Kantharyar Centre
×

 အေမရိကန္ သမၼတ ဘာရတ္အိုဘားမားကိုပင္ လူသိရွင္ၾကား ဆဲေရးဖူးသည့္ ဒူတာေတးက ဂ်ပန္ခရီးစဉ္မွအျပန္ ဇာတိၿမိဳ႕ ဒါဗာအိုသို႔ ျပန္အေရာက္တြင္ ယခုလို ကတိေပးခဲ့ျခင္း ျဖစ္သည္။ ဒူတာေတးသည္ ဒါဗာအိုတြင္ ၿမိဳ႕ေတာ္ဝန္အျဖစ္ ႏွစ္ရွည္လမ်ား တာဝန္ယူခဲ့ဖူးသလို ၿမိဳ႕ကို သံေယာဇဉ္ ႀကီးလြန္းသျဖင့္ အစိုးရ ႐ံုးပိတ္ရက္မ်ားတြင္ မနီလာမွ ဒါဗာအိုသို႔ ပံုမွန္ ျပန္သြားေလ့ ရွိသည္။

၎က ဘုရားသခင္၏ အလိုေတာ္အရ မိမိအေနျဖင့္ ဝသီကို ထိန္းခ်ဳပ္ရန္ ဆံုးျဖတ္ထားေၾကာင္း ဆိုသည္။ “က်ဳပ္စိတ္ထဲမွာ အသံတစ္ခု ၾကားမိလုိက္တယ္။ ဆဲဆိုႀကိမ္းဝါးေနတာေတြ ရပ္တန္းကရပ္၊ မဟုတ္ရင္ ေလယာဉ္က လမ္းတစ္ဝက္မွာတင္ ပ်က္က်မယ္တဲ့။ ဒါနဲ႔ က်ဳပ္လည္း ဒီဝသီကို ရပ္ပါ့မယ္လို႔ စိတ္ထဲကေန ကတိျပန္ေပးလုိက္တယ္”ဟု ဒူတာေတးက ေျပာၾကားခဲ့သည္။

ဒူတာေတးသည္ အိုဘားမားကို မိန္းမပ်က္သားဟု ဆဲေရး တိုင္းထြာဖူးသလို ဥေရာပ သမဂၢကိုလည္း ေၾကာင္သူေတာ္မ်ားဟု ေဝဖန္ခဲ့ဖူးသည္။ ၎က ႏႈတ္မေစာင့္စည္းမႈကို စြန္႔ခြာျခင္းသည္ ဘုရားသခင္ကိုသာ မကဘဲ ဖိလစ္ပိုင္ ျပည္သူမ်ားကိုပါ ေပးအပ္လုိက္သည့္ ကတိတစ္ခုဟုလည္း ဆိုသည္။

ဖိလစ္ပိုင္ အမ်ားစုနည္းတူ ဒူတာေတးသည္လည္း ႐ိုမန္ကက္သလစ္ ဘာသာဝင္ တစ္ဦးျဖစ္သည္။ သို႔ေသာ္ ၎သည္ မိန္းမလုိက္စားျခင္းကို ေပၚေပၚထင္ထင္ ဝါႂကြားေလ့ရွိၿပီး ႐ိုမန္ကက္သလစ္ ခရစ္ယာန္ ဘာသာေရး၏ အထြဋ္အျမတ္ ပုဂၢိဳလ္ျဖစ္သည့္ ပုပ္ရဟန္းမင္းႀကီး ဖိလစ္ပိုင္သို႔ လာေရာက္စဉ္ ကားလမ္းမ်ား ပိတ္ကုန္ရာမွ ပုပ္ကို မိန္းမပ်က္သား တစ္ဦးဟု ဆဲေရးခဲ့ဖူးေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကိုပင် လူသိရှင်ကြား ဆဲရေးဖူးသည့် ဒူတာတေးက ဂျပန်ခရီးစဉ်မှအပြန် ဇာတိမြို့ ဒါဗာအိုသို့ ပြန်အရောက်တွင် ယခုလို ကတိပေးခဲ့ခြင်း ဖြစ်သည်။ ဒူတာတေးသည် ဒါဗာအိုတွင် မြို့တော်ဝန်အဖြစ် နှစ်ရှည်လများ တာဝန်ယူခဲ့ဖူးသလို မြို့ကို သံယောဇဉ် ကြီးလွန်းသဖြင့် အစိုးရ ရုံးပိတ်ရက်များတွင် မနီလာမှ ဒါဗာအိုသို့ ပုံမှန် ပြန်သွားလေ့ ရှိသည်။

၎င်းက ဘုရားသခင်၏ အလိုတော်အရ မိမိအနေဖြင့် ဝသီကို ထိန်းချုပ်ရန် ဆုံးဖြတ်ထားကြောင်း ဆိုသည်။ “ကျုပ်စိတ်ထဲမှာ အသံတစ်ခု ကြားမိလိုက်တယ်။ ဆဲဆိုကြိမ်းဝါးနေတာတွေ ရပ်တန်းကရပ်၊ မဟုတ်ရင် လေယာဉ်က လမ်းတစ်ဝက်မှာတင် ပျက်ကျမယ်တဲ့။ ဒါနဲ့ ကျုပ်လည်း ဒီဝသီကို ရပ်ပါ့မယ်လို့ စိတ်ထဲကနေ ကတိပြန်ပေးလိုက်တယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဒူတာတေးသည် အိုဘားမားကို မိန်းမပျက်သားဟု ဆဲရေး တိုင်းထွာဖူးသလို ဥရောပ သမဂ္ဂကိုလည်း ကြောင်သူတော်များဟု ဝေဖန်ခဲ့ဖူးသည်။ ၎င်းက နှုတ်မစောင့်စည်းမှုကို စွန့်ခွာခြင်းသည် ဘုရားသခင်ကိုသာ မကဘဲ ဖိလစ်ပိုင် ပြည်သူများကိုပါ ပေးအပ်လိုက်သည့် ကတိတစ်ခုဟုလည်း ဆိုသည်။

ဖိလစ်ပိုင် အများစုနည်းတူ ဒူတာတေးသည်လည်း ရိုမန်ကက်သလစ် ဘာသာဝင် တစ်ဦးဖြစ်သည်။ သို့သော် ၎င်းသည် မိန်းမလိုက်စားခြင်းကို ပေါ်ပေါ်ထင်ထင် ဝါကြွားလေ့ရှိပြီး ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အမြတ် ပုဂ္ဂိုလ်ဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖိလစ်ပိုင်သို့ လာရောက်စဉ် ကားလမ်းများ ပိတ်ကုန်ရာမှ ပုပ်ကို မိန်းမပျက်သား တစ်ဦးဟု ဆဲရေးခဲ့ဖူးကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top