Property Expo
×

ဟာသသ႐ုပ္ေဆာင္ မိုးဒီသည္ ေရႊဂံုတုိင္ SSC ေဆး ႐ံုတြင္ ေဆးကုသမႈခံယူလ်က္ရွိၿပီး က်န္းမာေရးအေျခအေနေကာင္း မြန္ေၾကာင္း ၎၏ သားျဖစ္သူ ကိုဝင္းထြန္းက ေျပာသည္။

‘‘ႏွလံုးေသြးငတ္ေနသလို ျဖစ္သြားလို႔ဆုိၿပီး ဆရာဝန္က ႏွစ္ ရက္ေလာက္ စစ္ေဆးခ်င္တယ္ ဆုိလုိ႔ တက္ရတာပါ။ မေန႔က (ေအာက္တိုဘာ ၂၉ ရက္)စတက္ တာပါ’’ဟု ၎က ေျပာသည္။

မိုးဒီသည္ ယခင္က ႏွလံုး ေသြးေၾကာပိတ္ဖူးေသာေၾကာင့္ ေဆးကုသမႈခံယူခဲ့ရကာ ၿပီးခဲ့ သည့္ရက္က တစ္ရက္အတြင္း ရင္ဘတ္ႏွစ္ႀကိမ္ခန္႔ ေအာင့္ေသာ ေၾကာင့္ ဆရာဝန္မ်ား ၫႊန္ၾကား ထားသည့္အတုိင္း ေဆး႐ံုသို႔ သြားေရာက္ခဲ့ျခင္းျဖစ္သည္ဟု ၎က ဆုိသည္။

‘‘လက္ရွိ အေျခအေနက ေတာ့ စိုးရိမ္စရာမရွိပါဘူး။ အခု ေဆးေတြသြင္းထားတာ။ မနက္ ျဖန္ တစ္ခါေဆးထပ္သြင္းၿပီးရင္ ဆရာႀကီးက ညေနေလာက္ကို ဆင္းဖို႔၊ မဆင္းဖို႔ ဆံုးျဖတ္ေပးမယ္ တဲ့။ ဆက္ထားသင့္ရင္ေတာ့ လည္း တစ္ရက္၊ ႏွစ္ရက္ေလာက္ ထပ္ထားရဦးမွာေပါ့’’ဟု ကိုဝင္း ထြန္းက ေျပာသည္။

မိုးဒီသည္    လက္ရွိတြင္ အသက္ (၆၉)ႏွစ္အရြယ္ရွိၿပီး ႐ုပ္ရွင္ဇာတ္ကားမ်ားကို ႐ိုက္ကူး ေနဆဲျဖစ္ကာ ႏိုဝင္ဘာအတြင္း လည္း ဒါ႐ိုက္တာေဇာ္ျမင့္ဦး ႐ိုက္ကူးမည့္ ဇာတ္ကား၌ ပါဝင္ သ႐ုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း  ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဟာသသရုပ်ဆောင် မိုးဒီသည် ရွှေဂုံတိုင် SSC ဆေး ရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေကောင်း မွန်ကြောင်း ၎င်း၏ သားဖြစ်သူ ကိုဝင်းထွန်းက ပြောသည်။

‘‘နှလုံးသွေးငတ်နေသလို ဖြစ်သွားလို့ဆိုပြီး ဆရာဝန်က နှစ် ရက်လောက် စစ်ဆေးချင်တယ် ဆိုလို့ တက်ရတာပါ။ မနေ့က (အောက်တိုဘာ ၂၉ ရက်)စတက် တာပါ’’ဟု ၎င်းက ပြောသည်။

မိုးဒီသည် ယခင်က နှလုံး သွေးကြောပိတ်ဖူးသောကြောင့် ဆေးကုသမှုခံယူခဲ့ရကာ ပြီးခဲ့ သည့်ရက်က တစ်ရက်အတွင်း ရင်ဘတ်နှစ်ကြိမ်ခန့် အောင့်သော ကြောင့် ဆရာဝန်များ ညွှန်ကြား ထားသည့်အတိုင်း ဆေးရုံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘လက်ရှိ အခြေအနေက တော့ စိုးရိမ်စရာမရှိပါဘူး။ အခု ဆေးတွေသွင်းထားတာ။ မနက် ဖြန် တစ်ခါဆေးထပ်သွင်းပြီးရင် ဆရာကြီးက ညနေလောက်ကို ဆင်းဖို့၊ မဆင်းဖို့ ဆုံးဖြတ်ပေးမယ် တဲ့။ ဆက်ထားသင့်ရင်တော့ လည်း တစ်ရက်၊ နှစ်ရက်လောက် ထပ်ထားရဦးမှာပေါ့’’ဟု ကိုဝင်း ထွန်းက ပြောသည်။

မိုးဒီသည်    လက်ရှိတွင် အသက် (၆၉)နှစ်အရွယ်ရှိပြီး ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူး နေဆဲဖြစ်ကာ နိုဝင်ဘာအတွင်း လည်း ဒါရိုက်တာဇော်မြင့်ဦး ရိုက်ကူးမည့် ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း  ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top