Kantharyar Centre
×

"အလွတရားဆိုတာ ႀကည့္သူရဲ႕အျမင္ေပၚမွာပဲမူတည္တယ္" ဆိုတဲ့စကားကို ယံုႀကည္ပါတယ္။

ဒါေႀကာင့္ပဲ တျခားသူေတြရဲ႕အျမင္မွာ တင့္တယ္လွပေနေစဖို႔ လူေတြဟာ သူတို႔ရဲ႕ ေျမာက္မ်ားစြာေသာ အခ်ိန္ေတြ ေငြေတြ စြမ္းအင္ေတြကို သံုးစဲြေနႀကတာမဟုတ္လား။

အေကာင္းဆံုးေတြကိုသာ လူတိုင္းလိုခ်င္ႀကတာမို႔ မိမိကိုယ္ကိုလဲ ႀကည့္အေကာင္းဆံုးျဖစ္ေအာင္ဖန္တီးလိုႀကတာပါပဲ။ ဒါေပမယ့္ အေကာင္းဆံုးဆိုလို႔ ေစ်းအရမ္းႀကီးတဲ့ အလွအပဆိုင္ရာခဲြစိတ္ကုသမႈေတြ ေဆးဝါးေတြကို သင့္မ်က္စိထဲျမင္ေယာင္မသြားပါနဲ႔။ သဘာဝအတိုင္းပဲ အေကာင္းဆံုးရလဒ္ကိုဖန္တီးေပးနိုင္တဲ့ နည္းလမ္းေကာင္းေတြအမ်ားႀကီးရွိပါတယ္။ ဒါေႀကာင့္ ေမးႏွစ္ထပ္ျဖစ္ေနတာကို မခဲြမစိတ္ပဲ ေဆးမစားပဲ သဘာဝအတိုင္းပဲ လွပသြားေအာင္လုပ္နိုင္တဲ့နည္းရွိတယ္ဆိုပါလွ်င္။ စိတ္ဝင္စားရင္ ဒီစာကိုဆက္ျပီးဖတ္ႀကည့္သင့္ပါတယ္။ သူငယ္ခ်င္းေတြမွာ ေမးနွစ္ထပ္ရွိေနတယ္ဆိုလဲ သူသိသြားေအာင္ လက္တို႔လိုက္ပါဦး။

အြန္လိုင္းေဆးပညာဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ HealthGuideHQ.com ရဲ႕အဆိုအရ "ေမးေစ့ေလ့က်င့္ခန္းလုပ္ေပးရံုနဲ႔ ေမးေအာက္ပိုင္းနဲ႔ လည္ပင္းက အဆီပိုေတြကိုဖယ္ရွားေပးနိုင္ပါသတဲ့"။ ေလ့က်င့္ခန္းေတြဟာ ဘယ္ေလာက္ေတာင္လြယ္ကူသလဲဆိုရင္ အိမ္မွာ အသာအယာထိုင္ျပီးလုပ္လို႔ရေအာင္ကိုလြယ္ကူပါတယ္။ ေလ့လာႀကည့္လိုက္ႀကရေအာင္လား။

၁. အနမ္းေျခြျခင္း

☆ ခ်စ္သူကိုမဟုတ္ပါဘူး ၊ မ်က္နွာက်က္ကိုပါ။
☆ မတ္တပ္ရပ္ေနစဥ္ သင့္ေခါင္းကိုအေနာက္သို႔လွန္ျပီး အေပၚကိုေမာ့လိုက္ပါ။
☆ သင့္နႈတ္ခမ္းကိုစူျပီး မ်က္နွာက်က္ကို အနမ္းေျခြပါ။
☆ ငါးစကၠန္႔အထိ အနမ္းကိုမျပတ္ေစပဲထိန္းထားျပီးလွ်င္ နႈတ္ခမ္းကိုမူလအေနအထား ေခါင္းကိုမူလအေနအထားသို႔ ျပန္ေျပာင္းပါ။
☆ ဤအတိုင္း ၁၅ ႀကိမ္ျပဳေပးရပါမယ္။

၂. လွ်ာအေရွ႕သို႔ထုတ္ျပဴျခင္း

☆ မိမိေရွ႕တည့္တည့္ကိုမ်က္နွာမူထားျပီး ပါးစပ္ကိုအက်ယ္ဆံုးဟလိုက္ပါ။
☆ အမွတ္စဥ္ ၁ မွ ၅ အထိစိတ္ထဲမွေရျပီး လွ်ာကိုထုတ္နိုင္သမွ်အေနအထားထိ ျဖည္းညွင္းစြာထုတ္ပါ။
☆ အမွတ္စဥ္ ၁ မွ ၅ အထိေရျပီး လွ်ာကိုျဖည္းညွင္းစြာျပန္သြင္းပါ။
☆ ဤအနည္းအတိုင္း ၁၀ ႀကိမ္ျပဳေပးရပါမယ္။

၃. ေမးေရွ႕ထုတ္ျခင္း

☆ သင့္ေခါင္းကိုအေနာက္သို႔လွန္ျပီး အေပၚကိုေမာ့လိုက္ပါ။
☆ ေမးေစ့ေအာက္ဘက္တြင္ တင္းမာေသာခံစားမႈကိုရသည္အထိ ေအာက္ေမးရိုးကိုေရွ႕သို႔ထုတ္ပါ။
☆ အမွတ္စဥ္ ၁ မွ ၁၀ အထိေရျပီး ေမးရိုးကိုေရွ႕ထုတ္ထားသည္အတိုင္းထိန္းထားပါ။
☆ ထို႔ေနာက္ ေမးရိုးကိုမူလအေနအထား ေခါင္းကိုမူအေနအထားသို႔ ျပန္ေျပာင္းပါ။
☆ ဤနည္းအတိုင္း ၁၀ ႀကိမ္ျပဳေပးရပါမယ္။

၄. လည္ပင္းလွည့္ျခင္း

☆ မတ္တပ္ရပ္ေနစဥ္ သင့္ေမးေစ့ကို ရင္ဘတ္ဆီသို႔ နိမ့္နိုင္သမွ်အေနအထားအထိ ငိုက္ခ်လိုက္ပါ။
☆ ေခါင္းကို ညာဘက္သို႔ျဖည္းညွင္းစြာလွည့္ပါ။
☆ အမွတ္စဥ္ ၁ မွ ၅ အထိ ထိန္းထားျပီးေနာက္ မူလငိုက္ခ်ထားသည့္အေနအထားသို႔ ျဖည္းညွင္းစြာျပန္ေျပာင္းပါ။
☆ ယခင္နည္းအတိုင္း ေခါင္းကိုဘယ္ဘက္သို႔ျဖည္းညွင္းစြာလွည့္ပါ။
☆ အမွတ္စဥ္ ၁ မွ ၅ အထိ ထိန္းထားပါ။
☆ မူလငိုက္ခ်ထားသည့္အေနအထားသို႔ ျဖည္းညွင္းစြာျပန္ေျပာင္းပါ။
☆ ေမးေစ့ေအာက္တြင္ တင္းမာေသာခံစားမႈ မျပတ္ျဖစ္ေပၚေနေစရန္သတိျပဳပါ။
☆ ဤနည္းအတိုင္း စကၠန္႔ ၃၀ ျပဳပါ။

၅. လွ်ာနွင့္သြားထိကပ္လ်က္ အသက္ရႈသြင္း/ထုတ္ျခင္း

☆ ခါးကိုမတ္လ်က္အေနအထားတြင္ သင့္ပါးစပ္ကို က်ယ္နိုင္သမွ်က်ယ္ေအာင္ဟထားပါ။
☆ သင္၏လွ်ာဖ်ားနွင့္ ေအာက္သြား၏အတြင္းဘက္မ်က္နွာျပင္ကို တြန္းကန္ထားပါ။
☆ သင္၏ ပါးစပ္မွတစ္ဆင့္ အသက္ျပင္းျပင္းရႈသြင္းပါ။
☆ "အာ" ဟုအသံထြက္ျပီး အသက္ကို ပါးစပ္မွပင္ ျပန္လည္ရႈထုတ္ပါ။
☆ ဤနည္းအတိုင္း တစ္မိနစ္ျပဳပါ။
☆ ပါးစပ္နွင့္လွ်ာကိုအနားေပးျပီး ေနာက္တစ္မိနစ္ဆက္လက္ျပဳလုပ္ပါ။

၆. ေမးေစ့ေအာက္ ျဖည္းညွင္းစြာရိုက္ျခင္း

☆ မိမိေရွ႕တည့္တည့္ကိုမ်က္နွာမူထားျပီး ေမးေအာက္သို႔ သင့္လက္ေခ်ာင္းကေလးမ်ား၏အေနာက္ဖက္မ်က္နွာျပင္နွင့္ ျဖည္းညွင္းစြာရိုက္ေပးပါ။
☆ ရိုက္ေသာအားကို မေပ်ာ့လြန္း မျပင္းလြန္းေစရန္ဂရုျပဳပါ။
☆ ရိုက္ေသာအႀကိမ္အေရအတြက္တို႔၏ အကြာအေဝးကို တစ္သမတ္တည္းျဖစ္ေစရန္ (အခ်က္မွန္မွန္ျဖစ္ေစရန္) လဲသတိျပဳပါ။
☆ ဤနည္းအတိုင္း စကၠန္႔ ၃၀ ျပဳပါ။

၇. လဲလ်က္ ဦးေခါင္းမတင္/ျပန္ခ်ျခင္း

☆ အိပ္ယာခင္းတြင္ျဖစ္ေစ ကုတင္နွင့္ျဖစ္ေစလဲေလ်ာင္းရင္း သင္၏မ်က္နွာကို အေပၚဘက္သို႔မူ၍ထားပါ။
☆ ဦးေခါင္းကို အခင္း/ကုတင္နွင့္မထိေအာင္ထားပါ။
☆ ထို႔ေနာက္ ဦးေခါင္းကို ရင္ဘက္ဆီသို႔ျဖည္းညွင္းစြာ မ တင္လိုက္ပါ။
☆ သင္၏ ပုခံုးနွင့္ေက်ာျပင္ကို အခင္း/ကုတင္မွ ႀကြတက္မလာေစရန္သတိျပဳပါ။
☆ ဦးေခါင္းကို ရင္ဘက္ဆီသို႔ မ တင္လ်က္သားနွင့္ ၁၀ စကၠန္႔ထိန္းထားပါ။
☆ ထို႔ေနာက္ မူလအေနအထားသို႔ ျဖည္းညွင္းစြာျပန္ခ်ပါ။
☆ ဤနည္းအတိုင္း ၂ ႀကိမ္ျပဳပါ။

အထက္ပါနည္းလမ္းတို႔သည္ ေန႔စဥ္ သင္၏အားလပ္ခ်ိန္တို႔မွ ၁၀ မိနစ္ခန္႔ေပးလွ်င္ အဆင္ေျပနိုင္၍ သဘာဝအတိုင္း ေမးနွစ္ထပ္ျဖစ္ျခင္းမွေျပေလ်ာ့ေစနိုင္ပါသည္။ လက္ေတြ႔ျပဳ၍ လွပေသာလူေနမႈဘဝမ်ားကို ပိုင္ဆိုင္နိုင္ႀကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelmo Team

#Unicode Version
"အလှတရားဆိုတာ ကြည့်သူရဲ့အမြင်ပေါ်မှာပဲမူတည်တယ်" ဆိုတဲ့စကားကို ယုံကြည်ပါတယ်။


ဒါကြောင့်ပဲ တခြားသူတွေရဲ့အမြင်မှာ တင့်တယ်လှပနေစေဖို့ လူတွေဟာ သူတို့ရဲ့ မြောက်များစွာသော အချိန်တွေ ငွေတွေ စွမ်းအင်တွေကို သုံးစွဲနေကြတာမဟုတ်လား။


အကောင်းဆုံးတွေကိုသာ လူတိုင်းလိုချင်ကြတာမို့ မိမိကိုယ်ကိုလဲ ကြည့်အကောင်းဆုံးဖြစ်အောင်ဖန်တီးလိုကြတာပါပဲ။ ဒါပေမယ့် အကောင်းဆုံးဆိုလို့ ဈေးအရမ်းကြီးတဲ့ အလှအပဆိုင်ရာခွဲစိတ်ကုသမှုတွေ ဆေးဝါးတွေကို သင့်မျက်စိထဲမြင်ယောင်မသွားပါနဲ့။ သဘာဝအတိုင်းပဲ အကောင်းဆုံးရလဒ်ကိုဖန်တီးပေးနိုင်တဲ့ နည်းလမ်းကောင်းတွေအများကြီးရှိပါတယ်။ ဒါကြောင့် မေးနှစ်ထပ်ဖြစ်နေတာကို မခွဲမစိတ်ပဲ ဆေးမစားပဲ သဘာဝအတိုင်းပဲ လှပသွားအောင်လုပ်နိုင်တဲ့နည်းရှိတယ်ဆိုပါလျှင်။ စိတ်ဝင်စားရင် ဒီစာကိုဆက်ပြီးဖတ်ကြည့်သင့်ပါတယ်။ သူငယ်ချင်းတွေမှာ မေးနှစ်ထပ်ရှိနေတယ်ဆိုလဲ သူသိသွားအောင် လက်တို့လိုက်ပါဦး။


အွန်လိုင်းဆေးပညာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ HealthGuideHQ.com ရဲ့အဆိုအရ "မေးစေ့လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ မေးအောက်ပိုင်းနဲ့ လည်ပင်းက အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပါသတဲ့"။ လေ့ကျင့်ခန်းတွေဟာ ဘယ်လောက်တောင်လွယ်ကူသလဲဆိုရင် အိမ်မှာ အသာအယာထိုင်ပြီးလုပ်လို့ရအောင်ကိုလွယ်ကူပါတယ်။ လေ့လာကြည့်လိုက်ကြရအောင်လား။


၁. အနမ်းခြွေခြင်း


☆ ချစ်သူကိုမဟုတ်ပါဘူး ၊ မျက်နှာကျက်ကိုပါ။

☆ မတ်တပ်ရပ်နေစဉ် သင့်ခေါင်းကိုအနောက်သို့လှန်ပြီး အပေါ်ကိုမော့လိုက်ပါ။

☆ သင့်နှုတ်ခမ်းကိုစူပြီး မျက်နှာကျက်ကို အနမ်းခြွေပါ။

☆ ငါးစက္ကန့်အထိ အနမ်းကိုမပြတ်စေပဲထိန်းထားပြီးလျှင် နှုတ်ခမ်းကိုမူလအနေအထား ခေါင်းကိုမူလအနေအထားသို့ ပြန်ပြောင်းပါ။

☆ ဤအတိုင်း ၁၅ ကြိမ်ပြုပေးရပါမယ်။


၂. လျှာအရှေ့သို့ထုတ်ပြူခြင်း


☆ မိမိရှေ့တည့်တည့်ကိုမျက်နှာမူထားပြီး ပါးစပ်ကိုအကျယ်ဆုံးဟလိုက်ပါ။

☆ အမှတ်စဉ် ၁ မှ ၅ အထိစိတ်ထဲမှရေပြီး လျှာကိုထုတ်နိုင်သမျှအနေအထားထိ ဖြည်းညှင်းစွာထုတ်ပါ။

☆ အမှတ်စဉ် ၁ မှ ၅ အထိရေပြီး လျှာကိုဖြည်းညှင်းစွာပြန်သွင်းပါ။

☆ ဤအနည်းအတိုင်း ၁၀ ကြိမ်ပြုပေးရပါမယ်။


၃. မေးရှေ့ထုတ်ခြင်း


☆ သင့်ခေါင်းကိုအနောက်သို့လှန်ပြီး အပေါ်ကိုမော့လိုက်ပါ။

☆ မေးစေ့အောက်ဘက်တွင် တင်းမာသောခံစားမှုကိုရသည်အထိ အောက်မေးရိုးကိုရှေ့သို့ထုတ်ပါ။

☆ အမှတ်စဉ် ၁ မှ ၁၀ အထိရေပြီး မေးရိုးကိုရှေ့ထုတ်ထားသည်အတိုင်းထိန်းထားပါ။

☆ ထို့နောက် မေးရိုးကိုမူလအနေအထား ခေါင်းကိုမူအနေအထားသို့ ပြန်ပြောင်းပါ။

☆ ဤနည်းအတိုင်း ၁၀ ကြိမ်ပြုပေးရပါမယ်။


၄. လည်ပင်းလှည့်ခြင်း


☆ မတ်တပ်ရပ်နေစဉ် သင့်မေးစေ့ကို ရင်ဘတ်ဆီသို့ နိမ့်နိုင်သမျှအနေအထားအထိ ငိုက်ချလိုက်ပါ။

☆ ခေါင်းကို ညာဘက်သို့ဖြည်းညှင်းစွာလှည့်ပါ။

☆ အမှတ်စဉ် ၁ မှ ၅ အထိ ထိန်းထားပြီးနောက် မူလငိုက်ချထားသည့်အနေအထားသို့ ဖြည်းညှင်းစွာပြန်ပြောင်းပါ။

☆ ယခင်နည်းအတိုင်း ခေါင်းကိုဘယ်ဘက်သို့ဖြည်းညှင်းစွာလှည့်ပါ။

☆ အမှတ်စဉ် ၁ မှ ၅ အထိ ထိန်းထားပါ။

☆ မူလငိုက်ချထားသည့်အနေအထားသို့ ဖြည်းညှင်းစွာပြန်ပြောင်းပါ။

☆ မေးစေ့အောက်တွင် တင်းမာသောခံစားမှု မပြတ်ဖြစ်ပေါ်နေစေရန်သတိပြုပါ။

☆ ဤနည်းအတိုင်း စက္ကန့် ၃၀ ပြုပါ။


၅. လျှာနှင့်သွားထိကပ်လျက် အသက်ရှုသွင်း/ထုတ်ခြင်း


☆ ခါးကိုမတ်လျက်အနေအထားတွင် သင့်ပါးစပ်ကို ကျယ်နိုင်သမျှကျယ်အောင်ဟထားပါ။

☆ သင်၏လျှာဖျားနှင့် အောက်သွား၏အတွင်းဘက်မျက်နှာပြင်ကို တွန်းကန်ထားပါ။

☆ သင်၏ ပါးစပ်မှတစ်ဆင့် အသက်ပြင်းပြင်းရှုသွင်းပါ။

☆ "အာ" ဟုအသံထွက်ပြီး အသက်ကို ပါးစပ်မှပင် ပြန်လည်ရှုထုတ်ပါ။

☆ ဤနည်းအတိုင်း တစ်မိနစ်ပြုပါ။

☆ ပါးစပ်နှင့်လျှာကိုအနားပေးပြီး နောက်တစ်မိနစ်ဆက်လက်ပြုလုပ်ပါ။


၆. မေးစေ့အောက် ဖြည်းညှင်းစွာရိုက်ခြင်း


☆ မိမိရှေ့တည့်တည့်ကိုမျက်နှာမူထားပြီး မေးအောက်သို့ သင့်လက်ချောင်းကလေးများ၏အနောက်ဖက်မျက်နှာပြင်နှင့် ဖြည်းညှင်းစွာရိုက်ပေးပါ။

☆ ရိုက်သောအားကို မပျော့လွန်း မပြင်းလွန်းစေရန်ဂရုပြုပါ။

☆ ရိုက်သောအကြိမ်အရေအတွက်တို့၏ အကွာအဝေးကို တစ်သမတ်တည်းဖြစ်စေရန် (အချက်မှန်မှန်ဖြစ်စေရန်) လဲသတိပြုပါ။

☆ ဤနည်းအတိုင်း စက္ကန့် ၃၀ ပြုပါ။


၇. လဲလျက် ဦးခေါင်းမတင်/ပြန်ချခြင်း


☆ အိပ်ယာခင်းတွင်ဖြစ်စေ ကုတင်နှင့်ဖြစ်စေလဲလျောင်းရင်း သင်၏မျက်နှာကို အပေါ်ဘက်သို့မူ၍ထားပါ။

☆ ဦးခေါင်းကို အခင်း/ကုတင်နှင့်မထိအောင်ထားပါ။

☆ ထို့နောက် ဦးခေါင်းကို ရင်ဘက်ဆီသို့ဖြည်းညှင်းစွာ မ တင်လိုက်ပါ။

☆ သင်၏ ပုခုံးနှင့်ကျောပြင်ကို အခင်း/ကုတင်မှ ကြွတက်မလာစေရန်သတိပြုပါ။

☆ ဦးခေါင်းကို ရင်ဘက်ဆီသို့ မ တင်လျက်သားနှင့် ၁၀ စက္ကန့်ထိန်းထားပါ။

☆ ထို့နောက် မူလအနေအထားသို့ ဖြည်းညှင်းစွာပြန်ချပါ။

☆ ဤနည်းအတိုင်း ၂ ကြိမ်ပြုပါ။


အထက်ပါနည်းလမ်းတို့သည် နေ့စဉ် သင်၏အားလပ်ချိန်တို့မှ ၁၀ မိနစ်ခန့်ပေးလျှင် အဆင်ပြေနိုင်၍ သဘာဝအတိုင်း မေးနှစ်ထပ်ဖြစ်ခြင်းမှပြေလျော့စေနိုင်ပါသည်။ လက်တွေ့ပြု၍ လှပသောလူနေမှုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)

Credit:Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top