Kantharyar Centre
×

၀ဲလ္ေကာ့အားအတုယူၿပီး အသင္းတြင္ ဆက္ေနရန္ ေတာင္ပံကစားသမား ခ်ိန္ဘာလိန္ကို အာဆင္နယ္နည္းျပအာစင္၀င္းဂါးက တိုက္တြန္းေျပာၾကားလိုက္သည္။

ခ်ိန္ဘာလိန္သည္ ယခုႏွစ္ရာသီတြင္ ေျခစြမ္းျပကစားႏိုင္ေသာ္လည္း ပြဲထြက္ခြင့္မွာ အခ်ိန္အတိုင္းအတာတစ္ခုသာရရွိေနသည္။ ထို႔ေၾကာင့္ခ်ိန္ဘာလိန္က ပြဲခ်ိန္ျပည့္ပြဲထြက္ခြင့္ရရန္အတြက္ အာဆင္နယ္အသင္းကို စြန္႔ခြာဖြယ္ရွိေၾကာင္း ေျပာဆိုခဲ့သည္။

ခ်ိန္ဘာလိန္၏ လက္ရွိစာခ်ဳပ္မွာ ၁၈ လသာ က်န္ရွိေတာ့သည့္အတြက္ အနာဂတ္ႏွင့္ပတ္သက္၍ မၾကာမီအခ်ိန္အတြင္း ဆုံးျဖတ္ရေတာ့မည္ ျဖစ္သည္။ အာစင္၀င္းဂါးက ခ်ိန္ဘာလိန္အေနျဖင့္ အသင္းတြင္ဆက္ေနၿပီး ႀကိဳးစားပါက ၀ဲလ္ေကာ့ကဲ့သို႔ ျဖစ္လာလိ့မ္မည္ဟု အားေပးေျပာဆိုလိုက္သည္။

‘ဒီအေျခအေနကို ရာသီအဆုံးမွာ စဥ္းစားမယ္လို႔ ခ်ိန္ဘာလိန္က ေျပာပါတယ္။ ဒါက အသင္းကထြက္ခြာမယ္ဆိုတဲ့ စကားနဲ႔ လုံး၀ကြဲျပားပါတယ္။ သူ႕ေနရာက ဒီမွာ ရွိတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ခ်ိန္ဘာလိန္ကို ကၽြန္ေတာ္တို႔ ႀကိဳက္ပါတယ္။ သူ႕ရဲ႕တည္ၿငိမ္တဲ့အေနအထားကို ရာသီအဆုံးအထိျပသသြားႏိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္’ ဟု အာစင္၀င္းဂါးက ေျပာဆိုခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

၀ဲလ်ကော့အားအတုယူပြီး အသင်းတွင် ဆက်နေရန် တောင်ပံကစားသမား ချိန်ဘာလိန်ကို အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက တိုက်တွန်းပြောကြားလိုက်သည်။

ချိန်ဘာလိန်သည် ယခုနှစ်ရာသီတွင် ခြေစွမ်းပြကစားနိုင်သော်လည်း ပွဲထွက်ခွင့်မှာ အချိန်အတိုင်းအတာတစ်ခုသာရရှိနေသည်။ ထို့ကြောင့်ချိန်ဘာလိန်က ပွဲချိန်ပြည့်ပွဲထွက်ခွင့်ရရန်အတွက် အာဆင်နယ်အသင်းကို စွန့်ခွာဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

ချိန်ဘာလိန်၏ လက်ရှိစာချုပ်မှာ ၁၈ လသာ ကျန်ရှိတော့သည့်အတွက် အနာဂတ်နှင့်ပတ်သက်၍ မကြာမီအချိန်အတွင်း ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ အာစင်ဝင်းဂါးက ချိန်ဘာလိန်အနေဖြင့် အသင်းတွင်ဆက်နေပြီး ကြိုးစားပါက ဝဲလ်ကော့ကဲ့သို့ ဖြစ်လာလိ့မ်မည်ဟု အားပေးပြောဆိုလိုက်သည်။

‘ဒီအခြေအနေကို ရာသီအဆုံးမှာ စဉ်းစားမယ်လို့ ချိန်ဘာလိန်က ပြောပါတယ်။ ဒါက အသင်းကထွက်ခွာမယ်ဆိုတဲ့ စကားနဲ့ လုံးဝကွဲပြားပါတယ်။ သူ့နေရာက ဒီမှာ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ချိန်ဘာလိန်ကို ကျွန်တော်တို့ ကြိုက်ပါတယ်။ သူ့ရဲ့တည်ငြိမ်တဲ့အနေအထားကို ရာသီအဆုံးအထိပြသသွားနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top