Property Expo
×






Credit:7Day Daily

Unicode Version

မုံရွာမြို့တွင် တစ်ကိုယ် တော်ဖျော်ဖြေပွဲပြုလုပ်မည့် တေး သံရှင် လင်းလင်းက ဖျော်ဖြေပွဲမှ ရသည့် အနုပညာကြေးကို အောင်စိုးမိုးကျော်(၂) ရေယာဉ်နစ်မြုပ် မှုတွင် ဆုံးပါးသွားသူများ၏ ကျန် ရစ်သူမိသားစုဝင်များအား လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

လင်းလင်းတို့ ဇနီးမောင်နှံ သည် မုံရွာသို့ ရောက်လျှင်ရောက် ချင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံသို့ ရေယာဉ်နစ်မြုပ်သူများအ တွက် ကျပ်သိန်း ၃၀ ထောက်ပံ့ လှူဒါန်းခဲ့ပြီး ထပ်မံလှူဒါန်းလို ကြောင်း သိရသည်။

‘‘မိန်းမနဲ့တိုင်ပင်ပြီး လှူပြီး ပြီ။ ရှိုးပွဲအပြီးမှာလည်း အဖွဲ့သား တွေနဲ့ အတူတူထပ်လှူမှာပါ’’ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၂၃ ရက် ည နေတွင် မုံရွာပြည်သူ့အားကစားကွင်းကြီး၌ လင်းလင်း ၏ ROCK for Myanmar တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်ဖြစ်သည်။

 ရေယာဉ်နစ်မြုပ်မှုအတွက် များစွာ စိတ်မကောင်းဖြစ်ရ ကြောင်းနှင့် တာဝန်ရှိသူများနှင့် ပညာရှင်များက နောင် ထိုသို့အ ဖြစ်ဆိုးများ မကြုံရအောင် ထိန်း သိမ်းကြပ်မတ်သွားနိုင်မည်ဟု ယုံ ကြည်မျှော်လင့်ကြောင်း ၎င်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top