Property Expo
×

တူရကီႏိုင္ငံေတာင္ပိုင္း၊ အဒါနာၿမိဳ႕က Mehmet Elmaz ဆိုတဲ့ ၇ ႏွစ္သားေလးဟာ နားတစ္ဖက္ကိုက္လြန္းလို႔ မအိပ္ႏိုင္တဲ့အထိေအာင္ ခံစားေနရတာေၾကာင့္ ေဆးရံုကို ေရာက္လာခဲ့ပါတယ္။ နားကိုက္ေနတာ ၁၀ ရက္ေလာက္ေတာင္ ၾကာေနခဲ့ပါၿပီ။

ကနဦးပိုင္းမွာေတာ့ အထူးကု ဆရာဝန္တစ္ေယာက္နဲ႔ ျပခဲ့ပါေသးတယ္။ ဆရာဝန္က အယ္လ္မက္ဇ္ရဲ႕ နားထဲက ေလာက္အရွင္ ၁၃ ေကာင္ကို ညႇပ္နဲ႔ဆြဲထုတ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕နားက ဆက္ၿပီး ယားယံနာက်င္ေနတုန္းမို႔ ဖခင္က ေဆးရံုကို ေခၚသြားခဲ့ပါတယ္။


စမ္းသပ္မႈေတြအၿပီးမွာေတာ့ အယ္လ္မက္ဇ္ရဲ႕ နားအ႐ိုးႏုၾကားမွာ ကပ္ေနတဲ့ေလာက္ႀကီးတစ္ေကာင္ကို ခြဲစိတ္ဖယ္႐ွားလိုက္ရပါတယ္။ ဒီေတာ့မွပဲ ေကာင္ေလးလည္း နားကိုက္တာ၊ ယားယံတာေတြ ေပ်ာက္သြားပါေတာ့တယ္။ နားထဲကို ယင္ေကာင္ဝင္ဥရင္း ခုလို ေလာက္ေတြတြယ္ကုန္တာျဖစ္တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။ ဘာေၾကာင့္ ခုေလာက္ထိ ျဖစ္သြားသလဲဆုိတာကိုေတာ့ ဆရာဝန္ေတြက သိခ်င္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

တူရကီနိုင်ငံတောင်ပိုင်း၊ အဒါနာမြို့က Mehmet Elmaz ဆိုတဲ့ ၇ နှစ်သားလေးဟာ နားတစ်ဖက်ကိုက်လွန်းလို့ မအိပ်နိုင်တဲ့အထိအောင် ခံစားနေရတာကြောင့် ဆေးရုံကို ရောက်လာခဲ့ပါတယ်။ နားကိုက်နေတာ ၁၀ ရက်လောက်တောင် ကြာနေခဲ့ပါပြီ။

ကနဦးပိုင်းမှာတော့ အထူးကု ဆရာဝန်တစ်ယောက်နဲ့ ပြခဲ့ပါသေးတယ်။ ဆရာဝန်က အယ်လ်မက်ဇ်ရဲ့ နားထဲက လောက်အရှင် ၁၃ ကောင်ကို ညှပ်နဲ့ဆွဲထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နားက ဆက်ပြီး ယားယံနာကျင်နေတုန်းမို့ ဖခင်က ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။

စမ်းသပ်မှုတွေအပြီးမှာတော့ အယ်လ်မက်ဇ်ရဲ့ နားအရိုးနုကြားမှာ ကပ်နေတဲ့လောက်ကြီးတစ်ကောင်ကို ခွဲစိတ်ဖယ်ရှားလိုက်ရပါတယ်။ ဒီတော့မှပဲ ကောင်လေးလည်း နားကိုက်တာ၊ ယားယံတာတွေ ပျောက်သွားပါတော့တယ်။ နားထဲကို ယင်ကောင်ဝင်ဥရင်း ခုလို လောက်တွေတွယ်ကုန်တာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဘာကြောင့် ခုလောက်ထိ ဖြစ်သွားသလဲဆိုတာကိုတော့ ဆရာဝန်တွေက သိချင်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top