Property Expo
×

                အ႐ုဏ္ဆြမ္းကပ္ခဲ့သည့္ ဓမၼာ႐ံုကို ေတြ႕ရစဥ္ (ဓာတ္ပံု − ၿဖိဳးၿဖိဳးေဇာ္)

မႏၲေလးၿမိဳ႕ မဟာ ေအာင္ေျမၿမိဳ႕နယ္ ေဒးဝန္းအေရွ႕ ရပ္ကြက္ရွိ ဓမၼာ႐ံုတစ္ခုတြင္ သီ တင္းကြၽတ္လျပည့္ေန႔ အ႐ုဏ္ ဆြမ္းအျဖစ္ မုန္႔တီႏွင့္ ၾကက္သား ကို ဆြမ္းကပ္လွဴရာမွ အစာအဆိပ္သင့္၍ သံဃာေတာ္မ်ား အပါအဝင္ ၂၈ ဦး ေဆး႐ံုေရာက္ခဲ့ေၾကာင္း မႏၲေလးျပည္သူ႔ေဆး႐ံု ႀကီးမွ စံုစမ္းသိရသည္။

အစာအဆိပ္သင့္၍ မႏၲေလးေဆး႐ံုႀကီးသို႔ သီတင္းကြၽတ္လ ျပည့္ေန႔ (ေအာက္တိုဘာ ၁၆ ရက္) နံနက္ ၁၁ နာရီခြဲက ၂၈ ဦးေရာက္ရွိလာကာ ၂၁ ဦးသည္ဖ်ားနာေဆာင္တြင္ ေဆးကုသမႈခံယူေနေၾကာင္း ေဆး႐ံုႀကီးရွိ တာဝန္က် ရဲအရာရွိတစ္ဦးက ေျပာသည္။

 ‘‘အစာအဆိပ္သင့္ၿပီး ေရာက္လာတဲ့ စာရင္းကေတာ့ ၂၈ ဦးပါ။ ၂၁ ဦးကေတာ့ ေဆး႐ံု တက္ရတယ္။ ကြၽန္ေတာ္ ေလာ ေလာဆယ္သိထားတဲ့ စာရင္းပါ။ အတိုးအေလ်ာ့ ရွိႏိုင္ပါေသး တယ္’’ဟု တာဝန္က်ရဲအရာရွိက ေအာက္တိုဘာ ၁၆ ရက္ ညေန ၃ နာရီတြင္ 7Day Daily အား ေျပာ ၾကားသည္။

 အစာအဆိပ္သင့္မႈေၾကာင့္ ေဆး႐ံုသို႔ ေရာက္ရွိလာသည့္ အေရအတြက္မွာ ၂၈ ဦးျဖစ္ေသာ္ လည္း သံဃာေတာ္ႏွင့္ လူအေရအတြက္ကိုမူ အတိအက်မသိရဟုဆိုသည္။

 အစာအဆိပ္သင့္သူမ်ား သည္ မူးေဝေအာ့အန္ျခင္း၊ အဝါ ေရာင္အရည္မ်ား အန္ျခင္းတို႔ ေၾကာင့္ ေဆး႐ံုသို႔ ေရာက္ရွိလာ ေၾကာင္း မႏၲေလးျပည္သူ႔ေဆး႐ံုႀကီးမွ စံုစမ္းသိရသည္။

‘‘လျပည့္၊ လကြယ္ အ႐ုဏ္ ဆြမ္းအၿမဲကပ္တယ္။ ၾကက္သား ကို မေန႔က (ေအာက္တိုဘာ ၁၅ ရက္) ေန႔လယ္ ၃ နာရီေလာက္ ကတည္းက ခ်က္ထားတာ။ အန္တီက မုန္႔တီပဲစားေတာ့ ဘာမွမျဖစ္ဘူး။ အိမ္ကအမ်ဳိးသားနဲ႔ အေမကေတာ့ ေဆး႐ံုႏွစ္ရက္ ေလာက္ တက္ရမယ္ေျပာတယ္’’ ဟု ခ်က္ျပဳတ္ေရးအဖြဲ႕တြင္ ပါဝင္ သည့္ ေဒၚသန္းေအးက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အရုဏ်ဆွမ်းကပ်ခဲ့သည့် ဓမ္မာရုံကို တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ရပ်ကွက်ရှိ ဓမ္မာရုံတစ်ခုတွင် သီ တင်းကျွတ်လပြည့်နေ့ အရုဏ် ဆွမ်းအဖြစ် မုန့်တီနှင့် ကြက်သား ကို ဆွမ်းကပ်လှူရာမှ အစာအဆိပ်သင့်၍ သံဃာတော်များ အပါအဝင် ၂၈ ဦး ဆေးရုံရောက်ခဲ့ကြောင်း မန္တလေးပြည်သူ့ဆေးရုံ ကြီးမှ စုံစမ်းသိရသည်။


အစာအဆိပ်သင့်၍ မန္တလေးဆေးရုံကြီးသို့ သီတင်းကျွတ်လ ပြည့်နေ့ (အောက်တိုဘာ ၁၆ ရက်) နံနက် ၁၁ နာရီခွဲက ၂၈ ဦးရောက်ရှိလာကာ ၂၁ ဦးသည်ဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေကြောင်း ဆေးရုံကြီးရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

 ‘‘အစာအဆိပ်သင့်ပြီး ရောက်လာတဲ့ စာရင်းကတော့ ၂၈ ဦးပါ။ ၂၁ ဦးကတော့ ဆေးရုံ တက်ရတယ်။ ကျွန်တော် လော လောဆယ်သိထားတဲ့ စာရင်းပါ။ အတိုးအလျော့ ရှိနိုင်ပါသေး တယ်’’ဟု တာဝန်ကျရဲအရာရှိက အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီတွင် 7Day Daily အား ပြော ကြားသည်။

 အစာအဆိပ်သင့်မှုကြောင့် ဆေးရုံသို့ ရောက်ရှိလာသည့် အရေအတွက်မှာ ၂၈ ဦးဖြစ်သော် လည်း သံဃာတော်နှင့် လူအရေအတွက်ကိုမူ အတိအကျမသိရဟုဆိုသည်။

 အစာအဆိပ်သင့်သူများ သည် မူးဝေအော့အန်ခြင်း၊ အဝါ ရောင်အရည်များ အန်ခြင်းတို့ ကြောင့် ဆေးရုံသို့ ရောက်ရှိလာ ကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရသည်။

‘‘လပြည့်၊ လကွယ် အရုဏ် ဆွမ်းအမြဲကပ်တယ်။ ကြက်သား ကို မနေ့က (အောက်တိုဘာ ၁၅ ရက်) နေ့လယ် ၃ နာရီလောက် ကတည်းက ချက်ထားတာ။ အန်တီက မုန့်တီပဲစားတော့ ဘာမှမဖြစ်ဘူး။ အိမ်ကအမျိုးသားနဲ့ အမေကတော့ ဆေးရုံနှစ်ရက် လောက် တက်ရမယ်ပြောတယ်’’ ဟု ချက်ပြုတ်ရေးအဖွဲ့တွင် ပါဝင် သည့် ဒေါ်သန်းအေးက ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top