Property Expo
×

တ႐ုတ္ႏုိင္ငံ ၿမဳိ႕ႀကီးတစ္ၿမဳိ႕ရဲ႕ ထိပ္တန္းအရာ႐ွိတစ္ဦးကုိ အက်င့္ပ်က္ျခစားမႈျဖင့္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္လုိက္ေၾကာင္း အစုိးရသတင္းဌာနက ယေန႕ (ေအာက္တုိဘာ ၁၂ ရက္) ေျပာပါတယ္။ တ႐ုတ္ေျမာက္ပုိင္း ႐ွန္ဇီျပည္နယ္ တုိင္ယြမ္ၿမဳိ႕မွာ ကြန္ျမဴနစ္ပါတီေခါင္းေဆာင္အျဖစ္ ေဆာင္႐ြက္ခဲ့သူ ႐ွန္ေဝခ်န္းကုိ အက်င့္ပ်က္ျခစားမႈစြဲခ်က္ျဖင့္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္လုိက္တာ ျဖစ္ပါတယ္။

၎ကုိ အက်င့္ပ်က္ျခစားမႈျဖင့္ ၂၀၁၄ ခုႏွစ္အတြင္းမွာ စတင္ စုံစမ္းစစ္ေဆးခဲ့ပါတယ္။ ေက်ာက္မီးေသြးတြင္းမ်ား ေပါမ်ားတဲ့ ႐ွန္ဇီျပည္နယ္ဟာ တ႐ုတ္သမၼတရဲ႕ အက်င့္ပ်က္ျခစားမႈ တုိက္ဖ်က္ေရး အဓိကထား ေဆာင္႐ြက္တဲ့ ေဒသမ်ားအနက္ တစ္ခုအပါအဝင္လည္း ျဖစ္ပါတယ္။

တုိင္ယြမ္ၿမဳိ႕ ကြန္ျမဴနစ္ပါတီေခါင္းေဆာင္ေဟာင္း ႐ွန္ေဝခ်န္းဟာ ၁၉၉၂ ခုႏွစ္နဲ႕ ၂၀၁၄ ခုႏွစ္အတြင္း လာဘ္ေငြ ယြမ္သန္း ၁၀၀ (အေမရိကန္ေဒၚလာ ၁၅ သန္း) ရယူခဲ့ေၾကာင္း တရား႐ုံးက စစ္ေဆးေတြ႕႐ွိခဲ့တယ္လို႕ China Daily မွာ ေဖာ္ျပပါတယ္။ ႐ွန္ေဝခ်န္းဟာ ၎ရဲ႕ၾသဇာအာဏာကုိ အလြဲသုံးစားလုပ္ၿပီး စီပြားေရးလုပ္ငန္းေတြနဲ႕ အလုပ္အကုိင္ ရာထူးခန္႕ထားေရးေတြမွာ ပါဝင္စြက္ဖက္ခဲ့ေၾကာင္း တရား႐ုံးက ေျပာပါတယ္။

၎ဟာ ျပစ္မႈေတြကုိ ဝန္ခံခဲ့ၿပီး က်ဴးလြန္ခဲ့မိတဲ့အတြက္ ေနာင္တရေၾကာင္း ထြက္ဆိုမႈေတြေၾကာင့္ ေသဒဏ္အစား ေထာင္ဒဏ္တစ္သက္ ေလွ်ာ့ေပါ့ခ်မွတ္ခံရတာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

တရုတ်နိုင်ငံ မြို့ကြီးတစ်မြို့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း အစိုးရသတင်းဌာနက ယနေ့ (အောက်တိုဘာ ၁၂ ရက်) ပြောပါတယ်။ တရုတ်မြောက်ပိုင်း ရှန်ဇီပြည်နယ် တိုင်ယွမ်မြို့မှာ ကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ ရှန်ဝေချန်းကို အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၎င်းကို အကျင့်ပျက်ခြစားမှုဖြင့် ၂၀၁၄ ခုနှစ်အတွင်းမှာ စတင် စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ကျောက်မီးသွေးတွင်းများ ပေါများတဲ့ ရှန်ဇီပြည်နယ်ဟာ တရုတ်သမ္မတရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဓိကထား ဆောင်ရွက်တဲ့ ဒေသများအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

တိုင်ယွမ်မြို့ ကွန်မြူနစ်ပါတီခေါင်းဆောင်ဟောင်း ရှန်ဝေချန်းဟာ ၁၉၉၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း လာဘ်ငွေ ယွမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၅ သန်း) ရယူခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ China Daily မှာ ဖော်ပြပါတယ်။ ရှန်ဝေချန်းဟာ ၎င်းရဲ့သြဇာအာဏာကို အလွဲသုံးစားလုပ်ပြီး စီပွားရေးလုပ်ငန်းတွေနဲ့ အလုပ်အကိုင် ရာထူးခန့်ထားရေးတွေမှာ ပါဝင်စွက်ဖက်ခဲ့ကြောင်း တရားရုံးက ပြောပါတယ်။

၎င်းဟာ ပြစ်မှုတွေကို ဝန်ခံခဲ့ပြီး ကျူးလွန်ခဲ့မိတဲ့အတွက် နောင်တရကြောင်း ထွက်ဆိုမှုတွေကြောင့် သေဒဏ်အစား ထောင်ဒဏ်တစ်သက် လျှော့ပေါ့ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top