Property Expo
×

                   ျမန္မာနိုင္ငံကို ျပန္ေရာက္လာသူ ဦးေရ ငါးရာ ဝန္းက်င္ ရွိသြားၿပီ

ထိုင္းနဲ႔ အင္ဒိုနီးရွား နိုင္ငံ ေရပိုင္နက္ ေတြထဲ ငါးဖမ္း ေလွေတြေပၚ ေခတ္သစ္ ကၽြန္ေတြ သဖြယ္ ခိုင္းခံခဲ့ရၿပီး အင္ဒိုနီးရွား ကၽြန္းေတြမွာ ေရာင္းစား ခံခဲ့ရတဲ့ ျမန္မာ လုပ္သားေတြဟာ ျပန္လည္ လြတ္ေျမာက္ၿပီး ေနရပ္ကို ေရာက္ရွိ ခဲ့ၾကတာ ႏွစ္နဲ႔ခ်ီ ၾကာျမင့္ၿပီ ျဖစ္ေပမယ့္လည္း ဆုံးရွုံး ခဲ့ရတဲ့ လုပ္ခ လစာေတြ၊ နစ္နာေၾကးေတြ အခု ထက္ထိ မရနိုင္ ျဖစ္ေနတဲ့ အတြက္ ဒီ အေရး ေျဖရွင္း ေပးဖို႔ ျမန္မာ အစိုးရကို စုေပါင္း ေတာင္းဆို ခဲ့ၾက ပါတယ္။

အင္ဒိုနီးရွား ကေန ျမန္မာ နိုင္ငံကို ျပန္လည္ ေခၚေဆာင္ လာခဲ့တုန္းကေတာ့ အင္ဒိုနီးရွားနဲ႔ ျမန္မာ အာဏာပိုင္ ေတြက နစ္နာ ခဲ့ရသမၽွ ေတြ ကို ၆ လ အတြင္း ျပန္လည္ ရရွိေအာင္ ျပဳလုပ္ ေပးမယ္ ဆိုတဲ့ ကတိကဝတ္ မ်ိဳး ေတြ ျပဳခဲ့တယ္လို႔ ကိုယ္တိုင္ ေတြ႕ၾကဳံ ခံစား ခဲ့ရၿပီး ျပန္လည္ လြတ္ေျမာက္ လာခဲ့သူ တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

အင္ဒိုနီးရွား နိုင္ငံမွာ ေရာင္းစား ကၽြန္ျပဳခံရတဲ့ ျမန္မာ ေရလုပ္သားေတြ အေၾကာင္း နိုင္ငံတကာ မီဒီယာေတြက ေဖာ္ထုတ္ ေရးသားခဲ့တဲ့ေနာက္ ၂၀၁၅ ေမလ က စလို႔ ေရလုပ္သားေတြကို အစိုးရခ်င္း ခ်ိတ္ဆက္ကာ ျပန္လည္ ေခၚယူ ခဲ့တာမွာ ျမန္မာနိုင္ငံကို ျပန္ေရာက္လာသူ ဦးေရ ငါးရာ ဝန္းက်င္ ရွိသြားၿပီလို႔ ဘီဘီစီ သတင္းေထာက္ က ဆိုပါတယ္။

လြတ္ေျမာက္ လာသူေတြ ေနရပ္ ျပန္ေရာက္တာ တစ္ႏွစ္ ေက်ာ္ ကာလ အတြင္း လုပ္ခနဲ႔ နစ္နာေၾကးေတြနဲ႔ ပတ္သက္ၿပီး ဘာမွ ထူးျခား လာတာ မရွိတဲ့ အတြက္ ၂ဝ၁၆ ေအာက္တိုဘာ ၅ ရက္ေန႔ တုန္းကေတာ့ ရန္ကုန္က ျမန္မာ ဂ်ာနယ္လစ္ ကြန္ယက္ ႐ုံးမွာ သတင္းစာ ရွင္းလင္းပြဲ လုပ္ၿပီး အစိုးရက တာဝန္ယူ စီမံေပးဖို႔ ေတာင္းဆို လာတာ ျဖစ္ပါတယ္။

ကၽြန္ျပဳ ခိုင္းေစ ခံခဲ့ရသူေတြ အေနနဲ႔ နစ္နာ ခဲ့ရသမၽွ အတြက္ သက္ဆိုင္ရာ ကုမၸဏီေတြ၊ လုပ္ငန္းရွင္ေတြဆီ ဥပေဒေၾကာင္း အရ တရား စြဲဆို ေတာင္းဆို နိုင္ဖို႔ ဆိုရင္ အစိုးရခ်င္း ခ်ိတ္ဆက္ၿပီး ေဆာင္ရြက္ ေပးမွ ျဖစ္လိမ့္မယ္လို႔ ေရလုပ္သားေတြ ျမန္မာနိုင္ငံ ျပန္ေရာက္ေအာင္ ၾကားဝင္ လုပ္ေဆာင္ ေပးခဲ့တဲ့ နိုင္ငံတကာ ေရြ႕ေျပာင္း ဝင္ေရာက္မွု ဆိုင္ရာ အဖြဲ႕အစည္း IOM က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
 မြန်မာနိုင်ငံကို ပြန်ရောက်လာသူ ဦးရေ ငါးရာ ဝန်းကျင် ရှိသွားပြီ


ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံ ရေပိုင်နက် တွေထဲ ငါးဖမ်း လှေတွေပေါ် ခေတ်သစ် ကျွန်တွေ သဖွယ် ခိုင်းခံခဲ့ရပြီး အင်ဒိုနီးရှား ကျွန်းတွေမှာ ရောင်းစား ခံခဲ့ရတဲ့ မြန်မာ လုပ်သားတွေဟာ ပြန်လည် လွတ်မြောက်ပြီး နေရပ်ကို ရောက်ရှိ ခဲ့ကြတာ နှစ်နဲ့ချီ ကြာမြင့်ပြီ ဖြစ်ပေမယ့်လည်း ဆုံးရှုံး ခဲ့ရတဲ့ လုပ်ခ လစာတွေ၊ နစ်နာကြေးတွေ အခု ထက်ထိ မရနိုင် ဖြစ်နေတဲ့ အတွက် ဒီ အရေး ဖြေရှင်း ပေးဖို့ မြန်မာ အစိုးရကို စုပေါင်း တောင်းဆို ခဲ့ကြ ပါတယ်။

အင်ဒိုနီးရှား ကနေ မြန်မာ နိုင်ငံကို ပြန်လည် ခေါ်ဆောင် လာခဲ့တုန်းကတော့ အင်ဒိုနီးရှားနဲ့ မြန်မာ အာဏာပိုင် တွေက နစ်နာ ခဲ့ရသမျှ တွေ ကို ၆ လ အတွင်း ပြန်လည် ရရှိအောင် ပြုလုပ် ပေးမယ် ဆိုတဲ့ ကတိကဝတ် မျိုး တွေ ပြုခဲ့တယ်လို့ ကိုယ်တိုင် တွေ့ကြုံ ခံစား ခဲ့ရပြီး ပြန်လည် လွတ်မြောက် လာခဲ့သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ရောင်းစား ကျွန်ပြုခံရတဲ့ မြန်မာ ရေလုပ်သားတွေ အကြောင်း နိုင်ငံတကာ မီဒီယာတွေက ဖော်ထုတ် ရေးသားခဲ့တဲ့နောက် ၂၀၁၅ မေလ က စလို့ ရေလုပ်သားတွေကို အစိုးရချင်း ချိတ်ဆက်ကာ ပြန်လည် ခေါ်ယူ ခဲ့တာမှာ မြန်မာနိုင်ငံကို ပြန်ရောက်လာသူ ဦးရေ ငါးရာ ဝန်းကျင် ရှိသွားပြီလို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

လွတ်မြောက် လာသူတွေ နေရပ် ပြန်ရောက်တာ တစ်နှစ် ကျော် ကာလ အတွင်း လုပ်ခနဲ့ နစ်နာကြေးတွေနဲ့ ပတ်သက်ပြီး ဘာမှ ထူးခြား လာတာ မရှိတဲ့ အတွက် ၂ဝ၁၆ အောက်တိုဘာ ၅ ရက်နေ့ တုန်းကတော့ ရန်ကုန်က မြန်မာ ဂျာနယ်လစ် ကွန်ယက် ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အစိုးရက တာဝန်ယူ စီမံပေးဖို့ တောင်းဆို လာတာ ဖြစ်ပါတယ်။

ကျွန်ပြု ခိုင်းစေ ခံခဲ့ရသူတွေ အနေနဲ့ နစ်နာ ခဲ့ရသမျှ အတွက် သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေဆီ ဥပဒေကြောင်း အရ တရား စွဲဆို တောင်းဆို နိုင်ဖို့ ဆိုရင် အစိုးရချင်း ချိတ်ဆက်ပြီး ဆောင်ရွက် ပေးမှ ဖြစ်လိမ့်မယ်လို့ ရေလုပ်သားတွေ မြန်မာနိုင်ငံ ပြန်ရောက်အောင် ကြားဝင် လုပ်ဆောင် ပေးခဲ့တဲ့ နိုင်ငံတကာ ရွေ့ပြောင်း ဝင်ရောက်မှု ဆိုင်ရာ အဖွဲ့အစည်း IOM က ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top