Kantharyar Centre
×

ေရသူမေလးတစ္ေယာက္ရဲ႕ပံုစံကို စိတ္ကူးနဲ႔ ေဖာ္ျပလို႔ လူတစ္ေယာက္ကေမးရင္ ေရႊအိုေရာင္ဆံပင္၊ အသားျဖဴျဖဴ၊ မ်က္လံုးျပာျပာေလးနဲ႔လုိ႔ ေျပာမိၾကမွပါ။

ဒါေပမဲ့ အဲဒီလို လူေတြသတ္မွတ္ထားတဲ့ ေရသူမပံုစံနဲ႔မတူတဲ့ ေရသူထီးေလးတစ္ေယာက္ဟာ ေရထဲမွာ ကူးခတ္ေနၿပီး ေရသူမဘဝကိ လူမည္းေတြလည္း ပိုင္ဆုိင္ႏိုင္ေၾကာင္း ျပသလုိက္ပါတယ္။

အတၱလႏၱာမွာေနထုိင္တဲ့ ဘလစ္ဟာ ေရသူမလို အျမဲေနထိုင္ရင္း အသက္ေမြးဝမ္းေက်ာင္းျပဳေနသူျဖစ္ၿပီး မိန္းမလ်ာတစ္ေယာက္လည္း ျဖစ္ပါတယ္။

"ကၽြန္ေတာ့္တစ္ဘဝလံုး ေရသူမေတြ၊ ေရသူထီးေတြလုိ စားတယ္၊ အိပ္တယ္၊ အသက္႐ွဴတယ္" လို႔ သူက ဆုိပါတယ္။

"ကၽြန္ေတာ့္ရဲ႕ ေျခေထာက္ေတြကို ေစာင္ေတြနဲ႔ထုတ္ၿပီး ေရသူမပံုစံျဖစ္ေအာင္ ပံုေဖာ္ေလ့ရွိတဲ့အတြက္ ကၽြန္ေတာ့္မိသားစုက ကၽြန္ေတာ့္ကို ေရသူထီးအျဖစ္ သိေနတာ ေတာ္ေတာ္ၾကာပါၿပီ" လုိ႔လည္း ဘလစ္က ေျပာခဲ့ပါတယ္။

ဘလစ္ရဲ႕အဘြား နာတာရွာဂ်ိမ္းစ္ဟာ ဘလစ္အတြက္ ဆီလီကြန္အၿမီး ျပဳလုပ္ေပးခဲ့သူ ျဖစ္ၿပီး အဲဒီအတြက္လည္း မိတ္ေဆြေတြ အဆံုး႐ႈံးခံလိုက္ရတယ္လို႔ ဆုိပါတယ္။

"ကၽြန္မကို ႐ူးေနၿပီလို႔ လူေတြက ေျပာၾကတယ္။ ကၽြန္မ ဒါေတြကို စလုပ္ေတာ့ မိတ္ေဆြေတြ အမ်ားႀကီး ဆံုး႐ႈံးလိုက္ရတယ္။ အသားမည္းေရသူမမွ မရွိတာ ဘာလုိ႔ ဒီလုိလုပ္ေနတာလဲလုိ႔ ေျပာၾကတယ္" လို႔ နာတာရွာက ေျပာျပပါတယ္။

အားလံုးက မျဖစ္ႏုိင္ဘူးလုိ႔ ေျပာေနတဲ့ၾကားက ဘလစ္ဟာ ေရသူမလို ေနႏိုင္ေအာင္ ႀကိဳးစားခဲ့ရာကေန အခုဆုိရင္ ပါတီေတြမွာ သူ႔ကို ငွားရမ္းဖုိ႔အတြက္ ေဒၚလာ ၃၅၀ အထိေတာင္ ေပးသူေတြ ရွိေနပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Uniocde Version

ရေသူမလေးတစ်ယောက်ရဲ့ပုံစံကို စိတ်ကူးနဲ့ ဖော်ပြလို့ လူတစ်ယောက်ကမေးရင် ရွှေအိုရောင်ဆံပင်၊ အသားဖြူဖြူ၊ မျက်လုံးပြာပြာလေးနဲ့လို့ ပြောမိကြမှပါ။

ဒါပေမဲ့ အဲဒီလို လူတွေသတ်မှတ်ထားတဲ့ ရေသူမပုံစံနဲ့မတူတဲ့ ရေသူထီးလေးတစ်ယောက်ဟာ ရေထဲမှာ ကူးခတ်နေပြီး ရေသူမဘဝကိ လူမည်းတွေလည်း ပိုင်ဆိုင်နိုင်ကြောင်း ပြသလိုက်ပါတယ်။

အတ္တလန္တာမှာနေထိုင်တဲ့ ဘလစ်ဟာ ရေသူမလို အမြဲနေထိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပြီး မိန်းမလျာတစ်ယောက်လည်း ဖြစ်ပါတယ်။

"ကျွန်တော့်တစ်ဘဝလုံး ရေသူမတွေ၊ ရေသူထီးတွေလို စားတယ်၊ အိပ်တယ်၊ အသက်ရှူတယ်" လို့ သူက ဆိုပါတယ်။

"ကျွန်တော့်ရဲ့ ခြေထောက်တွေကို စောင်တွေနဲ့ထုတ်ပြီး ရေသူမပုံစံဖြစ်အောင် ပုံဖော်လေ့ရှိတဲ့အတွက် ကျွန်တော့်မိသားစုက ကျွန်တော့်ကို ရေသူထီးအဖြစ် သိနေတာ တော်တော်ကြာပါပြီ" လို့လည်း ဘလစ်က ပြောခဲ့ပါတယ်။

ဘလစ်ရဲ့အဘွား နာတာရှာဂျိမ်းစ်ဟာ ဘလစ်အတွက် ဆီလီကွန်အမြီး ပြုလုပ်ပေးခဲ့သူ ဖြစ်ပြီး အဲဒီအတွက်လည်း မိတ်ဆွေတွေ အဆုံးရှုံးခံလိုက်ရတယ်လို့ ဆိုပါတယ်။

"ကျွန်မကို ရူးနေပြီလို့ လူတွေက ပြောကြတယ်။ ကျွန်မ ဒါတွေကို စလုပ်တော့ မိတ်ဆွေတွေ အများကြီး ဆုံးရှုံးလိုက်ရတယ်။ အသားမည်းရေသူမမှ မရှိတာ ဘာလို့ ဒီလိုလုပ်နေတာလဲလို့ ပြောကြတယ်" လို့ နာတာရှာက ပြောပြပါတယ်။

အားလုံးက မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ကြားက ဘလစ်ဟာ ရေသူမလို နေနိုင်အောင် ကြိုးစားခဲ့ရာကနေ အခုဆိုရင် ပါတီတွေမှာ သူ့ကို ငှားရမ်းဖို့အတွက် ဒေါ်လာ ၃၅၀ အထိတောင် ပေးသူတွေ ရှိနေပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top