Kantharyar Centre
×

ေရႊတိဂုံေတာ္နဲ႔ ရန္ကုန္ၿမိဳ႕႐ႈခင္းကုိ ဟီလီယံဓာတ္ေငြ႕ေဘာလုံးနဲ႔ ေကာင္းကင္ေပၚကေန ၾကည့္႐ႈႏုိင္မယ့္ ဝန္ေဆာင္မႈကုိလာမယ့္ ဒီဇင္ဘာလမွာ စတင္ႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ Myanmar VorageInternational Tourism ကုမၸဏီကေန သိရပါတယ္။

ဒီမိုးပ်ံေဘာလံုးစီနင္းတဲ့ ၀န္ေဆာင္မႈကုိ ကန္ေတာ္ႀကီးပန္းၿခံထဲက စတုရန္းေပ ၄ဝ,ဝဝဝ က်ယ္ဝန္းတဲ့ ငါးျပတိုက္ေဟာင္းေနရာမွာ အေမရိကန္ကုမၸဏီတစ္ခုနဲ႔  ပူးေပါင္းလုပ္ကိုင္သြားမယ္လုိ႔ သိရပါတယ္။

''ေရႊတိဂံုေပၚကပ်ံဖုိ႔ အစီအစဥ္မရွိပါဘူး။ ေရႊတိဂံုနဲ႔ တစ္ကီလုိမီတာေက်ာ္ အကြာအေဝးကေန လုပ္မွာဆုိေတာ့ အထက္ပစၥယံကို ကြက္ကြက္ ကြင္းကြင္ ျမင္ရတယ္။ အေမရိကန္စီးပြားေရးပိတ္ဆုိ႔မႈ ဖြင့္ၿပီးတဲ့ ေနာက္မွာ အေမရိကန္နဲ႔ ပထမဦးဆံုး ဖက္စပ္ရင္းႏွီးျမႇဳပ္ႏွံတာ ျဖစ္ပါတယ္''လုိ႔ ကုမၸဏီတာဝန္ရွိသူက ေျပာပါတယ္။

ဒီစီမံကိန္းေဆာင္ရြက္ဖုိ႔ လြန္ခဲ့တဲ့ ဧၿပီလကုန္ပိုင္းက ရန္ကုန္တုိင္းေဒသႀကီးအစိုးရထံ အဆုိျပဳခဲ့ၿပီး ဇြန္လမွာ စီမံကိန္းလုပ္ကိုင္ခြင့္ရရွိခဲ့ကာ စီမံကိန္းေျမေနရာ ငွားရမ္းခအတြက္ အေမရိကန္ေဒၚလာသိန္းခ်ီေပးသြင္းရမယ္လုိ႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရွှေတိဂုံတော်နဲ့ ရန်ကုန်မြို့ရှုခင်းကို ဟီလီယံဓာတ်ငွေ့ဘောလုံးနဲ့ ကောင်းကင်ပေါ်ကနေ ကြည့်ရှုနိုင်မယ့် ဝန်ဆောင်မှုကိုလာမယ့် ဒီဇင်ဘာလမှာ စတင်နိုင်အောင် စီစဉ်နေတယ်လို့ Myanmar VorageInternational Tourism ကုမ္ပဏီကနေ သိရပါတယ်။

ဒီမိုးပျံဘောလုံးစီနင်းတဲ့ ဝန်ဆောင်မှုကို ကန်တော်ကြီးပန်းခြံထဲက စတုရန်းပေ ၄ဝ,ဝဝဝ ကျယ်ဝန်းတဲ့ ငါးပြတိုက်ဟောင်းနေရာမှာ အမေရိကန်ကုမ္ပဏီတစ်ခုနဲ့  ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

''ရွှေတိဂုံပေါ်ကပျံဖို့ အစီအစဉ်မရှိပါဘူး။ ရွှေတိဂုံနဲ့ တစ်ကီလိုမီတာကျော် အကွာအဝေးကနေ လုပ်မှာဆိုတော့ အထက်ပစ္စယံကို ကွက်ကွက် ကွင်းကွင် မြင်ရတယ်။ အမေရိကန်စီးပွားရေးပိတ်ဆို့မှု ဖွင့်ပြီးတဲ့ နောက်မှာ အမေရိကန်နဲ့ ပထမဦးဆုံး ဖက်စပ်ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်''လို့ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

ဒီစီမံကိန်းဆောင်ရွက်ဖို့ လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အဆိုပြုခဲ့ပြီး ဇွန်လမှာ စီမံကိန်းလုပ်ကိုင်ခွင့်ရရှိခဲ့ကာ စီမံကိန်းမြေနေရာ ငှားရမ်းခအတွက် အမေရိကန်ဒေါ်လာသိန်းချီပေးသွင်းရမယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top