Property Expo
×

 အြန္လိုင္းအေရာင္းဆုိင္ေတြကေန၀ယ္ယူမွဳဟာအေတာ္ေလးကိုမ်ားျပားလာတာ ေတြ့ရပါတယ္။
အဆင္ေျပတဲ့သူေတြလည္း ရွိသလို စိတ္တုိင္းမက်ရတဲ့သူေတြလည္း အမ်ားအျပားပါပဲ။
ပံုမွာ ျပထားတာက တစ္မ်ိဳး အျပင္မွာ လာပို့ေတာ့ တစ္မ်ိဳးဆုိတာေတြလည္း ေတြ့ရပါတယ္။
ကဲ..အဲဒီလုိဆုိေတာ့ အြန္လုိင္းကေန ေစ်း၀ယ္ရင္ ဘယ္အခ်က္ေတြ သတိထားဖုိ့ လုိမယ္ဆုိတာကို
 ေဖာ္ျပေပးလုိက္ပါတယ္။

အမွတ္တံဆိပ္

ကုိယ္၀ယ္မယ့္ ပစၥည္းရဲ့ အမွတ္တံဆိပ္ကို ေသေသခ်ာခ်ာ ေရြးခ်ယ္သင့္ပါတယ္။အရည္အေသြးကိုလည္း ကိုယ္တုိင္ ေသခ်ာသိဖုိ့ လုိပါတယ္။အြန္လုိင္းကေနဆိုေတာ့ ပံုပဲ ျမင္ရတာပါ။အရည္အေသြးနဲ့
 အသံုး၀င္မွဳက ကိုယ့္လုိအပ္ခ်က္နဲ့ ကိုက္ညီရဲ့လား ဆိုတာ စစ္ေဆးပါ။၀ယ္ယူျပီးမွ စိတ္တိုင္းမက်
 ျဖစ္တဲ့သူ အမ်ားစုက ေသေသခ်ာခ်ာ မစစ္ေဆးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ပစၥည္းေရာက္မွ ေငြေခ်


အြန္လုိင္း အေရာင္းဆုိင္ အမ်ားစုကလည္း ဒီစနစ္ကို သံုးၾကပါတယ္။ဒါေပမယ့္လည္းတစ္ခ်ိဳ့ဆုိင္ေတြကေတာ့ ၾကိဳတင္ေငြလြဲွရပါတယ္။ဒါကို မၾကိဳက္ပါဘူး။အြန္လုိင္းအေရာင္းဆိုင္ေတြက ကိုယ္ပိုင္၀က္ဘ္ဆုိက္မွာ အခ်က္အလက္ေတြ၊ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေတြ ေဖာ္ျပထားတာမ်ိဳးဆုိ္ရင္ တစ္မ်ိဳးေပါ့။ဒီနုိင္ငံမွာက အမ်ားအားျဖင့္ facebook လုိ လူမွဳကြန္ရက္ေပၚကေနတစ္ဆင့္ ေရာင္းခ်တာ ျဖစ္တဲ့အတြက္ ပစၥည္းေရာက္မွေငြေခ်ရတာ အေကာင္းဆံုးပါပဲ။

အျခားသူေတြရဲ့မွတ္ခ်က္

လူမွဳကြန္ရက္ေပၚမွာ ေရာင္းတာ ျဖစ္တဲ့အတြက္ ဒီတစ္ခ်က္ေတာ့ အားသာပါတယ္။အျခား၀ယ္ဖူးတဲ့ သူေတြရဲ့ မွတ္ခ်က္ေတြကို ေလ့လာၾကည့္ပါ။မွတ္ခ်က္ေကာင္းေတြ မ်ားမ်ားေတြ့ရရင္ေတာ့ ကိုယ့္အတြက္
အဆင္ေျပနုိင္ဖုိ့ မ်ားပါတယ္။

ကုိယ္နဲ့သင့္ေတာ္ပါ့မလား

အျခားအသံုးအေဆာင္ေတြကမသိသာေပမယ့္အ၀တ္အစားလုိဟာမ်ိဳးက်ေတာ့ကိုယ္နဲ့သင့္ေတာ္သလားဆုိတာ ေသေသခ်ာခ်ာ စဥ္းစားဖုိ့လုိအပ္ပါတယ္။ေမာ္ဒယ္လ္လွလွက၀တ္ထားတာကေတာ့အဆင္ေျပေနမွာေပ့ါ။ကိုယ္၀တ္ဖို့
အဆင္ေျပပါ့မလား ဆုိတာကို ထည့္စဥ္းစားဖုိ့လုိပါတယ္။အလွအပ၊ကေလးအသံုးအေဆာင္စတာေတြလည္း
 ဒီအတုိင္းပါပဲ။

အထက္ပါအခ်က္ေတြကအြန္လုိင္းကေန ေစ်း၀ယ္မယ့္သူေတြအတြက္အေထာက္အပံ့ ေပးနုိင္မွာ
 ျဖစ္တဲ့အတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice Weekly

#Unicode Version
 အွန်လိုင်းအရောင်းဆိုင်တွေကနေဝယ်ယူမှုဟာအတော်လေးကိုများပြားလာတာ တွေ့ရပါတယ်။

အဆင်ပြေတဲ့သူတွေလည်း ရှိသလို စိတ်တိုင်းမကျရတဲ့သူတွေလည်း အများအပြားပါပဲ။

ပုံမှာ ပြထားတာက တစ်မျိုး အပြင်မှာ လာပို့တော့ တစ်မျိုးဆိုတာတွေလည်း တွေ့ရပါတယ်။

ကဲ..အဲဒီလိုဆိုတော့ အွန်လိုင်းကနေ ဈေးဝယ်ရင် ဘယ်အချက်တွေ သတိထားဖို့ လိုမယ်ဆိုတာကို

 ဖော်ပြပေးလိုက်ပါတယ်။

အမှတ်တံဆိပ်

ကိုယ်ဝယ်မယ့် ပစ္စည်းရဲ့ အမှတ်တံဆိပ်ကို သေသေချာချာ ရွေးချယ်သင့်ပါတယ်။အရည်အသွေးကိုလည်း ကိုယ်တိုင် သေချာသိဖို့ လိုပါတယ်။အွန်လိုင်းကနေဆိုတော့ ပုံပဲ မြင်ရတာပါ။အရည်အသွေးနဲ့

 အသုံးဝင်မှုက ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား ဆိုတာ စစ်ဆေးပါ။ဝယ်ယူပြီးမှ စိတ်တိုင်းမကျ

 ဖြစ်တဲ့သူ အများစုက သေသေချာချာ မစစ်ဆေးခဲ့တာကြောင့် ဖြစ်ပါတယ်။

ပစ္စည်းရောက်မှ ငွေချေ

အွန်လိုင်း အရောင်းဆိုင် အများစုကလည်း ဒီစနစ်ကို သုံးကြပါတယ်။ဒါပေမယ့်လည်းတစ်ချို့ဆိုင်တွေကတော့ ကြိုတင်ငွေလွဲှရပါတယ်။ဒါကို မကြိုက်ပါဘူး။အွန်လိုင်းအရောင်းဆိုင်တွေက ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ အချက်အလက်တွေ၊ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ဖော်ပြထားတာမျိုးဆိုရင် တစ်မျိုးပေါ့။ဒီနိုင်ငံမှာက အများအားဖြင့် facebook လို လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့် ရောင်းချတာ ဖြစ်တဲ့အတွက် ပစ္စည်းရောက်မှငွေချေရတာ အကောင်းဆုံးပါပဲ။

အခြားသူတွေရဲ့မှတ်ချက်

လူမှုကွန်ရက်ပေါ်မှာ ရောင်းတာ ဖြစ်တဲ့အတွက် ဒီတစ်ချက်တော့ အားသာပါတယ်။အခြားဝယ်ဖူးတဲ့ သူတွေရဲ့ မှတ်ချက်တွေကို လေ့လာကြည့်ပါ။မှတ်ချက်ကောင်းတွေ များများတွေ့ရရင်တော့ ကိုယ့်အတွက်

အဆင်ပြေနိုင်ဖို့ များပါတယ်။

ကိုယ်နဲ့သင့်တော်ပါ့မလား

အခြားအသုံးအဆောင်တွေကမသိသာပေမယ့်အဝတ်အစားလိုဟာမျိုးကျတော့ကိုယ်နဲ့သင့်တော်သလားဆိုတာ သေသေချာချာ စဉ်းစားဖို့လိုအပ်ပါတယ်။မော်ဒယ်လ်လှလှကဝတ်ထားတာကတော့အဆင်ပြေနေမှာပေ့ါ။ကိုယ်ဝတ်ဖို့

အဆင်ပြေပါ့မလား ဆိုတာကို ထည့်စဉ်းစားဖို့လိုပါတယ်။အလှအပ၊ကလေးအသုံးအဆောင်စတာတွေလည်း

 ဒီအတိုင်းပါပဲ။

အထက်ပါအချက်တွေကအွန်လိုင်းကနေ ဈေးဝယ်မယ့်သူတွေအတွက်အထောက်အပံ့ ပေးနိုင်မှာ

 ဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Voice Weekly
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top