Golden City Promotion
×

  ေက်ာက္မီးေသြး ေလာင္စာသံုး အပူေပးစနစ္မ်ား ကို မွီခိုေနဆဲျဖစ္ေသာ တ႐ုတ္ ႏိုင္ငံတြင္ ေဆာင္းရာသီ ၀င္ ေရာက္ရန္ နီးကပ္လာစဥ္ ေဘ ဂ်င္းၿမိဳ႕ႏွင့္ ႏုိင္ငံေျမာက္ပိုင္း အ ျခားေဒသမ်ား၌ အႏၲရာယ္ရွိေသာ ျမဴခိုးမ်ား ထူထပ္စြာ ျဖစ္ေပၚေန သည္။


ျပင္းထန္ေသာ ေလထုညစ္ ညမ္းမႈေၾကာင့္ မ်က္ႏွာဖံုးမ်ား၊ ေလသန္႔စင္ေရး ကိရိယာမ်ားႏွင့္ မြန္ဂိုလီးယားေဒသ ေတာအုပ္ တစ္ခုမွ ရယူထားေသာ ေလသန္႔ ပုလင္းမ်ား ေရာင္းအားျမင့္တက္ လာေၾကာင္း သတင္းမ်ားက ေဖာ္ ျပသည္။

ေဆာင္းဦးရာသီ စတင္ၿပီး ေနာက္ ၿမိဳ႕ေတာ္ေဘဂ်င္းႏွင့္ အနီး တစ္၀ိုက္ေဒသမ်ားသည္ အႏၲ ရာယ္ရွိ ေလထုအရည္အေသြး ျဖစ္ေပၚသည့္အခ်ိန္ သံုးႀကိမ္ႀကံဳ ေတြ႕ခဲ့ရၿပီး လာမည့္လမ်ားအ တြင္း ယင္းအေျခအေန ပိုမိုဆိုး ရြားလာႏုိင္သည္ဟု မိုးေလ၀သ ဌာနက သတိေပးသည္။

မြန္ဂိုလီးယားေဒသရွိ ေတာင္ထူထပ္ရာ ေဒသတစ္ခုမွ ရယူထားေသာ ေလသန္႔ပုလင္းမ်ား ေရာင္းခ်ေနသည့္ Global Bio-tech ကုမၸဏီက ယခုလအတြင္း ေလသန္႔ပုလင္းမ်ား ေရာင္းအားေကာင္းလာသည္ဟုေျပာသည္။

ၾသဂုတ္လက ေလသန္႔ ပုလင္း ၁၀၀ ေရာင္းခ်ခဲ့ရၿပီး စက္ တင္ဘာတြင္ ပုလင္း ၄၀၀ ေရာင္း ခ်ခဲ့ရေသာ္လည္း ေအာက္တိုဘာ ပထမရက္ေပါင္း ၂၀ အတြင္း ပုလင္း ၁၀၀၀ ေက်ာ္ ေရာင္းခ်ခဲ့ ရကာ ေနာက္ပိုင္းတစ္ရက္လွ်င္ ပုလင္း ၁၀၀ ႏႈန္း ေရာင္းေနရ ေၾကာင္း ယင္းကုမၸဏီ၏ စီမံခန္႔ခဲြေရးဒါ႐ိုက္တာ မစၥတာခ်န္းက ေျပာသည္။

၀ယ္ယူသူအမ်ားစုမွာ ေဘ ဂ်င္းၿမိဳ႕ႏွင့္ ရွန္ေဒါင္းျပည္နယ္ရွိ ၿမိဳ႕မ်ားမွ အြန္လိုင္းမွတစ္ဆင့္ ၀ယ္ယူသူမ်ားျဖစ္ေၾကာင္း China Daily သတင္းက ေဖာ္ျပသည္။

 ေလသန္႔ပုလင္းတစ္လံုးကို ၅၈ ယြမ္ေပးရၿပီး မ်က္ႏွာဖံုးအစြပ္တစ္ခုလည္း ပါ၀င္မည္ျဖစ္ကာ သဘာ၀ေလကို မိနစ္ ၃၀ ၾကာ ႐ွဴႏိုင္မည္ျဖစ္ေၾကာင္း မစၥတာ ခ်န္းကေျပာသည္။

ထို႔ျပင္ ေလသန္႔ကိရိယာ မ်ား ေရာင္းအားျမင့္တက္လာၿပီး ယခုႏွစ္တြင္ ယင္းကိရိယာ ငါး သန္းေက်ာ္ ေရာင္းခ်ရမည္ဟု ေမွ်ာ္လင့္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ကျောက်မီးသွေး လောင်စာသုံး အပူပေးစနစ်များ ကို မှီခိုနေဆဲဖြစ်သော တရုတ် နိုင်ငံတွင် ဆောင်းရာသီ ဝင် ရောက်ရန် နီးကပ်လာစဉ် ဘေ ဂျင်းမြို့နှင့် နိုင်ငံမြောက်ပိုင်း အ ခြားဒေသများ၌ အန္တရာယ်ရှိသော မြူခိုးများ ထူထပ်စွာ ဖြစ်ပေါ်နေ သည်။


ပြင်းထန်သော လေထုညစ် ညမ်းမှုကြောင့် မျက်နှာဖုံးများ၊ လေသန့်စင်ရေး ကိရိယာများနှင့် မွန်ဂိုလီးယားဒေသ တောအုပ် တစ်ခုမှ ရယူထားသော လေသန့် ပုလင်းများ ရောင်းအားမြင့်တက် လာကြောင်း သတင်းများက ဖော် ပြသည်။

ဆောင်းဦးရာသီ စတင်ပြီး နောက် မြို့တော်ဘေဂျင်းနှင့် အနီး တစ်ဝိုက်ဒေသများသည် အန္တ ရာယ်ရှိ လေထုအရည်အသွေး ဖြစ်ပေါ်သည့်အချိန် သုံးကြိမ်ကြုံ တွေ့ခဲ့ရပြီး လာမည့်လများအ တွင်း ယင်းအခြေအနေ ပိုမိုဆိုး ရွားလာနိုင်သည်ဟု မိုးလေဝသ ဌာနက သတိပေးသည်။

မွန်ဂိုလီးယားဒေသရှိ တောင်ထူထပ်ရာ ဒေသတစ်ခုမှ ရယူထားသော လေသန့်ပုလင်းများ ရောင်းချနေသည့် Global Bio-tech ကုမ္ပဏီက ယခုလအတွင်း လေသန့်ပုလင်းများ ရောင်းအားကောင်းလာသည်ဟုပြောသည်။

သြဂုတ်လက လေသန့် ပုလင်း ၁၀၀ ရောင်းချခဲ့ရပြီး စက် တင်ဘာတွင် ပုလင်း ၄၀၀ ရောင်း ချခဲ့ရသော်လည်း အောက်တိုဘာ ပထမရက်ပေါင်း ၂၀ အတွင်း ပုလင်း ၁၀၀၀ ကျော် ရောင်းချခဲ့ ရကာ နောက်ပိုင်းတစ်ရက်လျှင် ပုလင်း ၁၀၀ နှုန်း ရောင်းနေရ ကြောင်း ယင်းကုမ္ပဏီ၏ စီမံခန့်ခွဲရေးဒါရိုက်တာ မစ္စတာချန်းက ပြောသည်။

ဝယ်ယူသူအများစုမှာ ဘေ ဂျင်းမြို့နှင့် ရှန်ဒေါင်းပြည်နယ်ရှိ မြို့များမှ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသူများဖြစ်ကြောင်း China Daily သတင်းက ဖော်ပြသည်။

 လေသန့်ပုလင်းတစ်လုံးကို ၅၈ ယွမ်ပေးရပြီး မျက်နှာဖုံးအစွပ်တစ်ခုလည်း ပါဝင်မည်ဖြစ်ကာ သဘာဝလေကို မိနစ် ၃၀ ကြာ ရှူနိုင်မည်ဖြစ်ကြောင်း မစ္စတာ ချန်းကပြောသည်။

ထို့ပြင် လေသန့်ကိရိယာ များ ရောင်းအားမြင့်တက်လာပြီး ယခုနှစ်တွင် ယင်းကိရိယာ ငါး သန်းကျော် ရောင်းချရမည်ဟု မျှော်လင့်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top