Kantharyar Centre
×






#Unicode Version

သင့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ် ဘယ်လောက်ဆိုးရွားတယ် ဆိုတာ မပြောခင်၊ အခုပြောပြမယ့် အလုပ်တစ်ခုက ဆိုးရွားပြီး စိတ် ပျက်စရာကောင်းတယ်လို့ ပြောလို့ရပါတယ်။ အီးနံ့ရှု အနံ့ခံပေးတဲ့ အလုပ်တစ်ခုက တရုတ်နိုင်ငံက အမှန်တကယ်ပဲ အသက်မွေးဝမ်း ကြောင်း အလုပ်အကိုင်တစ်ခုအဖြစ် လုပ်ကိုင်နေကြတာပဲ ဖြစ်ပါ တယ်။

အလုပ်အမည်ကြားလိုက်တာနဲ့ စိတ်ပျက်စရာ၊ ရွံ့စရာကောင်းတယ် လို့ ထင်ရပေမယ့်တော့ တကယ်ကိုဝင်ငွေကောင်းတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။

ကျွမ်းကျင်တဲ့ လေလည်အနံ့ခံနိုင်တဲ့သူတစ်ယောက်က လေလည် လိုက်တဲ့ အနံ့မျိုးစုံကိုအနံ့ခံ ခွဲခြားစိပ်ဖြာပေးပြီးတော့ ကိုယ်တွင်း ကျန်းမာရေးအခြေအနေ၊ ကောင်းမကောင်းကို အကဲခတ်ပြီးပြော ကြားပေးရမှာ ဖြစ်ပါတယ်။

တစ်နှစ်တစ်နှစ်ကို ဒေါ်လာ ငါးသောင်းနီးပါး ရှာဖွေနိုင်တဲ့ ဒီအီးနံ့ခံ တဲ့အလုပ်အတွက် သင်ကြားမှု၊ သင်တန်းပေးမှုကလည်း လွယ်ကူ တာတော့မဟုတ်ပါဘူး။ ခက်ခဲပြီးတော့ အချိန်ကြာကြိုးစားယူရပါ တယ်။ လူတိုင်းလည်း မလုပ်နိုင်သလို တကယ့်ကိုလုပ်ကိုင်ဖို့ ရဲရင့် တက်ကြွသူနဲ့ စိတ်အားထက်သန်သူ၊ စိတ်ဝင်စားသူ၊ ဝါသနာပါသူ တွေကမှ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top