Property Expo
×

စဥ္းစားလုိက္တဲ့အခါ ေနာက္တြန္႔သြားသူေတြ အမ်ားၾကီးရွိပါတယ္။ အိမ္ေထာင္တစ္ခုရဲ႕ တာဝန္ကို ေက်ေအာင္ထမ္းႏုိင္အတြက္ အေတြးနဲ႔ စဥ္းစားၾကည့္ျပီး ပင္ပန္းသြားၾကတာမ်ားလား။ တကယ္ေတာ့ ဒါကလည္း ျဖစ္ႏုိင္ပါတယ္။ ကိုယ့္ပတ္ဝန္းက်င္မွာ ေတြ႔ေနရတဲ့သူေတြက အမ်ားအားျဖင့္ သမီးရည္းစားဘဝမွာ အရမ္းေပ်ာ္ရႊင္ရေပမဲ့ အိမ္ေထာင္က်ျပီးတဲ့အခါ သူ႔ဘက္ကိုယ့္ဘက္၊ စီးပြားေရး၊ သားသမီးအပူေတြနဲ႔ ေပ်ာ္ရတဲ့ ရာခုိင္ႏႈန္းေတာ္ေတာ္နည္းသြားတဲ့ စုံတြဲေတြပဲ ျဖစ္ေနတာေၾကာင့္ပါ။ အိမ္ေထာင္ျပဳဖုိ႔ မဝံ့မရဲျဖစ္ေနတဲ့သူမ်ားရဲ႕ ကုိယ္တုိင္ဖြင့္ဟ ဝန္ခံထားတဲ့ အေၾကာင္းျပခ်က္ေတြ အမ်ားၾကီးထဲက တခ်ဳိ႕အေၾကာင္းေတြကို ေျပာျပခ်င္ပါတယ္။

ကိုယ့္စိတ္ၾကိဳက္သေဘာအတိုင္းေနေနရတဲ့ ဘဝတစ္ခုကို တျခားသူတစ္ေယာက္နဲ႔ ညွိႏႈိင္းျပီးအျမဲေနသြားရမယ့္ ဘဝတစ္ခုနဲ႔ လဲလုိက္သင့္သလား။ နည္းနည္းေတာ့ အတၱဆန္တဲ့ အေတြးျဖစ္ႏုိင္ေပမဲ့ အိမ္ေထာင္က်သြားျပီးရင္ ေသခ်ာတာေတာ့ အျမဲတမ္း ကိုယ့္လက္ကိုယ့္ေျခ လြတ္လြတ္လပ္ေနရမွာမဟုတ္ဘူး။ ငဲ့စရာ၊ေထာက္စရာေတြနဲ႔ တစ္သက္လုံး ေနသြားႏုိင္ပါ့မလား။

ၾကိဳမျမင္ရတဲ့ အနာဂတ္မွာ ကိုယ့္ခံစားခ်က္ေတြကဘယ္လုိ ေျပာင္းသြားမလဲဆုိတာ ကိုယ္ကိုယ္တုိင္မေသခ်ာဘူး ျဖစ္ေနတယ္။ အခုခ်ိန္မွာ ဒီတစ္ေယာက္အတြက္ ခံစားခ်က္ေတြရွိေနေပမဲ့ တစ္ခ်ိန္ခ်ိန္မွာ ကိုယ္စိတ္ေျပာင္းသြားလို႔ ေနာက္တစ္ေယာက္ေျပာင္းလို႔ ရႏုိင္မယ္ထင္လား။ ေျပာင္းေရာေျပာင္းသင့္ပါ့မလား။ ကိုယ့္စိတ္က အိမ္ေထာင္ဆိုတဲ့ အရာၾကီးထဲမွာ မေျပာင္းလဲတဲ့ ခံစားခ်က္တစ္ခုကို အျမဲထိန္းထားႏုိင္ပါ့မလား။

ကုိယ့္ထက္အရင္ အိမ္ေထာင္သည္ဘဝကို ခံယူထားတဲ့သူေတြတုိင္းက အိမ္ေထာင္ျပဳဖုိ႔ တုိက္တြန္းစကားထက္ အိမ္ေထာင္ျပဳတယ္ဆုိတာ ပင္ပန္းတဲ့အေၾကာင္းေတြပဲ ေျပာတာကို ၾကားဖူးပါတယ္။ လက္ေတြ႔ဘဝထဲကိုေရာက္ေနတဲ့သူေတြရဲ႕ အၾကံေပးစကားေတြကို နားမေထာင္မိရင္ ကိုယ္ကိုယ္တုိင္ ဘယ္ေတာ့မွ ျပန္တက္လာလို႔ မရမယ့္ အိမ္ေထာင္ေရးေခ်ာက္ၾကီးထဲကို ခုန္ခ်သလို ျဖစ္ေနမွာေၾကာက္ေနမိတယ္။ တကယ္ေတာ့ အိမ္ေထာင္ျပဳတယ္ဆုိတာ ကံၾကမၼာနဲ႔ ေလာင္းေၾကးထပ္ရ သလိုပါပဲ။ အပိုင္ဆုိျပီး ကုိယ့္ဘက္က ပုံေအာလိုက္ေပမဲ့ ရႈံးသြားရင္ ခြက္ခြက္လန္သြားမွာက ကိုယ့္ဘဝဆုိေတာ့ အိမ္ေထာင္ျပဳဖို႔ကို တြန္႔ဆုတ္ေနမိပါတယ္။

အိမ္ေထာင္ျပဳျပီးမွ အဆင္မေျပခဲ့ရင္ ေနာက္ေၾကာင္းျပန္လွည့္ဖို႔ ပိုခက္ခဲတဲ့အတြက္ အိမ္ေထာင္ျပဳဖုိ႔ ဆုံးျဖတ္ခ်က္ကို လြယ္လြယ္ခ်ႏုိင္ဖို႔ ခဲယဥ္းေနတယ္။ ရည္းစားဘဝနဲ႔ ကြဲသြားတာက အိမ္ေထာင္က်ျပီးမွ လမ္းခြဲတာနဲ႔ယွဥ္ရင္ အမ်ားၾကီး အားေပ်ာ့တယ္။ ေယာက္်ားျဖစ္ေစ၊ မိန္းမျဖစ္ေစ လက္ထက္ျပီးမွ ကြဲတာ ကြာတာျဖစ္ခဲ့ရင္ အရင္းအႏွီးၾကီးသလို သားသမီးရျပီးမွဆုိရင္ ပုိေတာင္္ဆုိးသြားမွာျဖစ္တဲ့အတြက္ အိမ္ေထာင္ျပဳဖုိ႔ အခ်ိန္ေတြအမ်ားၾကီးယူမိတတ္ၾကျခင္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

စဉ်းစားလိုက်တဲ့အခါ နောက်တွန့်သွားသူတွေ အများကြီးရှိပါတယ်။ အိမ်ထောင်တစ်ခုရဲ့ တာဝန်ကို ကျေအောင်ထမ်းနိုင်အတွက် အတွေးနဲ့ စဉ်းစားကြည့်ပြီး ပင်ပန်းသွားကြတာများလား။ တကယ်တော့ ဒါကလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့သူတွေက အများအားဖြင့် သမီးရည်းစားဘဝမှာ အရမ်းပျော်ရွှင်ရပေမဲ့ အိမ်ထောင်ကျပြီးတဲ့အခါ သူ့ဘက်ကိုယ့်ဘက်၊ စီးပွားရေး၊ သားသမီးအပူတွေနဲ့ ပျော်ရတဲ့ ရာခိုင်နှုန်းတော်တော်နည်းသွားတဲ့ စုံတွဲတွေပဲ ဖြစ်နေတာကြောင့်ပါ။ အိမ်ထောင်ပြုဖို့ မဝံ့မရဲဖြစ်နေတဲ့သူများရဲ့ ကိုယ်တိုင်ဖွင့်ဟ ဝန်ခံထားတဲ့ အကြောင်းပြချက်တွေ အများကြီးထဲက တချို့အကြောင်းတွေကို ပြောပြချင်ပါတယ်။

ကိုယ့်စိတ်ကြိုက်သဘောအတိုင်းနေနေရတဲ့ ဘဝတစ်ခုကို တခြားသူတစ်ယောက်နဲ့ ညှိနှိုင်းပြီးအမြဲနေသွားရမယ့် ဘဝတစ်ခုနဲ့ လဲလိုက်သင့်သလား။ နည်းနည်းတော့ အတ္တဆန်တဲ့ အတွေးဖြစ်နိုင်ပေမဲ့ အိမ်ထောင်ကျသွားပြီးရင် သေချာတာတော့ အမြဲတမ်း ကိုယ့်လက်ကိုယ့်ခြေ လွတ်လွတ်လပ်နေရမှာမဟုတ်ဘူး။ ငဲ့စရာ၊ထောက်စရာတွေနဲ့ တစ်သက်လုံး နေသွားနိုင်ပါ့မလား။

ကြိုမမြင်ရတဲ့ အနာဂတ်မှာ ကိုယ့်ခံစားချက်တွေကဘယ်လို ပြောင်းသွားမလဲဆိုတာ ကိုယ်ကိုယ်တိုင်မသေချာဘူး ဖြစ်နေတယ်။ အခုချိန်မှာ ဒီတစ်ယောက်အတွက် ခံစားချက်တွေရှိနေပေမဲ့ တစ်ချိန်ချိန်မှာ ကိုယ်စိတ်ပြောင်းသွားလို့ နောက်တစ်ယောက်ပြောင်းလို့ ရနိုင်မယ်ထင်လား။ ပြောင်းရောပြောင်းသင့်ပါ့မလား။ ကိုယ့်စိတ်က အိမ်ထောင်ဆိုတဲ့ အရာကြီးထဲမှာ မပြောင်းလဲတဲ့ ခံစားချက်တစ်ခုကို အမြဲထိန်းထားနိုင်ပါ့မလား။

ကိုယ့်ထက်အရင် အိမ်ထောင်သည်ဘဝကို ခံယူထားတဲ့သူတွေတိုင်းက အိမ်ထောင်ပြုဖို့ တိုက်တွန်းစကားထက် အိမ်ထောင်ပြုတယ်ဆိုတာ ပင်ပန်းတဲ့အကြောင်းတွေပဲ ပြောတာကို ကြားဖူးပါတယ်။ လက်တွေ့ဘဝထဲကိုရောက်နေတဲ့သူတွေရဲ့ အကြံပေးစကားတွေကို နားမထောင်မိရင် ကိုယ်ကိုယ်တိုင် ဘယ်တော့မှ ပြန်တက်လာလို့ မရမယ့် အိမ်ထောင်ရေးချောက်ကြီးထဲကို ခုန်ချသလို ဖြစ်နေမှာကြောက်နေမိတယ်။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကံကြမ္မာနဲ့ လောင်းကြေးထပ်ရ သလိုပါပဲ။ အပိုင်ဆိုပြီး ကိုယ့်ဘက်က ပုံအောလိုက်ပေမဲ့ ရှုံးသွားရင် ခွက်ခွက်လန်သွားမှာက ကိုယ့်ဘဝဆိုတော့ အိမ်ထောင်ပြုဖို့ကို တွန့်ဆုတ်နေမိပါတယ်။

အိမ်ထောင်ပြုပြီးမှ အဆင်မပြေခဲ့ရင် နောက်ကြောင်းပြန်လှည့်ဖို့ ပိုခက်ခဲတဲ့အတွက် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ချနိုင်ဖို့ ခဲယဉ်းနေတယ်။ ရည်းစားဘဝနဲ့ ကွဲသွားတာက အိမ်ထောင်ကျပြီးမှ လမ်းခွဲတာနဲ့ယှဉ်ရင် အများကြီး အားပျော့တယ်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လက်ထက်ပြီးမှ ကွဲတာ ကွာတာဖြစ်ခဲ့ရင် အရင်းအနှီးကြီးသလို သားသမီးရပြီးမှဆိုရင် ပိုတောင်ဆိုးသွားမှာဖြစ်တဲ့အတွက် အိမ်ထောင်ပြုဖို့ အချိန်တွေအများကြီးယူမိတတ်ကြခြင်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top