×




Credit : Duwun

#Unicode Version

 Lucid Dreamer ဆိုတာ ရှင်းလင်းတဲ့ အိမ်မက်တွေမက်အောင်  ကူညီပေးမယ့် ကိရိယာဖြစ်ပါတယ်။ REM ကို သိရှိနိုင်အောင် ဒီကိရိယာမှာ ပရိုဂရမ်ထည့်ရေးဆွဲထားတာဖြစ်ပြီး REM ဟာ အိမ်မက်တွေကို ရှင်းရှင်းလင်းလင်းမက်တဲ့အချိန် ဖြစ်ပါတယ်။

ဒီလို အိမ်မက်မက်မှုပုံစံမျိုးဟာ တစ်ခါတစ်ရံမှဖြစ်လေ့ရှိပြီး လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကသာ တစ်လတစ်ခါ ဖြစ်ကြတယ်လို့ သိရပါတယ်။မကြာသေးခင်က သုတေသနတစ်ခုအရ ဒီလိုပုံစံ အိမ်မက်မက်ခြင်းဟာ gamma  လှုပ်ရှားမှုလို့ခေါ်တဲ့ ဦးနှောက်တွင်းဖြစ်စဉ်တစ်ခုနဲ့ ဆက်တယ်လို့ ဆိုပါတယ်။

အဆိုပါ တွေ့ရှိမှုကို အခြေခံပြီး နယ်သာလန်ကုမ္ပဏီ  Neuromodulation Technologies B.V က ကိရိယာကို တီထွင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါကိရိယာကို ဈေးကွက်တွင်းရောင်းချနိုင်တဲ့ထိ ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေဆဲ ရှိသေးတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top