Property Expo
×

ရန္ကုန္ၿမိဳ႕၌ က်င္းပခဲ့ သည့္ ONE Championship (MMA) ၿပိဳင္ပဲြ၌ ကခ်င္တိုင္းရင္း သား ေအာင္လအန္ဆန္က ၿပိဳင္ ဘက္ ပိုလန္ႏုိင္ငံသားႏွင့္ သံုးခ်ီစ လံုး အႀကိတ္အနယ္ယွဥ္ၿပိဳင္ကာ ဒုိင္အမွတ္ျဖင့္ အႏုိင္ရရွိခဲ့သည္။

ေအာက္တိုဘာ ၇ ရက္က အမ်ိဳးသားအားကစားၿပိဳင္ပဲြ ႐ံု (၁) သု၀ဏၰ၌ က်င္းပခဲ့ေသာ မစ္ဒယ္လ္၀ိတ္တန္းတြင္ ေအာင္လက ပထမအခ်ီ၌ အသာစီးထိုး သတ္ႏုိင္ခဲ့ၿပီး မိုက္ကယ္ပက္စတာ နာ့ခ္ မ်က္ခံုးကဲြခဲ့ကာ ဒုတိယအခ်ီ တြင္ ႏွစ္ဦးစလံုး သက္လံုပိုိင္းက် ဆင္းခဲ့ၿပီး မိုင္ကယ္ပက္စတာနာ့ခ္ က အသာစီးရခဲ့သည္။ ေနာက္ဆံုး အခ်ီျဖစ္ေသာ တတိယအခ်ီတြင္ ေအာင္လ၏ ထိုးခ်က္မ်ားက ၿပိဳင္ ဘက္ကို ဒုကၡေပးႏုိင္ခဲ့ကာ ပဲြၿပီး ရန္ ၂ မိနစ္ခန္႔အလိုတြင္ ၿပိဳင္ ဘက္ကုိ လဲွခ်ၿပီး အေပၚမွ ထိုးခြင့္ မ်ားစြာ ရခဲ့ေသာ္လည္း အလဲမ ထိုးႏုိင္ခဲ့ေပ။ အလဲထိုးႏုိင္ျခင္းမရွိ ခဲ့ေသာ္လည္း ပထမအခ်ီႏွင့္ တတိယအခ်ီတြင္ အသာရေသာ ေၾကာင့္ ဒိုင္အမွတ္ျဖင့္ ဆံုးျဖတ္ ရာ၌ ဒုိင္သံုးဦးစလံုးက ေအာင္လ ကို အႏုိင္ေပးခဲ့သည္။

ေအာင္လသည္ ျမန္မာႏုိင္ငံ တြင္ ဒုတိယအႀကိမ္ေျမာက္ လာ ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ၿပီး ႏွစ္ ႀကိမ္စလံုး အႏုိင္ရရွိထားသည္။ အျခားပဲြစဥ္မ်ားတြင္ ကမၻာ့ခ်န္ပီ ယံလုပဲြအျဖစ္ စထေရာ၀ိတ္တန္း  လက္ရွိကမၻာ့ခ်န္ပီယံျဖစ္သည့္ ဂ်ပန္ႏုိင္ငံသား ယုိရွိတာကာက စိန္ေခၚသူ ဖိလစ္ပိုင္ႏုိင္ငံသားပါစီယုိကို ဒုတိယအခ်ီတြင္ အလဲထိုးျဖင့္ အႏုိင္ယူကာ ၎၏ လက္ရွိ ခ်န္ပီယံဘဲြ႔ကို ကာကြယ္ႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရန်ကုန်မြို့၌ ကျင်းပခဲ့ သည့် ONE Championship (MMA) ပြိုင်ပွဲ၌ ကချင်တိုင်းရင်း သား အောင်လအန်ဆန်က ပြိုင် ဘက် ပိုလန်နိုင်ငံသားနှင့် သုံးချီစ လုံး အကြိတ်အနယ်ယှဉ်ပြိုင်ကာ ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အောက်တိုဘာ ၇ ရက်က အမျိုးသားအားကစားပြိုင်ပွဲ ရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့သော မစ်ဒယ်လ်ဝိတ်တန်းတွင် အောင်လက ပထမအချီ၌ အသာစီးထိုး သတ်နိုင်ခဲ့ပြီး မိုက်ကယ်ပက်စတာ နာ့ခ် မျက်ခုံးကွဲခဲ့ကာ ဒုတိယအချီ တွင် နှစ်ဦးစလုံး သက်လုံပိုင်းကျ ဆင်းခဲ့ပြီး မိုင်ကယ်ပက်စတာနာ့ခ် က အသာစီးရခဲ့သည်။ နောက်ဆုံး အချီဖြစ်သော တတိယအချီတွင် အောင်လ၏ ထိုးချက်များက ပြိုင် ဘက်ကို ဒုက္ခပေးနိုင်ခဲ့ကာ ပွဲပြီး ရန် ၂ မိနစ်ခန့်အလိုတွင် ပြိုင် ဘက်ကို လဲှချပြီး အပေါ်မှ ထိုးခွင့် များစွာ ရခဲ့သော်လည်း အလဲမ ထိုးနိုင်ခဲ့ပေ။ အလဲထိုးနိုင်ခြင်းမရှိ ခဲ့သော်လည်း ပထမအချီနှင့် တတိယအချီတွင် အသာရသော ကြောင့် ဒိုင်အမှတ်ဖြင့် ဆုံးဖြတ် ရာ၌ ဒိုင်သုံးဦးစလုံးက အောင်လ ကို အနိုင်ပေးခဲ့သည်။

အောင်လသည် မြန်မာနိုင်ငံ တွင် ဒုတိယအကြိမ်မြောက် လာ ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး နှစ် ကြိမ်စလုံး အနိုင်ရရှိထားသည်။ အခြားပွဲစဉ်များတွင် ကမ္ဘာ့ချန်ပီ ယံလုပွဲအဖြစ် စထရောဝိတ်တန်း  လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သည့် ဂျပန်နိုင်ငံသား ယိုရှိတာကာက စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသားပါစီယိုကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ယူကာ ၎င်း၏ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top