Property Expo
×

ေျမာင္းျမၿမိဳ႕နယ္၊ ရွမ္းေရေက်ာ္ေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္းခဲြတြင္ လတ္တေလာအေျခအေန၌ ေက်ာင္းသူေလးမ်ား အစုလိုက္အၿပံဳလိုက္ သရဲပူးကပ္သည္ဟုဆိုကာ လူမႈကြန္ရက္စာမ်က္ႏွာမ်ားအျပင္ သတင္းမီဒီယာမ်ားေပၚအထိ အုတ္ေအာ္ေသာင္းတင္းျဖစ္ခဲ့ရသည္။ ယင္းျဖစ္စဥ္ေၾကာင့္ သက္ဆိုင္ရာအစိုးရတာ၀န္ရိွသူမ်ားပါမက်န္ အလုပ္မ်ားခဲ့ရၿပီး ေအာက္တိုဘာ ၂၅ ရက္က ဧရာ၀တီတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးမန္းေဂ်ာ္နီကိုယ္တိုင္ လာေရာက္အမိန္႔ျပန္ကာ ရဲဌာနမွ ေသနတ္ ၁၈ ခ်က္ပစ္ေဖာက္ေျခာက္လွန္႔ခဲ့ရသည္အထိ ျဖစ္လာခဲ့သည္။ ထိုကဲ့သို႔ အျဖစ္အပ်က္မ်ား ျဖစ္ပြားေနမႈကို ေရႊရင္ေက်ာ္ဣစၧာသယမဟိဒၶိေစဂိုဏ္းမွ ဂိုဏ္းဆရာသံုးဦးက ကုသေပးေနၿပီး လတ္တေလာအေျခအေနအား ေစာင့္ၾကည့္ရဦးမည္ဟု ေဒသခံမ်ားက ဆိုသည္။ ယင္းအေျခအေနနွင့္ပတ္သက္၍ ရွမ္းေရေက်ာ္ေက်းရြာ ေက်ာင္းအုပ္ဆရာမႀကီးေဒၚႏုႏုနွင့္ ေတြ႕ဆံုေမးျမန္းျဖစ္ခဲ့သည္။

ဒီျဖစ္စဥ္ စ,ျဖစ္တာကစၿပီး ေျပာျပေပးပါခင္ဗ်။

စ,ျဖစ္တာကေတာ့ သားရယ္၊ မႏွစ္ကတုန္းကေတာ့ ဆရာမႀကီးတို႔ ေက်ာင္းမွာ ၄၊ ၈၊ ၉၊ ၁၀ တန္းေတြ ည စာဖတ္၀ိုင္းလုပ္ၾကတယ္။ စက္တင္ဘာ ၂၅ ရက္က စေခၚခဲ့တယ္။ ဒီေက်ာင္းက ၿခံစည္း႐ိုးမရိွဘူးေလ။ ေက်ာင္းသားေတြလည္း ေအးေအးေဆးေဆးပဲ။ ဒီဇင္ဘာေလာက္မွာ သခ်ဳိ ၤင္းကုန္းထဲမွာ လူစိမ္းႏွစ္ေယာက္ေတြ႕တာနဲ႔ပတ္သက္ၿပီး ကေလးဖမ္းတဲ့လူလို႔ ထင္ၿပီး မိဘေတြက ေၾကာက္အားလန္႔အားနဲ႔ ၿခံစည္း႐ိုးခတ္လိုက္ၾကတယ္။ ခတ္ၿပီး ဒီဇင္ဘာေက်ာင္းပိတ္ရက္ေက်ာင္းျပန္ဖြင့္ခိ်န္မွာ ည စာဖတ္၀ိုင္းလုပ္ေတာ့ ၄ တန္းကေလးေတြ ပူးကပ္တာေတြ ျဖစ္လာတယ္။ တေယာက္စနွစ္ေယာက္စ ပူးရာကေန ရြာဦးက ေတာရေက်ာင္း ဆရာေတာ္ဦးသာဂရဆီသြားေတာ့ ပူးတဲ့သူက ၀က္သားစားခ်င္တယ္ေျပာေတာ့ မေကၽြးၾကဘူး။ ပူးတဲ့သရဲက ၀က္သားစားခ်င္တယ္ေျပာေလ မေကၽြးဘဲနဲ႔ ဆရာေတာ္ရဲ႕ ေမတၱာပရိတ္ႀကိဳးနဲ႔ပဲေလ။ ေပ်ာက္ကင္းသြားေတာ့ ေက်ာင္းက ဆရာ၊ ဆရာမေတြက ၄ တန္း၊ ၈ တန္းကို ညေက်ာင္း ေခၚလို႔ မျဖစ္ေတာ့ဘူး။ ကေလးေတြက ငယ္လို႔ ဒီလိုပူးတာကပ္တာေတြ ထပ္ျဖစ္ရင္ အႏၲရာယ္ရိွတယ္ဆိုၿပီး ၄၊ ၈၊ ၉ တန္းေတြကို မနက္ ၇ နာရီခဲြကေန မနက္ ၉ နာရီအခ်ိန္ကို တက္လိုက္တယ္။ ညေနေက်ာင္းဆင္း ၃ နာရီကေန ၅ နာရီအထိ အခိ်န္ပိုသတ္မွတ္ၿပီး သင္ေပးလိုက္တယ္။ သင္တန္းကိုေတာ့ ဆရာမတို႔ေက်ာင္းမွာ မလုပ္ေတာ့ဘဲနဲ႔ မူႀကိဳကိုေျပာင္းၿပီး စခန္းသြင္းလိုက္တယ္။ စာက်က္တယ္။ အဲဒီေတာ့ ပူးကပ္ တာေတြမရိွေတာ့ဘူး။ ေအးေအးခ်မ္းခ်မ္းျဖစ္သြားတယ္။ ဒီႏွစ္ ၁၆/၁၇ ပညာသင္နွစ္မွာ ေအးေအးခ်မ္းခ်မ္းပဲ။ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္ထိကေတာ့ စက္တင္ဘာလက်ေတာ့မွ ကေလးေတြ စၿပီးေတာ့ ပူးကပ္တာေတြျဖစ္ လာတယ္။ အဲဒါေတြကို ေမးျမန္းလိုက္တဲ့အခါမွာ ဒီအေဒၚရဲ႕သမီးေပါ့။ လြန္ခဲ့တဲ့ ၁၂ နွစ္က ဆံုးသြားတာ မခိုင္ခိုင္ရယ္၊ လြန္ခဲ့တဲ့ ၃၅ ႏွစ္က ဆံုးသြားတဲ့ ေဒၚျမင့္ၾကည္ဆိုတဲ့ အမ်ဳိးသမီးရယ္၊ လြန္ခဲ့တဲ့ ၆ လေလာက္က ဆံုးသြားတဲ့ သူဇာေက်ာ္ရယ္ သံုးေယာက္က ၀င္ၿပီးပူးကပ္တယ္။ ပူးေတာ့ ကဲ ေျပာခ်င္ရာေျပာပါ ဆရာမႀကီးကိုယ္တိုင္ရိွပါတယ္။ လုပ္ေပးပါမယ္ဆိုေတာ့ သပိတ္သြပ္ေပးဖို႔ေတာင္းဆိုတယ္။ သပိတ္သြပ္ရင္ ကဲ ဘယ္မွာေနလဲဆိုေတာ့ ေက်ာင္းေဆာင္သစ္ ၇ တန္းအေဆာင္မွာေနတယ္။ မိဘေတြေရာ ဆရာ၊ ဆရာမေတြေရာ ရြာဦးေက်ာင္း နွစ္ေက်ာင္းက ဆရာေတာ္ေတြပင့္ၿပီးေတာ့ အကုန္လံုးပင့္ၿပီး သူတို႔ကိုအမွ်အတန္းေပးေ၀လိုက္ေတာ့ ေအးခ်မ္းသြားတယ္။ အဲဒီမွာတင္ ဆရာမႀကီးတို႔က အမိန့္ျပန္တယ္။ အမိန္႔ျပန္စာကိုလည္း အခန္းထဲမွာ ဆရာမႀကီးတို႔က အခုခိ်န္ထိကပ္ထားတယ္။ ေအးခ်မ္းသြားေတာ့ ဆရာမႀကီးက မ်က္စိခဲြဖို႔ ရန္ကုန္ျပည္သူ႕ေဆးရံုမ်က္စိအထူးကုကိုသြားၿပီး ကုတယ္။ စက္တင္ဘာ ၅ ရက္ေန႔မွာ ခြင့္ယူၿပီးသြားတဲ့အခ်ိန္ ေက်ာင္းကေန လွမ္းဖုန္းဆက္တယ္။ ေက်ာင္းသူေလးေယာက္ပူးတယ္တဲ့။ ဆရာမႀကီးက မႏွစ္က ပူးဖူးတဲ့အေတြ႕အႀကံဳရိွတဲ့အတြက္ ကဲ ဒါဆိုရင္ သူတို႔လိုအပ္တာရိွတာ ေျပာမွာပဲဆိုေတာ့ ၆ ရက္ေန႔မွာ မ်က္စိခဲြရတယ္။ မ်က္စိခဲြၿပီး ၃ ရက္ ေလာက္လည္းၾကာေရာ ၿမိဳ႕နယ္ပညာေရးမွဴးက လွမ္းၿပီး ဆရာမႀကီးမျဖစ္ဘူး ေက်ာင္းမွာပူးကပ္တာက ၁၀ ေယာက္မက ၁၅ ေယာက္မက ျဖစ္ေနတယ္။ အခု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေတြပါ ေျမစာရင္းေတြပါ အကုန္ပါကုန္ရတာေပါ့ေနာ္။ ဆရာမႀကီးျပန္လာလို႔ မရဘူး။ မ်က္စိက လႈပ္ရွားလို႔ မရေသးဘူးေလ။ ေနာက္ စက္တင္ဘာ ၂၃ ရက္မွာ ေက်ာင္းကိုျပန္ေရာက္တယ္။ ျပန္ေရာက္ေတာ့ ေျမစာရင္းက သခ်ိဳၤင္းေျမကိုျပန္တိုင္းတဲ့အခါက်ေတာ့ ေက်ာင္းေဆာက္ထားတဲ့ ေက်ာင္းေဆာင္သစ္က သခ်ဳိ ၤင္းေျမထဲမွာ လံုးလံုးပါေနတယ္။ ပါေနေတာ့ ၿမိဳ႕နယ္ေျမစာရင္းက ေက်ာင္းရဲ႕ ေျမသားကို သခ်ိဳ ၤင္းေျမအျဖစ္ သတ္မွတ္ၿပီး သူတို႔ေျမကို အစားျပန္ေပး ၿပီးျဖစ္လို႔ ေက်ာင္းသူေတြကို မေနွာင့္ယွက္ဖို႔ ေျပာရတယ္။ အဲဒီအခိ်န္မွာ သူရဲေတြက ဘာေျပာသလဲဆိုေတာ့ ဆရာမႀကီးကို မုန္းလို႔လုပ္တာေပါ့။ ဘာေၾကာင့္မုန္းတာလဲဆိုတာ့ အစည္းအေ၀းမွာ စကားမ်ားတာရိွတယ္တဲ့။ ဆရာမႀကီးကလည္း မွတ္မွတ္ရရအစည္းအေ၀းမွာ စကားႀကီးႀကီးက်ယ္က်ယ္မ်ားတာ မရိွဘူး။ သရဲေတြရဲ႕အဆိုအရေတာ့ အစည္းအေ၀းမွာ စကားမ်ားတယ္ေပါ့။ မုန္းလို႔လုပ္တာ ေနာက္ျပီး သူတို့က ကြ်တ္ခ်င္လို႔ ေအာက္လမ္းဆရာက သူတို႔ကို ခိုင္းလို႔လာရတာပါဆိုၿပီး ေျပာတယ္။ သူတို႔ျပန္သြားရင္ ေအာက္လမ္းဆရာက နိွပ္စက္တယ္တဲ့။ သူတို႔ကို ဆရာနိုင္တာနဲ႔ကုေပးဖို႔ ေျပာတယ္။ နိုင္တဲ့ဆရာ ဘယ္မွာလဲဆိုေတာ့ ရန္ကုန္က မီးခြက္ေဈးမွာရိွတယ္လို႔ သူတို႔ကေျပာတယ္။ ရန္ကုန္မီးခြက္ေဈးက ေ၀းလြန္းလို႔ ငါတို႔လည္း မသိဘူးေပါ့။ ေျမာင္းျမၿမိဳ႕နယ္ထဲမွာ ရိွသလားေပါ့။ တပုန္းဘုန္းႀကီးရိွတယ္ေျပာတယ္။ အဲဒါနဲ႔ ေက်ာင္းသူမိဘတဦးက သူ႕သမီးကို အဲဒီဘုန္းေတာ္ႀကီးဆီမွာသြားျပေတာ့ အေျခအေန ေတာ္ေတာ္ေကာင္းသြားတယ္။ အေျခအေနေကာင္းေပမယ့္ တျခားကေလးေတြကေတာ့ ထပ္ပူးေနတာပဲ။ အဲဒါနဲ႔ ၀ါကြ်တ္ရင္ သူေက်ာင္းကိုလာၿပီး သန္႔ေပးမယ္ဆိုေတာ့ အဲဒီခ်ိန္မွာပဲ ေျမာင္းျမက အေသာကသီတဂူဆရာေတာ္ႀကီးေတြ၊ ၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ရဲမွဴးေတြေရာ၊ မတ၀ ဥကၠ႒ေတြေရာ၊ ခ႐ိုင္မွဴးေတြေရာ၊ ခ႐ိုင္ပညာေရးမွဴးေတြ၊ ၿမိဳ႕နယ္ပညာေရးမွဴးေတြေရာ အကုန္လံုးလာၿပီး ဘုန္းႀကီးေတြနဲ႔ပင့္ဖိတ္ၿပီး ဒီမွာ တရားနာ ဆန္မန္းသဲမန္းေတြလည္း အကုန္လံုးပတ္သြားတယ္။ ဒါေပမဲ့ ဆရာ ေတာ္ႀကီးေတြျပန္သြားေတာ့ ပူးတုန္းပဲ။ ပူးတဲ့အခါက်ေတာ့ စာေမးပဲြေျဖရင္လည္း ေႏွာင့္ယွက္မယ္လို႔ သရဲေတြက ေျပာတုန္းပဲ။ ေျပာတဲ့အတိုင္းပဲ စာေမးပဲြေျဖခိ်န္ သူတို႔ေနွာင့္ယွက္တာပဲ။ ပထမေန႔က သူတို႔ခံုနံပါတ္ တိုင္း ေျဖခိုင္းေပမယ့္ ေနာက္ေန႔ပူးတဲ့ကေလးေတြႀကီးပဲ စုျပီးထပ္ေျဖခိုင္းတယ္။ အေဆာင္တေဆာင္မွာ သပ္သပ္ထားၿပီး ေျဖခိုင္းတာေပါ့။ အဲဒါလည္း ပူးတာပဲ။ ၃ ရက္ဆက္တိုက္ပူးတာေပါ့။ ပူးတဲ့အခိ်န္မွာ ခါတိုင္း ဆရာေတာ္ရဲ႕ ပရိတ္ေရပက္လိုက္ရင္ ညိႇဳးက်သြားတယ္။ ႐ုန္းရင္းကန္ရင္း မလုပ္ေတာ့ဘူး။ ႐ုန္းရင္းကန္ရင္းနဲ႔ ဆရာမႀကီးကို သတ္ခ်င္ျဖတ္ခ်င္တဲ့ပံုစံေတြပါ ျဖစ္လာတယ္။ ဒါဆိုရင္ေတာ့ နင္သရဲမျဖစ္နိုင္ဘူး။ ေအာက္လမ္းပဲထင္တယ္ဆိုေတာ့ အဲဒီမွာ ပိုၿပီးေတာ့ ဆရာမႀကီးေနာက္ကို လိုက္တာ။ အဲဒီေတာ့ ဆရာမႀကီးက တာ၀န္က်တဲ့ ရဲေလးရယ္၊ ဆရာေတြရယ္ ၀ိုင္းၿပီးေတာ့ ခ်ဳပ္ထားတာေတာင္ မရခ်င္ဘူး။ အဲဒါနဲ႔ ဆရာမႀကီးက ဒီဘက္အေဆာင္မွာ လာေနတယ္။ ေနာက္ဆံုး ဆရာေတြက ေတာင္းပန္ျပီးေတာ့ ကေလးေတြလည္း စာေမးပဲြေျဖေနရတာ ေမာလည္း ေမာလွပါျပီ။ အဲဒီေတာ့မွ ထြက္သြားတယ္။ အဲဒီကစျပီး ဒီေရႊရင္ေက်ာ္ဆရာႀကီးေတြက ေမတၱာနဲ႔ကုသခ်င္ပါတယ္ဆိုၿပီး ကုတဲ့အခါက်ေတာ့ ေအာက္လမ္းနဲ႔ တိုက္ထားတာ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီမွာ ၀ါဆိုသကၤန္းကပ္ဖို႔ ၃၀၀ နဲ႔ ၅၀၀ ေကာက္တာ မေက်နပ္ဘူး။ အဲဒါ ေကာက္ၿပီး ေပါင္မုန္႔နွစ္ခ်ပ္ေကြ်းတာလည္း မေက်နပ္ဘူး။ အခိ်န္ပိုေတြ ေခၚတာလည္း မေက်နပ္ဘူးေျပာတယ္။

ေမး- ဒီျဖစ္စဥ္ေၾကာင့္ ဆရာမႀကီးအေနနဲ႔ အေနွာင့္အယွက္ ျဖစ္မိသလား။
ေျဖ- သူတို႔ကျဖစ္ျပီးရင္ နာရီ၀က္အတြင္းေလာက္ဆို ျပန္ေကာင္းေနေတာ့ သင္ၾကားေရးေတာ့ မပ်က္ဘူး။ ျဖစ္ေနခ်ိန္မွာေတာ့ စိတ္ညစ္တာေပါ့။ က်န္တဲ့အခိ်န္က် သိပ္မခံစားရပါဘူး။

ေမး- ဒီေက်ာင္းကို အမဲသားမယူရဘူးဆိုၿပီး ေၾကညာထားတာ။ ဘာေၾကာင့္လဲဗ်။
ေျဖ- ဟုတ္တယ္။ ဆရာေတာ္ၾကီးေတြရဲ့ ဥာဏ္စဥ္နဲ႔ၾကည့္ေတာ့ ဒီအထဲမွာ သရဲေတြကို အမဲသားေကြ်းျပီး ေစခိုင္းထားတာျမင္ေတာ့ အမဲသားကိုလည္း ဒီေက်ာင္းထဲကို ယူခြင့္လည္းမေပးဘူး။ ဆရာမႀကီးကိုလည္း တသက္လံုး အမဲသားမစားဖို႔ ဆရာေတာ္ၾကီးေတြက ကတိေတာင္းပါတယ္။

ေမး- မေန႔က စက္တင္ဘာ ၂၅ ရက္မွာ ဧရာ၀တီတိုင္း၀န္ႀကီး ခ်ဳပ္လာတယ္။ ဘာေတြလုပ္သြားလဲ။
ေျဖ- ၀န္ႀကီးခ်ဳပ္လာေတာ့ သခ်ိဳ ၤင္းေျမကို သူကလည္း အမိန္႔ျပန္တယ္။ မင္းအမိန္႔နဲ႔ေပါ့။ ေနာက္ပိုင္း မေနွာင့္ယွက္နဲ႔ဆိုျပီး ေသနတ္ ၁၈ ခ်က္ေဖာက္ၿပီး အမိန္႔ျပန္သြားတယ္။

ေမး- အဲဒီလိုလုပ္တာေတာင္ ဒီေန႔ ကေလးတေယာက္က ပူးေနေသးတာလား။
ေျဖ- ပူးတာေလာက္ထိေတာ့ မဟုတ္ဘူး။ အရိွန္နည္းနည္းက်န္တာတို႔ ေျပာပါတယ္။ ဒီေန႔ကေတာ့ ေက်ာင္းမွာ ေအးေအးခ်မ္းခ်မ္းျဖစ္ေနပါျပီ။

ေမး- စိတ္ပညာနဲ႔ပတ္သက္တဲ့ ဆရာေတြလာကုေပးမယ္ဆို အဲဒါ ဘယ္လိုအေျခအေနရိွလဲ။
ေျဖ- ဟုတ္တယ္၊ ေျမာင္းျမကိုေခၚသြားၿပီး စိတ္ပညာအထူးကုဆရာ၀န္ၾကီး ရန္ကုန္သဃၤန္းကြ်န္းက ဆရာႀကီးလာျပီး ေျမာင္းျမပရဟိတစြမ္းအားေက်ာင္းမွာ ကေလးေတြေရာ၊ မိဘေတြေရာေခၚျပီး သားဖြားမီးယပ္အထူးကုဆရာ၀န္ေတြ စိတ္ေရာဂါအထူးကု ဆရာ၀န္ေတြ အကုန္လံုးေခၚလာျပီး သူတို႔ကေလးေတြနဲ့ သူတို႔ကုသမႈေတြလုပ္ပါတယ္။

ေမး- ကုသမႈအၿပီး ဘာမွတ္ခ်က္ေပးလဲ။
ေျဖ- သူတို႔ပညာလည္း ကၽြန္မတို႔က သိပ္နားမလည္ေတာ့ ဒီကေလးေတြ ငါးေယာက္တ၀ိုင္းမွာ ဆရာ၀န္တေယာက္နဲ႔ သူတို႔ေမးခ်င္တဲ့ေမးခြန္းYes or No ေမးၿပီးေတာ့ ကုသတာေတြ႕ပါတယ္။ က်န္တာေတာ့ ထူးထူးျခားျခား စမ္းသပ္တာ မေတြ႕ဘူး။

ေမး- ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ ဆရာမႀကီးတို႔ေရာ၊ အစိုးရပိုင္းကပါ အလုပ္မ်ားကုန္ၿပီလို႔ ေျပာလို႔ရတာေပါ့။ ဆရာမတို႔ သက္ဆိုင္တဲ့ဌာနက ဘာေျပာေသးလဲ။
ေျဖ- ဘာမွ ညႊန္ၾကားတာမရိွဘူး။ ဒါေပမဲ့ သတိနဲ႔ထားၿပီးေတာ့ ေနဖို႔ပဲေျပာတယ္။ ဒီရဲ႕ျမားဦးက ဆရာမႀကီးကို လွည့္တာဆိုေတာ့ ဆရာမႀကီးလည္း သတိထားၿပီးေတာ့ ေနရတာေပါ့။

ေမး- ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဆရာမႀကီး ဘာမ်ားျဖည့္စြက္ေျပာခ်င္လဲ။
ေျဖ- ဆရာမႀကီးကို မလိုလို႔လုပ္တဲ့အတြက္ေၾကာင့္ ကေလးေတြက ကံနိမ့္လို႔ထိတာေပါ့။ ေနာက္လည္း ဒီလိုထပ္လုပ္မယ္ဆိုရင္ ဆရာမႀကီးက ေၾကာက္တယ္ေလ။ ေျပာင္းခ်င္တဲ့ဆႏၵေတာ့ ရိွတာေပါ့။ နိုင္ငံ ေတာ္အႀကီးအကဲေတြက ဘယ္လိုလုပ္ေပးမလဲမသိဘူး ေစာင့္ၾကည့္ရဦးမယ္။ ကြ်န္မကေတာ့ ဒီမွာေနရတာ ေတာ္ေတာ္ေလးအႏၲရာယ္နီးကပ္ေနတယ္လို႔ခံစားရတယ္။

ေက်းဇူးတင္ပါတယ္ခင္ဗ်။

ယင္းျဖစ္စဥ္နွင့္ပတ္သက္၍ ေရႊရင္ေက်ာ္ဂိုဏ္းမွ ဦးခင္သန္းအားလည္း ေမးျမန္းျဖစ္ခဲ့သည္။

ေမး- ဆရာတို႔ ကူညီေပးရတဲ့ အခန္းက႑က ဘယ္လိုပံုစံမ်ဳိးပါခဲ့လဲ။

ေျဖ- ကၽြန္ေတာ္တို႔ကေတာ့ ဘယ္လိုေခၚမလဲဆိုရင္ ေဖ့စ္ဘြတ္ထဲမွာေတြ႕တဲ့အခါက်ေတာ့ ေက်ာင္းသားေလးေတြ ကေလးေတြ အရွက္တကဲြအက်ဳိးနည္းျဖစ္ေနၾကတာေတြ ေက်ာင္းသားေလးေတြရဲ႕ မိခင္ေတြ ဘယ္လိုခံစားရမလဲဆိုတာကို ကၽြန္ေတာ္တို႔ ေတြးၿပီးေတာ့ ပူမိတယ္ေပါ့ေနာ္။ ကိုယ္ခ်င္းစာတရားေလးလည္း ထားခဲ့တယ္ေပါ့။ ကြ်န္ေတာ္တို႔ လည္း သားသမီးေတြရိွသည္ျဖစ္တဲ့အတြက္ ေက်ာင္းသားမိဘနဲ႔ ေက်ာင္းသားေလးေတြကို သံေယာဇဥ္ပိုၿပီးထားတယ္။ က႐ုဏာေလးေတြ ထားတယ္။ အရွက္တကဲြ အက်ဳိးနည္းတာေလးေတြလည္း ျဖစ္မွာစိုးလို႔ ကူညီရျခင္းလည္း ျဖစ္တယ္။ အဲဒီေတာ့ ဒီေနရာကို ေရာက္လာဖို႔ ညီအစ္ကိုေတြ အကုန္လံုးတိုက္တြန္းၿပီးေတာ့ စည္းစည္း႐ံုး႐ံုးနဲ႔လာေရာက္ျပီး ဒီေနရာမွာ အကူအညီေတာင္းခံၿပီးေတာ့ ဒီကေလးေတြကို ကယ္တင္ရတယ္ေပါ့။ ကယ္တင္ရတဲ့အခါမွာလည္း အခက္အခဲေလးေတြရိွတာေပါ့ သားရယ္၊ အဲဒီ အခက္အခဲေလးေတြ ေက်ာ္လႊားနိုင္ေအာင္လို႔လည္း ေက်းရြာအုပ္စုေတြ၊ အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ေက်ာင္းအုပ္ဆရာမႀကီးေတြ ဒီက ရြာခံက ဆရာကိုစိုးလြင္တို႔ သူတို႔အပါအ၀င္ေပါ့။ ဒီေက်ာင္းႀကီးမွာ မိဘေတြ၊ ေက်ာင္းသားေတြ စိတ္ခ်မ္းသာသြားေအာင္ ဆရာတို႔ အတတ္ နိုင္ဆံုးတတ္သမွ်ပညာနဲ့ အကုန္လံုး အစြမ္းကုန္ကူညီေပးခဲ့တယ္ေပါ့။

ေမး- ဆရာတို႔ ဒီကိုဘယ္ေန႔ကေနစၿပီး အကူအညီေပးခဲ့တာပါလဲ။

ေျဖ- သီတင္းကၽြတ္လဆန္း ၁၄ ရက္ေန႔ကေန အကုန္လံုးေရာက္တာေပါ့ေနာ္။ ေရာက္ၿပီးေတာ့ ညီအစ္ကိုေတြ ပင္လယ္ေလးတံတားမွာ ခ်ိန္းၿပီးေတာ့ ညတြင္းခ်င္းပဲ ဆရာတို႔ ေမာင္းခ်လာတယ္။ မနက္ ၉ နာရီက်ေတာ့ ညီအစ္ကိုေတြ သူ႕အဖဲြ႕ကိုယ့္အဖဲြ႕စံုၾကျပီးေတာ့ ဒီကို ေရာက္လာၾကတာေပါ့ေနာ္။ ေရာက္တယ္ဆိုရင္ပဲ သီတင္းကၽြတ္လဆန္း ၁၄ ရက္ေန႔မွာပဲ တိုက္ပဲြက ၀င္ရတာေပါ့။ ဒီကေလးေလးေတြကို ၁၄ ရက္ေန႔ တေန႔၊ ၁၅ ရက္ေန႔ တေန႔၊ လျပည့္ေက်ာ္ ၁ ရက္ေန႔မွ ဇာတ္လမ္းက ၿပီးဆံုးသြားတယ္ေပါ့ေနာ္။ ျပတ္သြားတယ္ေပါ့။ ေအာင္ပဲြခံလိုက္တယ္ေပါ့။

ေမး- ဆရာတို႔က ဘယ္ကေနလာၾကတာပါလဲ။

ေျဖ- ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ ၈ ရပ္ကြက္ ဇီဇ၀ါလမ္း အမွတ္ (၁၁) ဆရာဦးခင္သန္းဆို ေမးလို႔ရပါတယ္။ ညီေလးက လပြတၱာၿမိဳ႕နယ္၊ (၈)ရပ္ကြက္ ၃ လမ္းမွာ ေနတယ္။ သူတို႔ ညီအစ္ကိုေတြက တရပ္ကြက္ထဲ။

ေမး- ဆရာတို႔ ဒီကိုေရာက္ေတာ့ ထူးျခားမႈဘာေတြေတြ႕လဲ။ ဆရာတို႔ အခက္အခဲေတြ ဘယ္လိုရိွလဲ မသိဘူး။

ေျဖ- အခက္အခဲေတြ ဘယ္လိုရိွလဲဆိုေတာ့ သူတို႔ကုရတဲ့ေနရာမွာ ေတာ္ေတာ္ေလးကိုခက္ခဲပါတယ္။ ေတာ္ေတာ္ေလးကို တိုက္ကြက္ေတြလည္း ဆင္ခဲ့ရတယ္ေပါ့။ ေနာက္ပိတ္ဆံုးပဲြမွာကေတာ့ ကၽြန္ေတာ္တို့ ဒုတိယေန႔မွာ ကြ်န္ေတာ္တို႔ ဆရာႀကီးကို ဒီပဲြကို ေအာင္ပဲြခံမယ္။ ကြ်န္ေတာ္တို႔ ဆရာၾကီး ဧရာ၀တီတိုင္း က်ဳံမေငးၿမိဳ႕က ဆရာႀကီး ဦးသန္းေရႊကို ကြ်န္ေတာ္တို႔ ပင့္တယ္။ ဒီပဲြကို ဇီ၀ိတဒါနနဲ႔ ကြ်န္ေတာ္တို႔လွဴတယ္။ ကယ္တင္တယ္။ ကြ်န္ေတာ္တို႔ ဆရာၾကီးကို လက္အုပ္ခ်ီဂါ၀ရတရားေလးနဲ႔ ကန္ေတာ့ၾကမယ္ေပါ့ေနာ္။ ေက်ာင္းသားေတြနဲ႔၊ ကြ်န္ေတာ္တို႔ အဲဒီလိုရည္ရြယ္ခ်က္နဲ႔ ပင့္လိုက္တယ္။ ပင့္ၿပီးေတာ့ ေနာက္ဆံုးဖိုင္နယ္မွာ အသက္ထပ္ပဲြလို႔ေခၚရမွာေပါ့ေနာ္။ အသက္ထပ္ပဲြ၊ ပညာၿပိဳင္တဲ့ပဲြေပါ့။ ကၽြန္ေတာ္တို႔ မႏိုင္ရင္လည္း ကြ်န္ေတာ္တို႔ အဲဒီေနရာမွာ ေသရမယ့္ပဲြေပါ့ေနာ္။ ကြ်န္ေတာ္တို႔ကေတာ့ ဂိုဏ္းကလူမသတ္တဲ့အတြက္ သူတို႔ကိုေတာ့ ပညာသားပါပါေလးနဲ႔ပဲ ဆံုးမေပးလိုက္ပါတယ္။ အသက္အႏၲရာယ္ျဖစ္ေအာင္ေတာ့ မလုပ္လိုက္ပါဘူး။ ဒါပါပဲ။

ေမး- အခု ဆရာတို႔သိရတဲ့ အေနွာင့္အယွက္က ဘာအေနွာင့္အယွက္လဲခင္ဗ်။
ေျဖ-ေအာက္လမ္းတိုက္သရဲစဲြပါ။ အဓိကတရားခံက သူပဲေပါ့။

ေမး- သခ်ဳိ ၤင္းေျမေပၚမွာ ပါေနတဲ့အတြက္ေၾကာင့္လား။ တေယာက္ေယာက္က ေစခိုင္းတဲ့အတြက္ေၾကာင့္လား။
ေျဖ- သခ်ဳိ ၤင္းေျမေပၚမွာ ဒီေက်ာင္းႀကီးေဆာက္လို႔ သခ်ဳိ ၤင္းေျမပါတယ္ဆိုတာက မျဖစ္နိုင္ဘူးလို႔ ယူဆတယ္။ တဦးတေယာက္က မလိုလားလို႔ အတတ္ပညာေတြနဲ႔ တိုက္ခိုက္ျခင္းလို႔ ကၽြန္ေတာ္တို႔ကေတာ့ ယူဆတယ္ေပါ့ေနာ္။ သခ်ဳိ ၤင္းေျမက သူူက သခ်ဳိ ၤင္းေျမကေနၿပီးေတာ့ ဒီဆရာက သခ်ဳိ ၤင္းထဲမွာရိွေနတဲ့ နာနာဘာ၀ေတြနဲ႔ အုပ္စုဖဲြ႕ၿပီး ဒီေက်ာင္းကို တိုက္တာေပါ့။ ဒါပါပဲ။

ေမး- မေန႔က ၀န္ႀကီးခ်ဳပ္လာၿပီးေတာ့ လုပ္သြားတယ္ဆိုေတာ့ ဒီေန႔လည္း ဒီလိုမ်ဳိး နည္းနည္းေလးျဖစ္တယ္ဆိုေတာ့ အဲဒီလိုျဖစ္တဲ့အေပၚ ထင္ျမင္ခ်က္ေလးေျပာပါဦး။
ေျဖ- ကြ်န္ေတာ္တို႔ အယူအဆကေတာ့ သူ႕ရဲ႕က်န္းမာေရးလို႔ ယူဆတယ္။ မိစၧာနဲ႔ပတ္သက္ၿပီးေတာ့ မျဖစ္နိုင္ေတာ့ဘူးလို႔ ယူဆတယ္ေလ။ ကၽြန္ေတာ္တို႔ လုပ္ရပ္ကို ကၽြန္ေတာ္တို႔ ယံုၾကည္တာကိုး။

ေက်းဇူးတင္ပါတယ္ ဆရာ
(ကိုခက္ ေမးျမန္းသည္။)

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လတ်တလောအခြေအနေ၌ ကျောင်းသူလေးများ အစုလိုက်အပြုံလိုက် သရဲပူးကပ်သည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာများအပြင် သတင်းမီဒီယာများပေါ်အထိ အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည်။ ယင်းဖြစ်စဉ်ကြောင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများပါမကျန် အလုပ်များခဲ့ရပြီး အောက်တိုဘာ ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီကိုယ်တိုင် လာရောက်အမိန့်ပြန်ကာ ရဲဌာနမှ သေနတ် ၁၈ ချက်ပစ်ဖောက်ခြောက်လှန့်ခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားနေမှုကို ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းမှ ဂိုဏ်းဆရာသုံးဦးက ကုသပေးနေပြီး လတ်တလောအခြေအနေအား စောင့်ကြည့်ရဦးမည်ဟု ဒေသခံများက ဆိုသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ရှမ်းရေကျော်ကျေးရွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နုနုနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

ဒီဖြစ်စဉ် စ,ဖြစ်တာကစပြီး ပြောပြပေးပါခင်ဗျ။

စ,ဖြစ်တာကတော့ သားရယ်၊ မနှစ်ကတုန်းကတော့ ဆရာမကြီးတို့ ကျောင်းမှာ ၄၊ ၈၊ ၉၊ ၁၀ တန်းတွေ ည စာဖတ်ဝိုင်းလုပ်ကြတယ်။ စက်တင်ဘာ ၂၅ ရက်က စခေါ်ခဲ့တယ်။ ဒီကျောင်းက ခြံစည်းရိုးမရှိဘူးလေ။ ကျောင်းသားတွေလည်း အေးအေးဆေးဆေးပဲ။ ဒီဇင်ဘာလောက်မှာ သချို ၤင်းကုန်းထဲမှာ လူစိမ်းနှစ်ယောက်တွေ့တာနဲ့ပတ်သက်ပြီး ကလေးဖမ်းတဲ့လူလို့ ထင်ပြီး မိဘတွေက ကြောက်အားလန့်အားနဲ့ ခြံစည်းရိုးခတ်လိုက်ကြတယ်။ ခတ်ပြီး ဒီဇင်ဘာကျောင်းပိတ်ရက်ကျောင်းပြန်ဖွင့်ချိန်မှာ ည စာဖတ်ဝိုင်းလုပ်တော့ ၄ တန်းကလေးတွေ ပူးကပ်တာတွေ ဖြစ်လာတယ်။ တယောက်စနှစ်ယောက်စ ပူးရာကနေ ရွာဦးက တောရကျောင်း ဆရာတော်ဦးသာဂရဆီသွားတော့ ပူးတဲ့သူက ဝက်သားစားချင်တယ်ပြောတော့ မကျွေးကြဘူး။ ပူးတဲ့သရဲက ဝက်သားစားချင်တယ်ပြောလေ မကျွေးဘဲနဲ့ ဆရာတော်ရဲ့ မေတ္တာပရိတ်ကြိုးနဲ့ပဲလေ။ ပျောက်ကင်းသွားတော့ ကျောင်းက ဆရာ၊ ဆရာမတွေက ၄ တန်း၊ ၈ တန်းကို ညကျောင်း ခေါ်လို့ မဖြစ်တော့ဘူး။ ကလေးတွေက ငယ်လို့ ဒီလိုပူးတာကပ်တာတွေ ထပ်ဖြစ်ရင် အန္တရာယ်ရှိတယ်ဆိုပြီး ၄၊ ၈၊ ၉ တန်းတွေကို မနက် ၇ နာရီခွဲကနေ မနက် ၉ နာရီအချိန်ကို တက်လိုက်တယ်။ ညနေကျောင်းဆင်း ၃ နာရီကနေ ၅ နာရီအထိ အချိန်ပိုသတ်မှတ်ပြီး သင်ပေးလိုက်တယ်။ သင်တန်းကိုတော့ ဆရာမတို့ကျောင်းမှာ မလုပ်တော့ဘဲနဲ့ မူကြိုကိုပြောင်းပြီး စခန်းသွင်းလိုက်တယ်။ စာကျက်တယ်။ အဲဒီတော့ ပူးကပ် တာတွေမရှိတော့ဘူး။ အေးအေးချမ်းချမ်းဖြစ်သွားတယ်။ ဒီနှစ် ၁၆/၁၇ ပညာသင်နှစ်မှာ အေးအေးချမ်းချမ်းပဲ။ ဇွန်၊ ဇူလိုင်၊ သြဂုတ်ထိကတော့ စက်တင်ဘာလကျတော့မှ ကလေးတွေ စပြီးတော့ ပူးကပ်တာတွေဖြစ် လာတယ်။ အဲဒါတွေကို မေးမြန်းလိုက်တဲ့အခါမှာ ဒီအဒေါ်ရဲ့သမီးပေါ့။ လွန်ခဲ့တဲ့ ၁၂ နှစ်က ဆုံးသွားတာ မခိုင်ခိုင်ရယ်၊ လွန်ခဲ့တဲ့ ၃၅ နှစ်က ဆုံးသွားတဲ့ ဒေါ်မြင့်ကြည်ဆိုတဲ့ အမျိုးသမီးရယ်၊ လွန်ခဲ့တဲ့ ၆ လလောက်က ဆုံးသွားတဲ့ သူဇာကျော်ရယ် သုံးယောက်က ဝင်ပြီးပူးကပ်တယ်။ ပူးတော့ ကဲ ပြောချင်ရာပြောပါ ဆရာမကြီးကိုယ်တိုင်ရှိပါတယ်။ လုပ်ပေးပါမယ်ဆိုတော့ သပိတ်သွပ်ပေးဖို့တောင်းဆိုတယ်။ သပိတ်သွပ်ရင် ကဲ ဘယ်မှာနေလဲဆိုတော့ ကျောင်းဆောင်သစ် ၇ တန်းအဆောင်မှာနေတယ်။ မိဘတွေရော ဆရာ၊ ဆရာမတွေရော ရွာဦးကျောင်း နှစ်ကျောင်းက ဆရာတော်တွေပင့်ပြီးတော့ အကုန်လုံးပင့်ပြီး သူတို့ကိုအမျှအတန်းပေးဝေလိုက်တော့ အေးချမ်းသွားတယ်။ အဲဒီမှာတင် ဆရာမကြီးတို့က အမိန့်ပြန်တယ်။ အမိန့်ပြန်စာကိုလည်း အခန်းထဲမှာ ဆရာမကြီးတို့က အခုချိန်ထိကပ်ထားတယ်။ အေးချမ်းသွားတော့ ဆရာမကြီးက မျက်စိခွဲဖို့ ရန်ကုန်ပြည်သူ့ဆေးရုံမျက်စိအထူးကုကိုသွားပြီး ကုတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ ခွင့်ယူပြီးသွားတဲ့အချိန် ကျောင်းကနေ လှမ်းဖုန်းဆက်တယ်။ ကျောင်းသူလေးယောက်ပူးတယ်တဲ့။ ဆရာမကြီးက မနှစ်က ပူးဖူးတဲ့အတွေ့အကြုံရှိတဲ့အတွက် ကဲ ဒါဆိုရင် သူတို့လိုအပ်တာရှိတာ ပြောမှာပဲဆိုတော့ ၆ ရက်နေ့မှာ မျက်စိခွဲရတယ်။ မျက်စိခွဲပြီး ၃ ရက် လောက်လည်းကြာရော မြို့နယ်ပညာရေးမှူးက လှမ်းပြီး ဆရာမကြီးမဖြစ်ဘူး ကျောင်းမှာပူးကပ်တာက ၁၀ ယောက်မက ၁၅ ယောက်မက ဖြစ်နေတယ်။ အခု မြို့နယ်အုပ်ချုပ်ရေးတွေပါ မြေစာရင်းတွေပါ အကုန်ပါကုန်ရတာပေါ့နော်။ ဆရာမကြီးပြန်လာလို့ မရဘူး။ မျက်စိက လှုပ်ရှားလို့ မရသေးဘူးလေ။ နောက် စက်တင်ဘာ ၂၃ ရက်မှာ ကျောင်းကိုပြန်ရောက်တယ်။ ပြန်ရောက်တော့ မြေစာရင်းက သချိုၤင်းမြေကိုပြန်တိုင်းတဲ့အခါကျတော့ ကျောင်းဆောက်ထားတဲ့ ကျောင်းဆောင်သစ်က သချို ၤင်းမြေထဲမှာ လုံးလုံးပါနေတယ်။ ပါနေတော့ မြို့နယ်မြေစာရင်းက ကျောင်းရဲ့ မြေသားကို သချို ၤင်းမြေအဖြစ် သတ်မှတ်ပြီး သူတို့မြေကို အစားပြန်ပေး ပြီးဖြစ်လို့ ကျောင်းသူတွေကို မနှောင့်ယှက်ဖို့ ပြောရတယ်။ အဲဒီအချိန်မှာ သူရဲတွေက ဘာပြောသလဲဆိုတော့ ဆရာမကြီးကို မုန်းလို့လုပ်တာပေါ့။ ဘာကြောင့်မုန်းတာလဲဆိုတာ့ အစည်းအဝေးမှာ စကားများတာရှိတယ်တဲ့။ ဆရာမကြီးကလည်း မှတ်မှတ်ရရအစည်းအဝေးမှာ စကားကြီးကြီးကျယ်ကျယ်များတာ မရှိဘူး။ သရဲတွေရဲ့အဆိုအရတော့ အစည်းအဝေးမှာ စကားများတယ်ပေါ့။ မုန်းလို့လုပ်တာ နောက်ပြီး သူတို့က ကျွတ်ချင်လို့ အောက်လမ်းဆရာက သူတို့ကို ခိုင်းလို့လာရတာပါဆိုပြီး ပြောတယ်။ သူတို့ပြန်သွားရင် အောက်လမ်းဆရာက နှိပ်စက်တယ်တဲ့။ သူတို့ကို ဆရာနိုင်တာနဲ့ကုပေးဖို့ ပြောတယ်။ နိုင်တဲ့ဆရာ ဘယ်မှာလဲဆိုတော့ ရန်ကုန်က မီးခွက်ဈေးမှာရှိတယ်လို့ သူတို့ကပြောတယ်။ ရန်ကုန်မီးခွက်ဈေးက ဝေးလွန်းလို့ ငါတို့လည်း မသိဘူးပေါ့။ မြောင်းမြမြို့နယ်ထဲမှာ ရှိသလားပေါ့။ တပုန်းဘုန်းကြီးရှိတယ်ပြောတယ်။ အဲဒါနဲ့ ကျောင်းသူမိဘတဦးက သူ့သမီးကို အဲဒီဘုန်းတော်ကြီးဆီမှာသွားပြတော့ အခြေအနေ တော်တော်ကောင်းသွားတယ်။ အခြေအနေကောင်းပေမယ့် တခြားကလေးတွေကတော့ ထပ်ပူးနေတာပဲ။ အဲဒါနဲ့ ဝါကျွတ်ရင် သူကျောင်းကိုလာပြီး သန့်ပေးမယ်ဆိုတော့ အဲဒီချိန်မှာပဲ မြောင်းမြက အသောကသီတဂူဆရာတော်ကြီးတွေ၊ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးတွေရော၊ မတ၀ ဥက္ကဋ္ဌတွေရော၊ ခရိုင်မှူးတွေရော၊ ခရိုင်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေရော အကုန်လုံးလာပြီး ဘုန်းကြီးတွေနဲ့ပင့်ဖိတ်ပြီး ဒီမှာ တရားနာ ဆန်မန်းသဲမန်းတွေလည်း အကုန်လုံးပတ်သွားတယ်။ ဒါပေမဲ့ ဆရာ တော်ကြီးတွေပြန်သွားတော့ ပူးတုန်းပဲ။ ပူးတဲ့အခါကျတော့ စာမေးပွဲဖြေရင်လည်း နှောင့်ယှက်မယ်လို့ သရဲတွေက ပြောတုန်းပဲ။ ပြောတဲ့အတိုင်းပဲ စာမေးပွဲဖြေချိန် သူတို့နှောင့်ယှက်တာပဲ။ ပထမနေ့က သူတို့ခုံနံပါတ် တိုင်း ဖြေခိုင်းပေမယ့် နောက်နေ့ပူးတဲ့ကလေးတွေကြီးပဲ စုပြီးထပ်ဖြေခိုင်းတယ်။ အဆောင်တဆောင်မှာ သပ်သပ်ထားပြီး ဖြေခိုင်းတာပေါ့။ အဲဒါလည်း ပူးတာပဲ။ ၃ ရက်ဆက်တိုက်ပူးတာပေါ့။ ပူးတဲ့အချိန်မှာ ခါတိုင်း ဆရာတော်ရဲ့ ပရိတ်ရေပက်လိုက်ရင် ညှိုးကျသွားတယ်။ ရုန်းရင်းကန်ရင်း မလုပ်တော့ဘူး။ ရုန်းရင်းကန်ရင်းနဲ့ ဆရာမကြီးကို သတ်ချင်ဖြတ်ချင်တဲ့ပုံစံတွေပါ ဖြစ်လာတယ်။ ဒါဆိုရင်တော့ နင်သရဲမဖြစ်နိုင်ဘူး။ အောက်လမ်းပဲထင်တယ်ဆိုတော့ အဲဒီမှာ ပိုပြီးတော့ ဆရာမကြီးနောက်ကို လိုက်တာ။ အဲဒီတော့ ဆရာမကြီးက တာဝန်ကျတဲ့ ရဲလေးရယ်၊ ဆရာတွေရယ် ဝိုင်းပြီးတော့ ချုပ်ထားတာတောင် မရချင်ဘူး။ အဲဒါနဲ့ ဆရာမကြီးက ဒီဘက်အဆောင်မှာ လာနေတယ်။ နောက်ဆုံး ဆရာတွေက တောင်းပန်ပြီးတော့ ကလေးတွေလည်း စာမေးပွဲဖြေနေရတာ မောလည်း မောလှပါပြီ။ အဲဒီတော့မှ ထွက်သွားတယ်။ အဲဒီကစပြီး ဒီရွှေရင်ကျော်ဆရာကြီးတွေက မေတ္တာနဲ့ကုသချင်ပါတယ်ဆိုပြီး ကုတဲ့အခါကျတော့ အောက်လမ်းနဲ့ တိုက်ထားတာ။ ဘာကြောင့်လဲဆိုတော့ ဒီမှာ ဝါဆိုသင်္ကန်းကပ်ဖို့ ၃၀၀ နဲ့ ၅၀၀ ကောက်တာ မကျေနပ်ဘူး။ အဲဒါ ကောက်ပြီး ပေါင်မုန့်နှစ်ချပ်ကျွေးတာလည်း မကျေနပ်ဘူး။ အချိန်ပိုတွေ ခေါ်တာလည်း မကျေနပ်ဘူးပြောတယ်။

မေး- ဒီဖြစ်စဉ်ကြောင့် ဆရာမကြီးအနေနဲ့ အနှောင့်အယှက် ဖြစ်မိသလား။
ဖြေ- သူတို့ကဖြစ်ပြီးရင် နာရီဝက်အတွင်းလောက်ဆို ပြန်ကောင်းနေတော့ သင်ကြားရေးတော့ မပျက်ဘူး။ ဖြစ်နေချိန်မှာတော့ စိတ်ညစ်တာပေါ့။ ကျန်တဲ့အချိန်ကျ သိပ်မခံစားရပါဘူး။

မေး- ဒီကျောင်းကို အမဲသားမယူရဘူးဆိုပြီး ကြေညာထားတာ။ ဘာကြောင့်လဲဗျ။
ဖြေ- ဟုတ်တယ်။ ဆရာတော်ကြီးတွေရဲ့ ဉာဏ်စဉ်နဲ့ကြည့်တော့ ဒီအထဲမှာ သရဲတွေကို အမဲသားကျွေးပြီး စေခိုင်းထားတာမြင်တော့ အမဲသားကိုလည်း ဒီကျောင်းထဲကို ယူခွင့်လည်းမပေးဘူး။ ဆရာမကြီးကိုလည်း တသက်လုံး အမဲသားမစားဖို့ ဆရာတော်ကြီးတွေက ကတိတောင်းပါတယ်။

မေး- မနေ့က စက်တင်ဘာ ၂၅ ရက်မှာ ဧရာဝတီတိုင်းဝန်ကြီး ချုပ်လာတယ်။ ဘာတွေလုပ်သွားလဲ။
ဖြေ- ဝန်ကြီးချုပ်လာတော့ သချို ၤင်းမြေကို သူကလည်း အမိန့်ပြန်တယ်။ မင်းအမိန့်နဲ့ပေါ့။ နောက်ပိုင်း မနှောင့်ယှက်နဲ့ဆိုပြီး သေနတ် ၁၈ ချက်ဖောက်ပြီး အမိန့်ပြန်သွားတယ်။

မေး- အဲဒီလိုလုပ်တာတောင် ဒီနေ့ ကလေးတယောက်က ပူးနေသေးတာလား။
ဖြေ- ပူးတာလောက်ထိတော့ မဟုတ်ဘူး။ အရှိန်နည်းနည်းကျန်တာတို့ ပြောပါတယ်။ ဒီနေ့ကတော့ ကျောင်းမှာ အေးအေးချမ်းချမ်းဖြစ်နေပါပြီ။

မေး- စိတ်ပညာနဲ့ပတ်သက်တဲ့ ဆရာတွေလာကုပေးမယ်ဆို အဲဒါ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ- ဟုတ်တယ်၊ မြောင်းမြကိုခေါ်သွားပြီး စိတ်ပညာအထူးကုဆရာဝန်ကြီး ရန်ကုန်သင်္ဃန်းကျွန်းက ဆရာကြီးလာပြီး မြောင်းမြပရဟိတစွမ်းအားကျောင်းမှာ ကလေးတွေရော၊ မိဘတွေရောခေါ်ပြီး သားဖွားမီးယပ်အထူးကုဆရာဝန်တွေ စိတ်ရောဂါအထူးကု ဆရာဝန်တွေ အကုန်လုံးခေါ်လာပြီး သူတို့ကလေးတွေနဲ့ သူတို့ကုသမှုတွေလုပ်ပါတယ်။

မေး- ကုသမှုအပြီး ဘာမှတ်ချက်ပေးလဲ။
ဖြေ- သူတို့ပညာလည်း ကျွန်မတို့က သိပ်နားမလည်တော့ ဒီကလေးတွေ ငါးယောက်တဝိုင်းမှာ ဆရာဝန်တယောက်နဲ့ သူတို့မေးချင်တဲ့မေးခွန်းYes or No မေးပြီးတော့ ကုသတာတွေ့ပါတယ်။ ကျန်တာတော့ ထူးထူးခြားခြား စမ်းသပ်တာ မတွေ့ဘူး။

မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဆရာမကြီးတို့ရော၊ အစိုးရပိုင်းကပါ အလုပ်များကုန်ပြီလို့ ပြောလို့ရတာပေါ့။ ဆရာမတို့ သက်ဆိုင်တဲ့ဌာနက ဘာပြောသေးလဲ။
ဖြေ- ဘာမှ ညွှန်ကြားတာမရှိဘူး။ ဒါပေမဲ့ သတိနဲ့ထားပြီးတော့ နေဖို့ပဲပြောတယ်။ ဒီရဲ့မြားဦးက ဆရာမကြီးကို လှည့်တာဆိုတော့ ဆရာမကြီးလည်း သတိထားပြီးတော့ နေရတာပေါ့။

မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆရာမကြီး ဘာများဖြည့်စွက်ပြောချင်လဲ။
ဖြေ- ဆရာမကြီးကို မလိုလို့လုပ်တဲ့အတွက်ကြောင့် ကလေးတွေက ကံနိမ့်လို့ထိတာပေါ့။ နောက်လည်း ဒီလိုထပ်လုပ်မယ်ဆိုရင် ဆရာမကြီးက ကြောက်တယ်လေ။ ပြောင်းချင်တဲ့ဆန္ဒတော့ ရှိတာပေါ့။ နိုင်ငံ တော်အကြီးအကဲတွေက ဘယ်လိုလုပ်ပေးမလဲမသိဘူး စောင့်ကြည့်ရဦးမယ်။ ကျွန်မကတော့ ဒီမှာနေရတာ တော်တော်လေးအန္တရာယ်နီးကပ်နေတယ်လို့ခံစားရတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေရင်ကျော်ဂိုဏ်းမှ ဦးခင်သန်းအားလည်း မေးမြန်းဖြစ်ခဲ့သည်။

မေး- ဆရာတို့ ကူညီပေးရတဲ့ အခန်းကဏ္ဍက ဘယ်လိုပုံစံမျိုးပါခဲ့လဲ။

ဖြေ- ကျွန်တော်တို့ကတော့ ဘယ်လိုခေါ်မလဲဆိုရင် ဖေ့စ်ဘွတ်ထဲမှာတွေ့တဲ့အခါကျတော့ ကျောင်းသားလေးတွေ ကလေးတွေ အရှက်တကွဲအကျိုးနည်းဖြစ်နေကြတာတွေ ကျောင်းသားလေးတွေရဲ့ မိခင်တွေ ဘယ်လိုခံစားရမလဲဆိုတာကို ကျွန်တော်တို့ တွေးပြီးတော့ ပူမိတယ်ပေါ့နော်။ ကိုယ်ချင်းစာတရားလေးလည်း ထားခဲ့တယ်ပေါ့။ ကျွန်တော်တို့ လည်း သားသမီးတွေရှိသည်ဖြစ်တဲ့အတွက် ကျောင်းသားမိဘနဲ့ ကျောင်းသားလေးတွေကို သံယောဇဉ်ပိုပြီးထားတယ်။ ကရုဏာလေးတွေ ထားတယ်။ အရှက်တကွဲ အကျိုးနည်းတာလေးတွေလည်း ဖြစ်မှာစိုးလို့ ကူညီရခြင်းလည်း ဖြစ်တယ်။ အဲဒီတော့ ဒီနေရာကို ရောက်လာဖို့ ညီအစ်ကိုတွေ အကုန်လုံးတိုက်တွန်းပြီးတော့ စည်းစည်းရုံးရုံးနဲ့လာရောက်ပြီး ဒီနေရာမှာ အကူအညီတောင်းခံပြီးတော့ ဒီကလေးတွေကို ကယ်တင်ရတယ်ပေါ့။ ကယ်တင်ရတဲ့အခါမှာလည်း အခက်အခဲလေးတွေရှိတာပေါ့ သားရယ်၊ အဲဒီ အခက်အခဲလေးတွေ ကျော်လွှားနိုင်အောင်လို့လည်း ကျေးရွာအုပ်စုတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကျောင်းအုပ်ဆရာမကြီးတွေ ဒီက ရွာခံက ဆရာကိုစိုးလွင်တို့ သူတို့အပါအဝင်ပေါ့။ ဒီကျောင်းကြီးမှာ မိဘတွေ၊ ကျောင်းသားတွေ စိတ်ချမ်းသာသွားအောင် ဆရာတို့ အတတ် နိုင်ဆုံးတတ်သမျှပညာနဲ့ အကုန်လုံး အစွမ်းကုန်ကူညီပေးခဲ့တယ်ပေါ့။

မေး- ဆရာတို့ ဒီကိုဘယ်နေ့ကနေစပြီး အကူအညီပေးခဲ့တာပါလဲ။

ဖြေ- သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ကနေ အကုန်လုံးရောက်တာပေါ့နော်။ ရောက်ပြီးတော့ ညီအစ်ကိုတွေ ပင်လယ်လေးတံတားမှာ ချိန်းပြီးတော့ ညတွင်းချင်းပဲ ဆရာတို့ မောင်းချလာတယ်။ မနက် ၉ နာရီကျတော့ ညီအစ်ကိုတွေ သူ့အဖွဲ့ကိုယ့်အဖွဲ့စုံကြပြီးတော့ ဒီကို ရောက်လာကြတာပေါ့နော်။ ရောက်တယ်ဆိုရင်ပဲ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာပဲ တိုက်ပွဲက ဝင်ရတာပေါ့။ ဒီကလေးလေးတွေကို ၁၄ ရက်နေ့ တနေ့၊ ၁၅ ရက်နေ့ တနေ့၊ လပြည့်ကျော် ၁ ရက်နေ့မှ ဇာတ်လမ်းက ပြီးဆုံးသွားတယ်ပေါ့နော်။ ပြတ်သွားတယ်ပေါ့။ အောင်ပွဲခံလိုက်တယ်ပေါ့။

မေး- ဆရာတို့က ဘယ်ကနေလာကြတာပါလဲ။

ဖြေ- ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၈ ရပ်ကွက် ဇီဇဝါလမ်း အမှတ် (၁၁) ဆရာဦးခင်သန်းဆို မေးလို့ရပါတယ်။ ညီလေးက လပွတ္တာမြို့နယ်၊ (၈)ရပ်ကွက် ၃ လမ်းမှာ နေတယ်။ သူတို့ ညီအစ်ကိုတွေက တရပ်ကွက်ထဲ။

မေး- ဆရာတို့ ဒီကိုရောက်တော့ ထူးခြားမှုဘာတွေတွေ့လဲ။ ဆရာတို့ အခက်အခဲတွေ ဘယ်လိုရှိလဲ မသိဘူး။

ဖြေ- အခက်အခဲတွေ ဘယ်လိုရှိလဲဆိုတော့ သူတို့ကုရတဲ့နေရာမှာ တော်တော်လေးကိုခက်ခဲပါတယ်။ တော်တော်လေးကို တိုက်ကွက်တွေလည်း ဆင်ခဲ့ရတယ်ပေါ့။ နောက်ပိတ်ဆုံးပွဲမှာကတော့ ကျွန်တော်တို့ ဒုတိယနေ့မှာ ကျွန်တော်တို့ ဆရာကြီးကို ဒီပွဲကို အောင်ပွဲခံမယ်။ ကျွန်တော်တို့ ဆရာကြီး ဧရာဝတီတိုင်း ကျုံမငေးမြို့က ဆရာကြီး ဦးသန်းရွှေကို ကျွန်တော်တို့ ပင့်တယ်။ ဒီပွဲကို ဇီဝိတဒါနနဲ့ ကျွန်တော်တို့လှူတယ်။ ကယ်တင်တယ်။ ကျွန်တော်တို့ ဆရာကြီးကို လက်အုပ်ချီဂါဝရတရားလေးနဲ့ ကန်တော့ကြမယ်ပေါ့နော်။ ကျောင်းသားတွေနဲ့၊ ကျွန်တော်တို့ အဲဒီလိုရည်ရွယ်ချက်နဲ့ ပင့်လိုက်တယ်။ ပင့်ပြီးတော့ နောက်ဆုံးဖိုင်နယ်မှာ အသက်ထပ်ပွဲလို့ခေါ်ရမှာပေါ့နော်။ အသက်ထပ်ပွဲ၊ ပညာပြိုင်တဲ့ပွဲပေါ့။ ကျွန်တော်တို့ မနိုင်ရင်လည်း ကျွန်တော်တို့ အဲဒီနေရာမှာ သေရမယ့်ပွဲပေါ့နော်။ ကျွန်တော်တို့ကတော့ ဂိုဏ်းကလူမသတ်တဲ့အတွက် သူတို့ကိုတော့ ပညာသားပါပါလေးနဲ့ပဲ ဆုံးမပေးလိုက်ပါတယ်။ အသက်အန္တရာယ်ဖြစ်အောင်တော့ မလုပ်လိုက်ပါဘူး။ ဒါပါပဲ။

မေး- အခု ဆရာတို့သိရတဲ့ အနှောင့်အယှက်က ဘာအနှောင့်အယှက်လဲခင်ဗျ။
ဖြေ-အောက်လမ်းတိုက်သရဲစွဲပါ။ အဓိကတရားခံက သူပဲပေါ့။

မေး- သချို ၤင်းမြေပေါ်မှာ ပါနေတဲ့အတွက်ကြောင့်လား။ တယောက်ယောက်က စေခိုင်းတဲ့အတွက်ကြောင့်လား။
ဖြေ- သချို ၤင်းမြေပေါ်မှာ ဒီကျောင်းကြီးဆောက်လို့ သချို ၤင်းမြေပါတယ်ဆိုတာက မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ တဦးတယောက်က မလိုလားလို့ အတတ်ပညာတွေနဲ့ တိုက်ခိုက်ခြင်းလို့ ကျွန်တော်တို့ကတော့ ယူဆတယ်ပေါ့နော်။ သချို ၤင်းမြေက သူူက သချို ၤင်းမြေကနေပြီးတော့ ဒီဆရာက သချို ၤင်းထဲမှာရှိနေတဲ့ နာနာဘာဝတွေနဲ့ အုပ်စုဖွဲ့ပြီး ဒီကျောင်းကို တိုက်တာပေါ့။ ဒါပါပဲ။

မေး- မနေ့က ဝန်ကြီးချုပ်လာပြီးတော့ လုပ်သွားတယ်ဆိုတော့ ဒီနေ့လည်း ဒီလိုမျိုး နည်းနည်းလေးဖြစ်တယ်ဆိုတော့ အဲဒီလိုဖြစ်တဲ့အပေါ် ထင်မြင်ချက်လေးပြောပါဦး။
ဖြေ- ကျွန်တော်တို့ အယူအဆကတော့ သူ့ရဲ့ကျန်းမာရေးလို့ ယူဆတယ်။ မိစ္ဆာနဲ့ပတ်သက်ပြီးတော့ မဖြစ်နိုင်တော့ဘူးလို့ ယူဆတယ်လေ။ ကျွန်တော်တို့ လုပ်ရပ်ကို ကျွန်တော်တို့ ယုံကြည်တာကိုး။

ကျေးဇူးတင်ပါတယ် ဆရာ

(ကိုခက် မေးမြန်းသည်။)



 ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top