Property Expo
×

ခင္ပြန္းျဖစ္သူႏွင့္ စက္တင္ဘာလကုန္က ကြာရွင္းျပတ္ စဲခဲ့ၿပီး လတ္တေလာ ထြက္ေပၚ ေနသည့္ ေကာလာဟလမ်ားမွာ အေခြသစ္ထြက္တုိင္း ျဖစ္ေလ့ရွိ ေသာေၾကာင့္
 ေျဖရွင္းစရာမရွိ ေၾကာင္း အဆုိေတာ္ဝိုင္းစုခိုင္ သိန္းက ေျပာသည္။

‘‘အိမ္ေထာင္ေရးနဲ႔ပတ္ သက္ၿပီးေတာ့ ပရိသတ္ေတြအား လံုးကို အသိေပးတဲ့အေနနဲ႔ ျမန္မာ့အလင္းသတင္းစာကေန ေျပာျပ ၿပီးၿပီ။ ဘယ္ေန႔ ဘယ္ရက္က ကြာ ရွင္းထားတယ္။ ဝိုင္းစုတုိ႔ ႏွစ္ဦး သေဘာတူနားလည္မႈနဲ႔ ကြာရွင္း ထားတယ္။ က်န္တဲ့အရာေတြက ေတာ့ ေကာလာဟလဆုိတာ ႀကံဳ ေနၾကပဲ။ အဲဒီအတြက္ေတာ့ ေထြ ေထြထူးထူးေျဖရွင္းစရာမရွိပါ ဘူး။ ေနာက္ၿပီး ဝုိင္းစုအေခြထြက္ တုိင္းလည္း ႀကံဳေနက်ကိစၥေတြ ေပါ့။ အဲဒီအတြက္ အထူးတလည္ မေျဖရွင္းေတာ့ပါဘူး’’ဟု ဝိုင္းစု ခိုင္သိန္းက ေအာက္တိုဘာ ၂၂ ရက္တြင္ လွည္းတန္းစင္တာ၌ ျပဳလုပ္ခဲ့ေသာ တစ္ကိုယ္ေတာ္ ေတးစီးရီးသစ္မိတ္ဆက္ပြဲတြင္ ေျပာၾကားသည္။

အဆုိေတာ္ ဝိုင္းစုခိုင္သိန္း ႏွင့္ ဥကၠာျမင့္ၾကဴတုိ႔သည္ စိတ္ သေဘာထားခ်င္း   မတိုက္ဆိုင္ ေတာ့၍ ႏွစ္ဖက္အသိသက္ေသ လူႀကီးမင္းမ်ားေရွ႕ေမွာက္တြင္ စက္တင္ဘာ ၃၀ ရက္က ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲၿပီးစီး ေၾကာင္း ေအာက္တုိဘာ ၂၂ ရက္ထုတ္ ျမန္မာ့အလင္းသတင္းစာ၌ ေၾကညာခဲ့သည္။

ၿပီးခဲ့သည့္ရက္မွစ၍ လူမႈ ကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ မ်ားတြင္ ဝိုင္းစုခုိင္သိန္း၏ အိမ္ ေထာင္ေရးႏွင့္ပတ္သက္၍ ေျပာ ဆုိသူမ်ားရွိခဲ့ၿပီး ေနာက္ပိုင္း၌ အ ထက္ပါေၾကညာခ်က္ကို အမ်ား သိေစရန္ဆုိသည့္ ေခါင္းစဥ္ျဖင့္ ေၾကညာခဲ့ျခင္းျဖစ္သည္။

ဝိုင္းစုခုိင္သိန္းႏွင့္ ဥကၠာျမင့္ ၾကဴတုိ႔သည္  ၂၀၁၄ အတြင္းကလက္ထပ္ခဲ့ၿပီး အိမ္ေထာင္သက္ ၂ ႏွစ္ေက်ာ္တြင္ ကြာရွင္းျပတ္စဲ ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ခင်ပွန်းဖြစ်သူနှင့် စက် တင်ဘာလကုန်က ကွာရှင်းပြတ် စဲခဲ့ပြီး လတ်တလောထွက်ပေါ် နေသည့် ကောလာဟလများမှာ အခွေသစ်ထွက်တိုင်း ဖြစ်လေ့ရှိ သောကြောင့် ဖြေရှင်းစရာမရှိ ကြောင်း အဆိုတော်ဝိုင်းစုခိုင် သိန်းက ပြောသည်။

‘‘အိမ်ထောင်ရေးနဲ့ပတ် သက်ပြီးတော့ ပရိသတ်တွေအား လုံးကို အသိပေးတဲ့အနေနဲ့ မြန်မာ့အလင်းသတင်းစာကနေ ပြောပြ ပြီးပြီ။ ဘယ်နေ့ ဘယ်ရက်က ကွာ ရှင်းထားတယ်။ ဝိုင်းစုတို့ နှစ်ဦး သဘောတူနားလည်မှုနဲ့ ကွာရှင်း ထားတယ်။ ကျန်တဲ့အရာတွေက တော့ ကောလာဟလဆိုတာ ကြုံ နေကြပဲ။ အဲဒီအတွက်တော့ ထွေ ထွေထူးထူးဖြေရှင်းစရာမရှိပါ ဘူး။ နောက်ပြီး ဝိုင်းစုအခွေထွက် တိုင်းလည်း ကြုံနေကျကိစ္စတွေ ပေါ့။ အဲဒီအတွက် အထူးတလည် မဖြေရှင်းတော့ပါဘူး’’ဟု ဝိုင်းစု ခိုင်သိန်းက အောက်တိုဘာ ၂၂ ရက်တွင် လှည်းတန်းစင်တာ၌ ပြုလုပ်ခဲ့သော တစ်ကိုယ်တော် တေးစီးရီးသစ်မိတ်ဆက်ပွဲတွင် ပြောကြားသည်။

အဆိုတော် ဝိုင်းစုခိုင်သိန်း နှင့် ဥက္ကာမြင့်ကြူတို့သည် စိတ် သဘောထားချင်း   မတိုက်ဆိုင် တော့၍ နှစ်ဖက်အသိသက်သေ လူကြီးမင်းများရှေ့မှောက်တွင် စက်တင်ဘာ ၃၀ ရက်က နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးစီး ကြောင်း အောက်တိုဘာ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ကြေညာခဲ့သည်။

ပြီးခဲ့သည့်ရက်မှစ၍ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ များတွင် ဝိုင်းစုခိုင်သိန်း၏ အိမ် ထောင်ရေးနှင့်ပတ်သက်၍ ပြော ဆိုသူများရှိခဲ့ပြီး နောက်ပိုင်း၌ အ ထက်ပါကြေညာချက်ကို အများ သိစေရန်ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။

ဝိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့် ကြူတို့သည်  ၂၀၁၄ အတွင်းကလက်ထပ်ခဲ့ပြီး အိမ်ထောင်သက် ၂ နှစ်ကျော်တွင် ကွာရှင်းပြတ်စဲ ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top