Property Expo
×

တစ္ေန႕မွာ ေဈးသည္ၾကီးတစ္ေယာက္္ဟာ သူ႕ရဲ႕သားကို ကမၻာ့ အခ်မ္းသာဆံုး သူေဌးၾကီးဆီကို ေစလႊတ္ခဲ့တယ္။

ဘာအတြက္လဲ ဆိုေတာ့ ေပ်ာ္ရႊင္မႈရဲ႕ လ်ွဳိ႕ဝွက္ခ်က္ကို သင္ယူဖို႕တဲ့ေလ။ အေဖရဲ႕ စကားကို နားေထာင္တဲ့ ေကာင္ေလးဟာ သဲကႏၱာရၾကီးကို ျဖတ္ျပီး ရက္ေပါင္း ၄ဝ ၾကာတဲ့ထိ ခရီးသြားခဲ့ရပါတယ္။ ေနာက္ဆံုးမွာေတာ့ ေကာင္ေလးဟာ ျမင့္မားတဲ့ ေတာင္ထိပ္ေပၚက ရဲတိုက္ၾကီး တစ္ခုဆီကို ေရာက္သြားပါေတာ့တယ္။

အဲ့ဒီ အရမ္းလွပတဲ့ ရဲတိုက္ၾကီးက သူရွာေနတဲ့ သူေဌးၾကီးရဲ႕ အိမ္ေပါ့….။ ေကာင္ေလး ရဲတိုက္ၾကီးထဲကို ဝင္လိုက္တာနဲ႕ ျမင္လိုက္ရတာေတြကေတာ့ အမ်ိဳးကိုစံုလို႕ပါပဲ။ ကုန္သည္ေတြက ဝင္လိုက္ထြက္လိုက္နဲ႕။ တစ္ခ်ိဳ႕ကလည္း အခန္းေထာင့္ေတြမွာရပ္ျပီး စကားေတြ ေရပတ္မဝင္ေအာင္ ေျပာေနၾကတယ္။ သံစံုတီးဝိုင္းေလးကလည္း ျငိမ့္ေညာင္းလို႕။ ျပီးေတာ့ စားပြဲၾကီးေပၚမွာ ခင္းက်င္းထားတာေတြကလည္း ကမၻာ့အေကာင္းဆံုး စားေသာက္ဖြယ္ရာေတြခ်ည္း ဆိုပါလား။ ေဟာ… ေတြ႕ပါျပီ…… သူေဌးၾကီးကေတာ့ သူ႕မိတ္ေဆြေတြကို ဧည့္ခံစကားေျပာေနတယ္။ အဲ့ဒီေတာ့ ေကာင္ေလးက အလိုက္တသိ ေစာင့္ေနရေတာ့တာေပါ့။

ဘယ္ေလာက္ထိ ေစာင့္လိုက္ရလည္းဆိုရင္ သူ႕အလွည့္ေရာက္ဖို႕ ႏွစ္နာရီေလာက္ေတာင္ ၾကာသြားပါတယ္။ သူေဌးၾကီးက ေကာင္ေလး သူ႕ဆီ ေရာက္လာရတဲ့ အေၾကာင္းအရင္းကို ဂရုတစိုက္ နားေထာင္ေပးတယ္။ ဒါေပမယ့္ ေကာင္ေလးသိခ်င္တာကို ေျပာျပဖို႕ သူမအားေသးဘူးလို႕ ေျပာပါတယ္။

သူေဌးၾကီးက သူမအားေသးခင္ အခ်ိန္ႏွစ္နာရီေလာက္ သူ႕ရဲ႕ နန္းေတာ္ၾကီးကို လွည့္ပတ္ၾကည့္ျပီး ျပန္လာခဲ့ဖို႕ အၾကံေပးတယ္။ “မင္းအဲ့ဒီလို ေလ်ွာက္ၾကည့္ေနတဲ့ အခ်ိန္မွာ ငါမင္းကို တစ္ခုခုေတာ့ ခိုင္းခ်င္တယ္” လို႕သူေဌးၾကီးကေျပာတယ္။ ဆီေတြပါတဲ့ ဇြန္းကို ေကာင္ေလးဆီ လွမ္းေပးရင္း ထပ္ေျပာတာက “မင္းေလ်ွာက္ၾကည့္ေနတဲ့အခ်ိန္မွာ ဒီဇြန္းကိုယူသြား၊ ျပီးရင္ ဆီေတြ ဖိတ္မက်ေစဘဲ ျပန္ယူလာခဲ့ ” တဲ့။ ေကာင္ေလးက နန္းေတာ္ၾကီးရဲ႕ မ်ားျပားလွတဲ့ ေလွခါးၾကီးေတြကို တက္လို္က္ဆင္းလိုက္နဲ႕ ေလ်ွာက္ၾကည့္ဖို႕ ထြက္သြားတယ္။

ဒါေပမယ့္ သူ႕မ်က္လံုးေတြကေတာ့ ဇြန္းဆီမွာပဲေရာက္ေနတယ္။ ႏွစ္နာရီေက်ာ္သြားတဲ့အခါ သူေဌးၾကီးရွိတဲ့ ေနရာကို သူျပန္ေရာက္လာခဲ့တယ္။ ေရာက္ေရာက္ခ်င္းပဲ “ေကာင္းျပီ” ဆိုျပီး သူေဌးၾကီးက ေမးခြန္းေတြ ဆက္တိုက္ ေမးလိုက္တယ္။ “ထမင္းစားခန္းထဲမွာ ခ်ိတ္ဆြဲထားတဲ့ ပန္းထိုး ပန္းခ်ီကားၾကီးေတြကို မင္းေတြ႕ခဲ့ရဲ႕လား”။ “ကြ်မ္းက်င္ ဥယ်ာဥ္မွဴးကိုယ္တိုင္ ဆယ္ႏွစ္ေလာက္ အခ်ိန္ယူျပီး ဖန္တီးထားတဲ့ ပန္းျခံၾကီးကိုေရာ ျမင္ခဲ့လား”။ “ငါ့စာၾကည့္တိုက္ထဲမွာရိွတဲ့ အရမ္းကို လွပတဲ့ ပုရပိုက္ၾကီးေတြကိုေရာ မင္းသတိထားမိေသးလား”။ ေကာင္ေလးက ရွက္သြားျပီး သူဘာမွ သတိမထားခဲ့မိတာကို ဝန္ခံလိုက္တယ္။ သူ႕ရဲ႕အာရံုက သူေဌးၾကီးခိုင္းတဲ့အတိုင္း ဆီေတြ ဖိတ္မက်ဖို႕ပဲ ရွိေနခဲ့တာတဲ့ေလ။ “ဒါဆိုလည္း ျပန္သြားျပီး ငါ့ကမၻာၾကီးရဲ႕ ဆန္းၾကယ္မႈေတြကို ခံစားလိုက္ပါဦး လူေလးရာ၊ လူတစ္ေယာက္ကို သူ႕အိမ္အေၾကာင္းမသိဘဲနဲ႕ေတာ့ မင္းယံုၾကည္လို႕မရဘူးေလကြာ” ဆိုျပီး သူေဌးၾကီးက ျပန္ေျပာလိုက္တယ္။ ေကာင္ေလးက ဇြန္းကိုေကာက္ကိုင္ျပီး နန္းေတာ္ၾကီးကို စူးစမ္းေလ့လာဖို႕ ျပန္ထြက္သြားခဲ့တယ္။ အခုမွပဲ နံရံေတြ မ်က္ႏွာက်က္ေတြမွာ ရိွတဲ့ အလွတရားေတြကို ေသခ်ာ ျမင္လိုက္ရတယ္။ လွပတဲ့ ဥယ်ာဥ္ၾကီးေတြ၊ သူ႕ပတ္ဝန္းက်င္မွာရွိတဲ့ ေတာင္တန္းၾကီးေတြ၊ ပန္းေတြရဲ႕ အလွတရားေတြကိုခံစားလိုက္ရတယ္။ ျပီးေတာ့ အရာအားလံုးကို ေသခ်ာ စနစ္တက် လုပ္ထားတယ္ဆိုတာအရမ္းသိသာပါတယ္။ သူေဌးၾကီးဆီ ျပန္ေရာက္သြားတဲ့ အခါမွာေတာ့၊ သူျမင္ခဲ့တာအားလံုးကို အေသးစိတ္ ျပန္ေျပာျပခဲ့တယ္။ သူေဌးၾကီးက “ဒါေပမယ့္ ငါခိုင္းတဲ့အတိုင္း ဆီေတြေရာ ျပန္ပါလာရဲ႕လား”ဆိုျပီး ေမးျပန္တယ္။

ေကာင္ေလးက သူ႕လက္ထဲကဇြန္းကို ၾကည့္လည္းၾကည့္လိုက္ေရာ ဆီေတြ လံုးဝမရိွေတာ့ပါဘူး။ အဲ့ဒီမွာပဲ သူေဌးၾကီးက ေျပာလိုက္တယ္။ “ေကာင္းျပီ ငါမင္းကို ေပးႏိုင္တဲ့ အၾကံကေတာ့ တစ္ခုပဲ ရိွတယ္ကြ၊ ေပ်ာ္ရႊင္ျခင္းရဲ႕ လ်ွဳိ႕ဝွက္ခ်က္ဆိုတာ ဘာပဲလုပ္လုပ္ မ်ွမ်ွတတလုပ္ႏိုင္ဖို႔ပဲ။ အခုဆို မင္း တစ္ခုကို အာရံုစိုက္ေနတုန္းတစ္ခုကို ခံစားဖို႔ေမ့သြားတယ္။ ဇြန္းထဲက ဆီေတြ ဖိတ္မက်ဘဲ ကမၻာေလာကၾကီးရဲ႕ အံ့ၾသဖြယ္ရာ အလွအပေတြကို ေကာင္းေကာင္းၾကီး ခံစားႏိုင္မယ္ဆို ေပ်ာ္ရႊင္ရျပီေပါ့။ … ဒါပဲေပါ့ကြာ၊ အဲ့ဒီေတာ့ ၊ အလုပ္ေတြ ၾကိဳးစားရင္းလည္း ေပ်ာ္ရႊင္မႈကို ရွာဖို႕မေမ့နဲ႕၊ အေပ်ာ္လြန္ျပီးလည္း အလုပ္မပ်က္ေစနဲ႕ ေပါ့ကြာ” တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(Paul Coelho)

#Unicode Version
တစ်နေ့မှာ ဈေးသည်ကြီးတစ်ယောက်ဟာ သူ့ရဲ့သားကို ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီးဆီကို စေလွှတ်ခဲ့တယ်။

ဘာအတွက်လဲ ဆိုတော့ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို သင်ယူဖို့တဲ့လေ။ အဖေရဲ့ စကားကို နားထောင်တဲ့ ကောင်လေးဟာ သဲကန္တာရကြီးကို ဖြတ်ပြီး ရက်ပေါင်း ၄ဝ ကြာတဲ့ထိ ခရီးသွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကောင်လေးဟာ မြင့်မားတဲ့ တောင်ထိပ်ပေါ်က ရဲတိုက်ကြီး တစ်ခုဆီကို ရောက်သွားပါတော့တယ်။

အဲ့ဒီ အရမ်းလှပတဲ့ ရဲတိုက်ကြီးက သူရှာနေတဲ့ သူဌေးကြီးရဲ့ အိမ်ပေါ့….။ ကောင်လေး ရဲတိုက်ကြီးထဲကို ဝင်လိုက်တာနဲ့ မြင်လိုက်ရတာတွေကတော့ အမျိုးကိုစုံလို့ပါပဲ။ ကုန်သည်တွေက ဝင်လိုက်ထွက်လိုက်နဲ့။ တစ်ချို့ကလည်း အခန်းထောင့်တွေမှာရပ်ပြီး စကားတွေ ရေပတ်မဝင်အောင် ပြောနေကြတယ်။ သံစုံတီးဝိုင်းလေးကလည်း ငြိမ့်ညောင်းလို့။ ပြီးတော့ စားပွဲကြီးပေါ်မှာ ခင်းကျင်းထားတာတွေကလည်း ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာတွေချည်း ဆိုပါလား။ ဟော… တွေ့ပါပြီ…… သူဌေးကြီးကတော့ သူ့မိတ်ဆွေတွေကို ဧည့်ခံစကားပြောနေတယ်။ အဲ့ဒီတော့ ကောင်လေးက အလိုက်တသိ စောင့်နေရတော့တာပေါ့။

ဘယ်လောက်ထိ စောင့်လိုက်ရလည်းဆိုရင် သူ့အလှည့်ရောက်ဖို့ နှစ်နာရီလောက်တောင် ကြာသွားပါတယ်။ သူဌေးကြီးက ကောင်လေး သူ့ဆီ ရောက်လာရတဲ့ အကြောင်းအရင်းကို ဂရုတစိုက် နားထောင်ပေးတယ်။ ဒါပေမယ့် ကောင်လေးသိချင်တာကို ပြောပြဖို့ သူမအားသေးဘူးလို့ ပြောပါတယ်။

သူဌေးကြီးက သူမအားသေးခင် အချိန်နှစ်နာရီလောက် သူ့ရဲ့ နန်းတော်ကြီးကို လှည့်ပတ်ကြည့်ပြီး ပြန်လာခဲ့ဖို့ အကြံပေးတယ်။ “မင်းအဲ့ဒီလို လျှောက်ကြည့်နေတဲ့ အချိန်မှာ ငါမင်းကို တစ်ခုခုတော့ ခိုင်းချင်တယ်” လို့သူဌေးကြီးကပြောတယ်။ ဆီတွေပါတဲ့ ဇွန်းကို ကောင်လေးဆီ လှမ်းပေးရင်း ထပ်ပြောတာက “မင်းလျှောက်ကြည့်နေတဲ့အချိန်မှာ ဒီဇွန်းကိုယူသွား၊ ပြီးရင် ဆီတွေ ဖိတ်မကျစေဘဲ ပြန်ယူလာခဲ့ ” တဲ့။ ကောင်လေးက နန်းတော်ကြီးရဲ့ များပြားလှတဲ့ လှေခါးကြီးတွေကို တက်လိုက်ဆင်းလိုက်နဲ့ လျှောက်ကြည့်ဖို့ ထွက်သွားတယ်။

ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဇွန်းဆီမှာပဲရောက်နေတယ်။ နှစ်နာရီကျော်သွားတဲ့အခါ သူဌေးကြီးရှိတဲ့ နေရာကို သူပြန်ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ “ကောင်းပြီ” ဆိုပြီး သူဌေးကြီးက မေးခွန်းတွေ ဆက်တိုက် မေးလိုက်တယ်။ “ထမင်းစားခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းထိုး ပန်းချီကားကြီးတွေကို မင်းတွေ့ခဲ့ရဲ့လား”။ “ကျွမ်းကျင် ဥယျာဉ်မှူးကိုယ်တိုင် ဆယ်နှစ်လောက် အချိန်ယူပြီး ဖန်တီးထားတဲ့ ပန်းခြံကြီးကိုရော မြင်ခဲ့လား”။ “ငါ့စာကြည့်တိုက်ထဲမှာရှိတဲ့ အရမ်းကို လှပတဲ့ ပုရပိုက်ကြီးတွေကိုရော မင်းသတိထားမိသေးလား”။ ကောင်လေးက ရှက်သွားပြီး သူဘာမှ သတိမထားခဲ့မိတာကို ဝန်ခံလိုက်တယ်။ သူ့ရဲ့အာရုံက သူဌေးကြီးခိုင်းတဲ့အတိုင်း ဆီတွေ ဖိတ်မကျဖို့ပဲ ရှိနေခဲ့တာတဲ့လေ။ “ဒါဆိုလည်း ပြန်သွားပြီး ငါ့ကမ္ဘာကြီးရဲ့ ဆန်းကြယ်မှုတွေကို ခံစားလိုက်ပါဦး လူလေးရာ၊ လူတစ်ယောက်ကို သူ့အိမ်အကြောင်းမသိဘဲနဲ့တော့ မင်းယုံကြည်လို့မရဘူးလေကွာ” ဆိုပြီး သူဌေးကြီးက ပြန်ပြောလိုက်တယ်။ ေ

ကာင်လေးက ဇွန်းကိုကောက်ကိုင်ပြီး နန်းတော်ကြီးကို စူးစမ်းလေ့လာဖို့ ပြန်ထွက်သွားခဲ့တယ်။ အခုမှပဲ နံရံတွေ မျက်နှာကျက်တွေမှာ ရှိတဲ့ အလှတရားတွေကို သေချာ မြင်လိုက်ရတယ်။ လှပတဲ့ ဥယျာဉ်ကြီးတွေ၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ တောင်တန်းကြီးတွေ၊ ပန်းတွေရဲ့ အလှတရားတွေကိုခံစားလိုက်ရတယ်။ ပြီးတော့ အရာအားလုံးကို သေချာ စနစ်တကျ လုပ်ထားတယ်ဆိုတာအရမ်းသိသာပါတယ်။ သူဌေးကြီးဆီ ပြန်ရောက်သွားတဲ့ အခါမှာတော့၊ သူမြင်ခဲ့တာအားလုံးကို အသေးစိတ် ပြန်ပြောပြခဲ့တယ်။ သူဌေးကြီးက “ဒါပေမယ့် ငါခိုင်းတဲ့အတိုင်း ဆီတွေရော ပြန်ပါလာရဲ့လား”ဆိုပြီး မေးပြန်တယ်။

ကောင်လေးက သူ့လက်ထဲကဇွန်းကို ကြည့်လည်းကြည့်လိုက်ရော ဆီတွေ လုံးဝမရှိတော့ပါဘူး။ အဲ့ဒီမှာပဲ သူဌေးကြီးက ပြောလိုက်တယ်။ “ကောင်းပြီ ငါမင်းကို ပေးနိုင်တဲ့ အကြံကတော့ တစ်ခုပဲ ရှိတယ်ကွ၊ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာပဲလုပ်လုပ် မျှမျှတတလုပ်နိုင်ဖို့ပဲ။ အခုဆို မင်း တစ်ခုကို အာရုံစိုက်နေတုန်းတစ်ခုကို ခံစားဖို့မေ့သွားတယ်။ ဇွန်းထဲက ဆီတွေ ဖိတ်မကျဘဲ ကမ္ဘာလောကကြီးရဲ့ အံ့သြဖွယ်ရာ အလှအပတွေကို ကောင်းကောင်းကြီး ခံစားနိုင်မယ်ဆို ပျော်ရွှင်ရပြီပေါ့။ … ဒါပဲပေါ့ကွာ၊ အဲ့ဒီတော့ ၊ အလုပ်တွေ ကြိုးစားရင်းလည်း ပျော်ရွှင်မှုကို ရှာဖို့မမေ့နဲ့၊ အပျော်လွန်ပြီးလည်း အလုပ်မပျက်စေနဲ့ ပေါ့ကွာ” တဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:(Paul Coelho)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top