အားကိုးနိုင်မယ့် လမ်းမမြင်ပါဘူး။

အစိုးရရဲ့ သဘောထား

လက်ရှိ စစ်အစိုးရရဲ့ သ ဘောထားကလည်း ထိုင်းရဲ့ အ နာဂတ်မှာ အလေးအနက် ထည့် စဉ်းစားရမယ့် ရှုထောင့်တစ်ခုအ ဖြစ် ပါဝင်နေပါတယ်။ အာဏာ သိမ်းပြီးတဲ့နောက် ကိုယ့်ကိုယ် ကိုယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် ခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ဟာ ဘုရင်ရဲ့ ကောင်း ချီးပေး ထောက်ခံမှုကြောင့် အ တိုက်အခံတွေကို အတော်ကြီး ဦးချိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့ စွက် ဖက်မှုကို ပြည်သူတွေက မလိုလား ကြတာ မေးခွန်းထုတ်စရာကိစ္စမျိုး မဟုတ်ပါဘူး။ စစ်တပ်က အာဏာ သိမ်းယူမှုဟာ နိုင်ငံရေးရေပေါ်ဆီ အသိုက်အဝန်းအတွက် အောင်ပွဲ ဖြစ်လာပေမယ့် တက်သစ်စအ တွေးအမြင်သစ် နိုင်ငံရေးသမား တွေရဲ့ ခြေလှမ်းကို ရိုက်ချိုးသလို ဖြစ်ခဲ့ပါတယ်။

ဩဂုတ်မှာတော့ ထိုင်းစစ်အ စိုးရဟာ စစ်တပ်ဩဇာကို သက် တမ်းရှည်စေမယ်လို့ ဝေဖန်ခံထား ရတဲ့ အခြေခံဥပဒေသစ်ကို ပြည် လုံးကျွတ် ဆန္ဒခံယူပွဲ ရလဒ်တစ်ခု ကို အခြေပြုပြီး ပြဋ္ဌာန်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ နောက်ထပ် နှစ်အပိုင်းအခြား တစ်ခုလောက် မှာ နိုင်ငံရေး ပါတီတွေရဲ့ လုပ်ပိုင် ခွင့်ကို ကန့်သတ်ပြီး စစ်တပ်က နိုင်ငံရေးမှာ ပိုပြီး ခြေကုပ်မြဲနေ တော့မှာပါ။ ဒီတော့ ဘူမိဘော မရှိတော့တဲ့ အချိန်မှာ စစ်တပ်ရဲ့ ဩဇာအာဏာကို စိန်ခေါ်နိုင်မယ့် တကယ့်အင်အားစုမျိုး လက်ဆုပ် လက်ကိုင်ပြနိုင်စရာ မရှိတော့ပါ ဘူး။ သီရိဒုံဟာ ပြည်သူလူထုရဲ့ ချစ်မြတ်နိုးမှုကို ခံယူခွင့် ရထားတဲ့ တော်ဝင်သွေးပါ။ ဒါပေမဲ့ အပျို ကြီးဖြစ်နေတဲ့အတွက် နန်းဆက် ပြတ်မှာကို စိတ်ပူစရာ ဖြစ်နေ ပြန်တယ်။

စစ်တပ်အနေနဲ့ကတော့ ထိုင်းတော်ဝင် မိသားစုအပေါ် ရိုသေလေးစားကြောင်း ဘယ် လောက်ပဲ ဟန်ပြရပ်တည်နေပါ စေ၊ ပြည်သူမုန်းတဲ့ ဘုရင်မျိုးကို နန်းတင်ပေးထားခြင်းဟာ သူတို့ ရဲ့ နိုင်ငံရေး ဩဇာကို အရောင် တင်နိုင်ဖို့ ပိုအခွင့်သာစေမယ်လို့ မြင်ပါလိမ့်မယ်။

ဘာတွေဆက်ဖြစ်လာမလဲ

ဒီနေ့ခေတ်မှာ နိုင်ငံရေးနဲ့ စီး ပွားရေးဟာ ဆက်နွှယ်မှုတွေ အ များကြီး ရှိလာပါပြီ။ ထိုင်းရဲ့ ခေါင်း ဆောင်ကောင်း တစ်ယောက်ကို ဆုံးရှုံးသွားခြင်းဟာ ထိုင်းစီးပွား ရေးအပေါ် ယုံကြည်မှု လျော့ကျ သွားစေဖို့ လုံလောက်တဲ့ အ ကြောင်းပြချက် တစ်ခုပါပဲ။ ဘူမိ ဘော ကံတော်ကုန်တဲ့ သတင်း ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်း ထိုင်းဘတ်ငွေ တန်ဖိုးကျသွား တယ်။ ပရာယွတ်က ဘူမိဘော ကွယ်လွန်မှု သတင်းကို တရားဝင် ထုတ်ပြန်ကြေညာပြီးတဲ့နောက် နန်းမွေခံ ပုဂ္ဂိုလ်အနေနဲ့ ဈာပန ကိစ္စတွေ ပြီးတဲ့ထိ နန်းတက်မယ့် ကိစ္စကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ် ထားကြောင်းလည်း အတည်ပြုခဲ့ ပါတယ်။

ထိုင်းမှာက တင်းတင်းကျပ် ကျပ် ပြဋ္ဌာန်းထားတဲ့ သံမဏိ စည်းကမ်းတစ်ခု ရှိပါတယ်။ အဲဒါ ကတော့ တော်ဝင်မိသားစုကို ဝေ ဖန်တဲ့၊ အပုပ်ချတဲ့ ကိစ္စတိုင်းဟာ ရာဇဝတ်မှုမြောက်ပြီး ထောင်ကျ မယ့် ကိစ္စပါပဲ။ ထိုင်းပြည်သူတွေ အနေနဲ့ကတော့ သူတို့ ချစ်မြတ်နိုး တဲ့ ဘုရင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့ အတွက် ပူဆွေးသောက ရောက် နေသလို ရှေ့လာမယ့် အနာဂတ် မှာ သူတို့ မနှစ်မြို့တဲ့ ဗာဂျီရာ လောင်ကွန်တစ်ယောက် ပလ္လင် ပေါ် အခံ့သားတက်ထိုင်နေမယ့် ကိစ္စကို တွေးတောပြီး စိတ်မော နေ မှာ အမှန်ပါပဲ။ ဒါပေမဲ့ ဥပဒေ ပြဋ္ဌာန်းချက်အရ ဒီကိစ္စကိုတော့ ပေါ်ပေါ်ထင်ထင် ထုတ်ပြောကြ မှာ မဟုတ်ပါဘူး။

‘‘ဘုရင်ကြီးက တစ်နိုင်ငံလုံး ရဲ့ အသည်းနှလုံးလို့တောင်ဆိုနိုင် ပါတယ်။ သူမရှိတော့တဲ့အခါ အ ရာရာ ယိမ်းယိုင်တုန်လှုပ်နေပါ တယ်။ ဘာကို ယုံကြည်ရမယ် မှန်းတောင် မသိတော့ပါဘူး’’ လို့

ဘန်ကောက်မြို့ခံ တစ်ယောက် ဖြစ်တဲ့ အသက် (၅၃) နှစ်အ ရွယ် ဆူသပ်ကွန်ယမ်းက ပြောပါ တယ်။ တကယ်တော့ ဆူသပ်လိုပဲ ထိုင်းနိုင်ငံသား အများစုလည်း ခံစားနေကြရမှာ သေချာပါတယ်။

မသေချာခြင်းများနဲ့အတူ

ထိုင်းမှာက အိမ်တိုင်း၊ ရုံး တိုင်း၊ ကျောင်းတိုင်းလိုလို ဘူမိ ဘောရဲ့ ဓာတ်ပုံတွေကို ချိတ်ထား လေ့ ရှိပါတယ်။ ဒါက မလုပ်မဖြစ် သဘောမျိုး မဟုတ်ဘဲ ပြည်သူ တွေ ကိုယ်တိုင်က လိုလိုလားလား လုပ်ဆောင်ကြတဲ့ ကိစ္စတစ်ခုပါ။ ထိုင်းပြည်သူတွေအတွက်က တော့ သူတို့ဘုရင်ဟာ သူတို့ လေး စားအားထားရတဲ့ အိမ်သားတစ် ယောက်၊ အိမ်ဦးနတ် တစ် ယောက်လိုကို စိတ်ထဲမှာ တွယ် တာနေခဲ့တာ ဖြစ်ပါတယ်။ အခု တော့ ဘူမိဘော မရှိတော့ပါဘူး။

‘‘ဘာကိုမှန်းမသိ တွေး ကြောက်နေမိတယ်။ ဘာတွေဖြစ် လာဦးမလဲ ဆိုတာကိုလည်း လျှောက်တွေးနေမိတယ်။ အခု တော့ အိမ်ပြန်ရမှာကိုတောင် ကြောက်နေသလိုပဲ’’ လို့ ဘုရင်ကြီး ကံတော်ကုန်ရာ ဆေးရုံရှေ့ကနေ လှည့်ပြန်လာတဲ့ အသက် (၆၄) နှစ်အရွယ် ဂျီရာဝပ် ဝါယာဖွန်က ပြောပါတယ်။

ဘူမိဘောဟာ အသက် (၁၈) နှစ်မှာ ဘုရင်ဖြစ်လာတဲ့နောက် ပြည်သူချစ်တဲ့ မင်းကောင်းမင်း မြတ် တစ်ပါးအနေနဲ့ နှစ်ပေါင်း များစွာ စိုးစံခဲ့ပြီး အခုတော့ သူချစ် တဲ့ နိုင်ငံကို ကျောခိုင်းစွန့်ခွာသွား ပါပြီ။ ထိုင်းပြည်သူတွေ အနေနဲ့ ကတော့ အာဏာကို ဆုပ်ကိုင် ထားဆဲ စစ်အစိုးရတစ်ရပ်၊ မ တည်ငြိမ်မှုတွေ ကိန်းအောင်းနေ ဆဲ နိုင်ငံရေး ပတ်ဝန်းကျင်နဲ့ မချစ် မနှစ်သက်သူ ဘုရင်သစ်တစ်ပါး တို့ သုံးပွင့်ဆိုင် ပေါင်းဆုံလာမယ့် အနာဂတ်ကို တွေးတောရင်း မရေ မရာ အတွေးတွေနဲ့အတူ ရင်မော နေကြမှာ သေချာပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top