Kantharyar Centre
×

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းက ငခူရ ဆိုတဲ့ မြတ္ဆလင္မ္ ေက်း႐ြာမွာ ေအာက္တိုဘာ ၃ဝ ရက္ ညဦးပိုင္းမွာ မီးေလာင္မႈ ျဖစ္ခဲ့ၿပီး ေသနတ္သံေတြ ၾကားခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႈးကေတာ့ ငခူရ မွာ ရွိတဲ့ ပလီ ဝတ္ေက်ာင္းေဘးက အိမ္ မီး႐ႈိ႕ ခံရတာကေန စတင္ ေလာင္ကၽြမ္း ခဲ့တာလို႔ ေျပာၿပီး ႐ႈိ႕မီး လက္သည္ဟာ ဘဂၤါလီ ေတြျဖစ္ေၾကာင္း အၾကမ္းဖ်င္း သိထား ရတယ္လို႔ ဆိုေပမယ့္ အတည္ျပဳ ႏိုင္ျခင္းေတာ့ မရွိပါဘူး။

ေသနတ္သံေတြ ဘာ့ေၾကာင့္ ထြက္ လာရသလဲ ဆိုတာလည္း အာဏာပိုင္ေတြက တစုံတရာ ေျပာဆို ႏိုင္ျခင္း မရွိပါဘူး။

ေမာင္ေတာၿမိဳ႕နယ္ အတြင္း တည္ၿငိမ္မႈေတြ ရရွိေနၿပီ ျဖစ္တယ္လို႔ ေဒသခံ အာဏာပိုင္ေတြ ဘက္က အေစာပိုင္းတုန္းက ေျပာဆို ထားမႈေတြ ရွိခဲ့ေပမယ့္ အခုလို ျဖစ္ရပ္မ်ိဳး ေပၚေပါက္ လာျပန္တဲ့ အတြက္ လက္ရွိ အေနအထားဟာ စိုးရိမ္စရာ ေကာင္းေနဆဲ ျဖစ္တယ္လို႔ ဘီဘီစီ သတင္းေထာက္ က ဆိုပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက အစိုးရ နယ္ျခားေစာင့္ စခန္းေတြ တိုက္ခိုက္ ခံခဲ့ရၿပီးတဲ့ ေနာက္ နယ္ေျမ ရွင္းလင္းေရး လုပ္ေဆာင္ ေနၾကတဲ့ အစိုးရ လုံးၿခဳံေရး တပ္ဖြဲ႕ေတြဟာ ႐ိုဟင္ဂ်ာ ႐ြာသားေတြကို ပစ္မွတ္ထားၿပီး သတ္ျဖတ္ ႏွိပ္စက္တာ၊ မုဒိန္းက်င့္တာ၊ မီး႐ႈိ႕တာေတြ က်ဳးလြန္ ေနတယ္ ဆိုတဲ့ စြပ္စြဲမႈ ေတြ ထြက္ေနတဲ့ အေပၚ စိုးရိမ္ေၾကာင္း ႏိုင္ငံတကာ လူ႕အခြင့္အေရး အဖြဲ႕ေတြ က ေျပာေနၾကၿပီး လြတ္လပ္တဲ့ စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔လည္း ေတာင္းဆို ေနၾကပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘီဘီစီျမန္မာပိုင္း

#Unicode Version
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ငခူရ ဆိုတဲ့ မွတ်ဆလင်မ် ကျေးရွာမှာ အောက်တိုဘာ ၃ဝ ရက် ညဦးပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပြီး သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောခရိုင် အုပ်ချုပ်ရေးမှုးကတော့ ငခူရ မှာ ရှိတဲ့ ပလီ ဝတ်ကျောင်းဘေးက အိမ် မီးရှို့ ခံရတာကနေ စတင် လောင်ကျွမ်း ခဲ့တာလို့ ပြောပြီး ရှို့မီး လက်သည်ဟာ ဘင်္ဂါလီ တွေဖြစ်ကြောင်း အကြမ်းဖျင်း သိထား ရတယ်လို့ ဆိုပေမယ့် အတည်ပြု နိုင်ခြင်းတော့ မရှိပါဘူး။

သေနတ်သံတွေ ဘာ့ကြောင့် ထွက် လာရသလဲ ဆိုတာလည်း အာဏာပိုင်တွေက တစုံတရာ ပြောဆို နိုင်ခြင်း မရှိပါဘူး။

မောင်တောမြို့နယ် အတွင်း တည်ငြိမ်မှုတွေ ရရှိနေပြီ ဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်တွေ ဘက်က အစောပိုင်းတုန်းက ပြောဆို ထားမှုတွေ ရှိခဲ့ပေမယ့် အခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက် လာပြန်တဲ့ အတွက် လက်ရှိ အနေအထားဟာ စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အစိုးရ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီးတဲ့ နောက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် နေကြတဲ့ အစိုးရ လုံးခြုံရေး တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ ရွာသားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ် နှိပ်စက်တာ၊ မုဒိန်းကျင့်တာ၊ မီးရှို့တာတွေ ကျုးလွန် နေတယ် ဆိုတဲ့ စွပ်စွဲမှု တွေ ထွက်နေတဲ့ အပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောနေကြပြီး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း တောင်းဆို နေကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဘီဘီစီမြန်မာပိုင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top