Property Expo
×

ေအာင္စိုးမိုးေက်ာ္ေရယာဥ္ကိုဆယ္ေနပံု (Myanmar Fire Services Department)
         
ခ်င္းတြင္းျမစ္တြင္း လူေပါင္း ၇၀ေက်ာ္ အသက္ဆံုး႐ံႈးခ့ဲရတဲ့ အျမန္ေရယာဥ္နစ္ျမဳပ္မႈနဲ႔ပတ္သက္ၿပီး စနစ္တက် စစ္ေဆးၿပီး တာဝန္ရွိသူေတြကို ေဖာ္ထုတ္အေရးယူ ေဆာင္ရြက္သြားမယ္လို႔ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က မေန႔ၾကာသပေတးေန႔က အမိန္႔ထုတ္ျပန္လုိက္ပါတယ္။ ကုန္စည္နဲ႔ ခရီးသည္ ဝန္အားမမွ်တမႈေၾကာင့္ အခုလို ခ်င္းတြင္းျမစ္ထဲ အျမန္ေရယာဥ္နစ္ျမဳပ္ရတဲ့ အေၾကာင္းအရင္းနဲ႔ ေရေၾကာင္း သြားလာေနသူေတြ ဘယ္လိုမ်ိဳး ေရေဘးအႏၱရာယ္ကာကြယ္ေရး ပညာေပးအသိေတြ သိထားသင့္သလဲ။ အမ်ားျပည္သူအသံုးျပဳေနတဲ့ ခရီးလမ္းပမ္းသြားလာေရးေတြမွာ အသက္ေဘးၾကံဳလာရရင္ ကာကြယ္ႏုိင္ေအာင္ ဘယ္လိုစနစ္တက် ေဆာင္ရြက္ထားသင့္သလဲ ဆိုတာကို မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

စစ္ကိုင္းတုိင္း ဟုမၼလင္းၿမိဳ႕ကေန မံုရြာၿမိဳ႕ကို ထြက္ခြာလာတဲ့ ခ်င္းတြင္းျမစ္တြင္းသြား ေအးၿငိမ္းခ်မ္းသာ အျမန္ေမာ္ေတာ္ေရယာဥ္လိုင္းက ေအာင္စိုးမုိးေက်ာ္(၂) အျမန္ေရယာဥ္ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလ ၁၅ရက္ေန႔ မနက္ ၅နာရီ ၁၀မိနစ္မွာ စစ္ကိုင္းတုိင္းေဒသႀကီး ယင္းမာပင္ခ႐ိုင္ ကနီၿမိဳ႕နယ္ ကင္းအုပ္စု မိေခ်ာင္းတြင္းေက်းရြာနားမွာ နစ္ျမဳပ္ခဲ့တာျဖစ္ပါတယ္။ ေအာက္တိုဘာလ ၂၀ရက္ေန႔မွာ ခ်င္းတြင္းျမစ္ထဲ နစ္ျမဳပ္သြားတဲ့ ေရယာဥ္ကို အၿပီးတုိင္ဆယ္ယူႏုိင္ခဲ့သလို ေသဆံုးသြားတဲ့ ခရီးသြားျပည္သူ အေလာင္းအားလံုး ၇၀ေက်ာ္ကို ဆယ္ယူႏုိင္ခဲ့ၿပီး ေပ်ာက္ဆံုးသူအခ်ိဳ႕ကို ရွာေဖြေနၾကဆဲျဖစ္ပါတယ္။

အခုလိုအျမန္ေရယာဥ္ နစ္ျမဳပ္ရတာဟာ ေရယာဥ္ရဲ႕ အမွန္တကယ္ ဝန္ေဆာင္မႈသယ္နိုင္အားထက္ပိုၿပီး ကုန္စည္ေရာ ခရီးသည္ပါ အဆမတန္ တင္ခဲ့တာေၾကာင့္ ႏွစ္ျမဳပ္ခဲ့တာျဖစ္ၿပီး ခရီးသည္ေတြ အသက္ဆံုးရံႈးခဲ့ရတာပါ။ သက္ဆုိင္ရာျပည္နယ္တုိင္း အစိုးရအဖြဲ႔ တာဝန္ရွိသူေတြနဲ႔တကြ ေရေၾကာင္း သယ္ယူပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္း တာဝန္ရွိသူေတြအေနနဲ႔ ခရီးသည္ေတြရဲ႕ အသက္ေဘးအႏၱရာယ္ လံုျခံဳကာကြယ္ႏုိင္ေရး စနစ္တက်ေဆာင္ရြက္သင့္တယ္လို႔ ေဝဖန္မႈေတြရွိေနပါတယ္။

အေမရိကန္ေရာက္ ျမန္မာတဦးျဖစ္တဲ့ ဦးေရႊထြန္းကေတာ့ စင္ကာပူအေျခစိုက္ အေမရိကန္ကုမၸဏီရဲ႕ ႏုိင္ငံတကာခရီးသည္တင္ ေရေၾကာင္းပို႔ေဆာင္ေရးလုပ္ငန္းခြင္မွာ ခရီးသည္ေတြအတြက္ အဓိက ေဘးကင္းလံုျခံဳေရးဆုိင္ရာတာဝန္ယူလုပ္ကိုင္ခဲ့ရတဲ့ သေဘၤာဝန္ထမ္းတဦးျဖစ္ပါတယ္။ ႏို္င္ငံတကာစံႏႈန္းေတြအရ ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရးေတြမွာ ခရီးသည္ရဲ႕ေဘးကင္းလံုျခံဳေရးက ပထမ အဓိကျဖစ္တယ္။ သူတို႔အသက္ေဘးၾကံဳလာရရင္ ဘယ္လိုမ်ိဳး အေရးေပၚ ေဆာင္ရြက္ေပးရမယ္ဆိုတဲ့ ကူညီကယ္ဆယ္ေရးလုပ္ငန္းအဆင့္ဆင့္ကို သူ႔ရဲ႕အေတြ႔အၾကံဳနဲ႔ယွဥ္ၿပီး အခုလိုရွင္းျပပါတယ္။

“က်ေနာ္တို႔ အခန္း ၁၅ က Passenger ေတြကို က်ေနာ္တို႔ တာ၀န္ယူရပါတယ္။ Emergency ျဖစ္ရင္ ကိုယ့္ခရီးသည္ေတြကို အရင္ဆံုး သတိေပးႏိုးေဆာ္တယ္။ အခန္းထဲမွာ ေနလို႔မရဘူး ထြက္ဆို ထြက္ အဲလိုမ်ိဳးေပါ့။ က်ေနာ္တို႔ သေဘာၤေပၚမွာ safty first ဆိုတဲ့ ဥပေဒေပါ့ေလ ဒီဥပေဒ ျဖစ္တဲ့အတြက္ safety ေတြကို ၂ ပတ္ ၁ ခါလုပ္တယ္။ Group လိုက္ခြဲၿပီးေတာ့ဗ်ာ ခရီးသည္ ဘယ္ႏွစ္ေယာက္ ကို ဘယ္ႏွစ္ေယာက္တာ၀န္ယူမယ္ဆုိတာေတြ သူ႔ Groupနဲ႔ သူေပါ့ေနာ္။ က်ေနာ္က ခုနေျပာသလို က်ေနာ့္ Groupမွာက အခန္း ၁၅ က passenger ေတြကို က်ေနာ္က တာ၀န္ယူရတယ္။ က်ေနာ္တို႔ Life Jacket ကုိ မ၀တ္တက္ရင္ေတာင္ က်ေနာ္ကသူတို႔ကို ၀တ္ေပးရတယ္။ က်ေနာ္တို႔ မွာ အဲဒီအထိ တာ၀န္ယူေပးရတယ္။ ၿပီးတာနဲ႔ ကိုယ့္တာ၀န္က်တဲ့ lifeboat မွာ က်ေနာ္မွတ္မိတယ္၊ lifeboat မွာ ဟိုဘက္ ၅ ဦး ဒီဘက္ ၅ ဦး က်ေနာ့ခရီးသည္ အကုန္ က်ေနာ္က အဲဒီကို ေခၚသြားရတယ္ သေဘၤာအေရးေပၚျဖစ္လို႔ရွိရင္ ။ ဘာပဲျဖစ္ျဖစ္ အဲဒီလို အေရးေပၚျဖစ္လာရင္ ကိုယ့္အသက္ကို ေနာက္မွာထား အရင္ဆံုးခရီးသည္ကို ျဖစ္သမွ်အေၾကာင္းအရင္းကို အရင္ဆံုး ေျပာျပၿပီးေတာ့ Captain ရဲ႕ order ကို အရင္ဆံုးက်ေနာ္တို႔ နားေထာင္ေနရတာေပါ့။”

အမ်ားျပည္သူသံုးခရီးသြား လမ္းပမ္းဆက္သြယ္ေရးစနစ္ေတြ ဖြံ႔ၿဖိဳးတုိးတက္မႈ မရွိေသးတဲ့ ျမန္မာႏိုင္ငံလို ႏုိင္ငံမ်ိဳးမွာ ခရီးသည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈအတြက္ တာဝန္ရွိတဲ့ ခရီးသြားလုပ္ငန္းရွင္ေတြ၊ တာဝန္ရွိ လုပ္သားေတြကို ခရီးသည္ေတြအတြက္ ေဘးအႏၱရာယ္လံုျခံဳေရး ဘယ္လိုလုပ္ရမယ္ဆိုတာ စနစ္တက်သင္တန္းေပးဖို႔လိုအပ္သလို ခရီးသြားျပည္သူေတြအတြက္လည္း အသက္ေဘးၾကံဳလာရရင္ ဘယ္လိုကိုယ့္ကိုကိုယ္ ကာကြယ္ရမလဲဆိုတာကို ဘယ္လိုစနစ္တက် ေဆာင္ရြက္ထားသင့္သလဲဆိုတာ ပညာေပးသင့္တယ္လို႔ သူက အခုလို အၾကံျပဳပါတယ္။

“အဓိကကေတာ့ ဒီသေဘၤာကို safety ျဖစ္ဖို႔ သေဘၤာရဲ႕တန္ခ်ိန္နဲ႔ capacity အင္အားနဲ႔ ေနာက္ဘယ္ေလာက္ ၀န္ အဲဒါ အဓိကအေရးႀကီးတယ္ေလ။ ျမန္မာျပည္မွာက က်ေနာ္လည္းသိသေလာက္ လူရွိရင္ရွိသေလာက္တင္တာက ၊ ကားကအစ ထိုင္သေလာက္တင္ၾကတယ္။ ဒီကားက တန္ခ်ိန္ ၅၀၀၀ ဆိုရင္ လူက ျပည့္သေလာက္ အဲလိုေပါ့ေလ။ အဓိကက safety မရွိမူ ႔ပါပဲ၊ safety ကို ဘယ္လို ေသေသခ်ာခ်ာတြက္ရမလဲဆိုတာကေတာ့ ေရေၾကာင္းဦးစီးဌာနက သူ႔ စစ္ေဆးေရးေတြကို ဘယ္လို training ေပးရမလဲ ၊ အဲလိုေတြ တိတိက်က်ကိုင္တြယ္ႏိုင္မွ ဒီလို accident ျဖစ္ရင္ အေသအေပ်ာက္က နည္းမယ္လို႔ က်ေနာ္ကေတာ့ ထင္ပါတယ္။ ဘယ္ေနရာပဲၾကည့္ၾကည့္ က်ေနာ္အခုလုပ္တဲ့ အလုပ္ေတာင္မွ ဒီလို Market ထဲမွာေတာင္မွ safety first ပဲ။ ဒီလို ဘာပဲျဖစ္ျဖစ္ Emergency alarm မီၿပီဆိုတာနဲ႔ နားစြင့္ၿပီးေတာ့ ထြက္ဆိုရင္ ထြက္ရတာပါ။ ဒီအမိန္႔နာခံဖို႔အေရးႀကီးတယ္ ဒီ safety first ျဖစ္ဖို႔ကို ေသခ်ာ train ဖို႔ကို လိုအပ္ပါတယ္။ ျမန္မာႏိုင္ငံမွာက ႏိုင္ငံတကာ စံခ်ိန္စံညႊန္းနဲ႔ မီဖို႔အတြက္ စနစ္တက်လုပ္ဖို႔ လိုတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

အခုလို အျမန္ေရယာဥ္ႏွစ္ျမဳပ္ၿပီး အမ်ားျပည္သူလူထု အသက္ဆံုးရႈံးခဲ့ရတဲ့ အျဖစ္အပ်က္အေပၚ ေသဆံုးသူေတြရဲ႕မိသားစုေတြနဲ႔ထပ္တူ ဝမ္းနည္းရပါေၾကာင္းနဲ႔ အသက္ဆံုး႐ံႈးခဲ့ရတဲ့ ခရီးသည္ေတြအတြက္ သက္ဆိုင္ရာဌာနေတြက လိုအပ္တဲ့အကူအညီေထာက္ပ့ံမႈေတြ ေဆာင္ရြက္ေပးသြားဖို႔ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုထားပါတယ္။ အခုလက္ရွိမွာေတာ့ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ျပည္ေထာင္စုအစိုးရရဲ႕လမ္းညႊန္ခ်က္နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔က အနီးကပ္ၾကီးၾကပ္ၿပီး လူမႈဝန္ထမ္းကူညီကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ မီးသတ္ဦးစီးဌာန၊ ရဲလံုျခံဳေရးေတြ၊ တပ္မေတာ္တို႔ကကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္ရြက္ေနတယ္လို႔
 ျပည္ေထာင္စုအစိုးရအဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗြီအိုေအ (ျမန္မာပုိင္း)

#Unicode Version
အောင်စိုးမိုးကျော်ရေယာဉ်ကိုဆယ်နေပုံ (Myanmar Fire Services Department)


ချင်းတွင်းမြစ်တွင်း လူပေါင်း ၇၀ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ အမြန်ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး စနစ်တကျ စစ်ဆေးပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့ကြာသပတေးနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကုန်စည်နဲ့ ခရီးသည် ဝန်အားမမျှတမှုကြောင့် အခုလို ချင်းတွင်းမြစ်ထဲ အမြန်ရေယာဉ်နစ်မြုပ်ရတဲ့ အကြောင်းအရင်းနဲ့ ရေကြောင်း သွားလာနေသူတွေ ဘယ်လိုမျိုး ရေဘေးအန္တရာယ်ကာကွယ်ရေး ပညာပေးအသိတွေ သိထားသင့်သလဲ။ အများပြည်သူအသုံးပြုနေတဲ့ ခရီးလမ်းပမ်းသွားလာရေးတွေမှာ အသက်ဘေးကြုံလာရရင် ကာကွယ်နိုင်အောင် ဘယ်လိုစနစ်တကျ ဆောင်ရွက်ထားသင့်သလဲ ဆိုတာကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းက အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ရက်နေ့ မနက် ၅နာရီ ၁၀မိနစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ကင်းအုပ်စု မိချောင်းတွင်းကျေးရွာနားမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ရက်နေ့မှာ ချင်းတွင်းမြစ်ထဲ နစ်မြုပ်သွားတဲ့ ရေယာဉ်ကို အပြီးတိုင်ဆယ်ယူနိုင်ခဲ့သလို သေဆုံးသွားတဲ့ ခရီးသွားပြည်သူ အလောင်းအားလုံး ၇၀ကျော်ကို ဆယ်ယူနိုင်ခဲ့ပြီး ပျောက်ဆုံးသူအချို့ကို ရှာဖွေနေကြဆဲဖြစ်ပါတယ်။

အခုလိုအမြန်ရေယာဉ် နစ်မြုပ်ရတာဟာ ရေယာဉ်ရဲ့ အမှန်တကယ် ဝန်ဆောင်မှုသယ်နိုင်အားထက်ပိုပြီး ကုန်စည်ရော ခရီးသည်ပါ အဆမတန် တင်ခဲ့တာကြောင့် နှစ်မြုပ်ခဲ့တာဖြစ်ပြီး ခရီးသည်တွေ အသက်ဆုံးရှုံးခဲ့ရတာပါ။ သက်ဆိုင်ရာပြည်နယ်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့တကွ ရေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူတွေအနေနဲ့ ခရီးသည်တွေရဲ့ အသက်ဘေးအန္တရာယ် လုံခြုံကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်သင့်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

အမေရိကန်ရောက် မြန်မာတဦးဖြစ်တဲ့ ဦးရွှေထွန်းကတော့ စင်ကာပူအခြေစိုက် အမေရိကန်ကုမ္ပဏီရဲ့ နိုင်ငံတကာခရီးသည်တင် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းခွင်မှာ ခရီးသည်တွေအတွက် အဓိက ဘေးကင်းလုံခြုံရေးဆိုင်ရာတာဝန်ယူလုပ်ကိုင်ခဲ့ရတဲ့ သင်္ဘောဝန်ထမ်းတဦးဖြစ်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေအရ ရေကြောင်းသယ်ယူပို့ဆောင်ရေးတွေမှာ ခရီးသည်ရဲ့ဘေးကင်းလုံခြုံရေးက ပထမ အဓိကဖြစ်တယ်။ သူတို့အသက်ဘေးကြုံလာရရင် ဘယ်လိုမျိုး အရေးပေါ် ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းအဆင့်ဆင့်ကို သူ့ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ အခန်း ၁၅ က Passenger တွေကို ကျနော်တို့ တာဝန်ယူရပါတယ်။ Emergency ဖြစ်ရင် ကိုယ့်ခရီးသည်တွေကို အရင်ဆုံး သတိပေးနိုးဆော်တယ်။ အခန်းထဲမှာ နေလို့မရဘူး ထွက်ဆို ထွက် အဲလိုမျိုးပေါ့။ ကျနော်တို့ သဘောၤပေါ်မှာ safty first ဆိုတဲ့ ဥပဒေပေါ့လေ ဒီဥပဒေ ဖြစ်တဲ့အတွက် safety တွေကို ၂ ပတ် ၁ ခါလုပ်တယ်။ Group လိုက်ခွဲပြီးတော့ဗျာ ခရီးသည် ဘယ်နှစ်ယောက် ကို ဘယ်နှစ်ယောက်တာဝန်ယူမယ်ဆိုတာတွေ သူ့ Groupနဲ့ သူပေါ့နော်။ ကျနော်က ခုနပြောသလို ကျနော့် Groupမှာက အခန်း ၁၅ က passenger တွေကို ကျနော်က တာဝန်ယူရတယ်။ ကျနော်တို့ Life Jacket ကို မဝတ်တက်ရင်တောင် ကျနော်ကသူတို့ကို ဝတ်ပေးရတယ်။ ကျနော်တို့ မှာ အဲဒီအထိ တာဝန်ယူပေးရတယ်။ ပြီးတာနဲ့ ကိုယ့်တာဝန်ကျတဲ့ lifeboat မှာ ကျနော်မှတ်မိတယ်၊ lifeboat မှာ ဟိုဘက် ၅ ဦး ဒီဘက် ၅ ဦး ကျနော့ခရီးသည် အကုန် ကျနော်က အဲဒီကို ခေါ်သွားရတယ် သင်္ဘောအရေးပေါ်ဖြစ်လို့ရှိရင် ။ ဘာပဲဖြစ်ဖြစ် အဲဒီလို အရေးပေါ်ဖြစ်လာရင် ကိုယ့်အသက်ကို နောက်မှာထား အရင်ဆုံးခရီးသည်ကို ဖြစ်သမျှအကြောင်းအရင်းကို အရင်ဆုံး ပြောပြပြီးတော့ Captain ရဲ့ order ကို အရင်ဆုံးကျနော်တို့ နားထောင်နေရတာပေါ့။”

အများပြည်သူသုံးခရီးသွား လမ်းပမ်းဆက်သွယ်ရေးစနစ်တွေ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုအတွက် တာဝန်ရှိတဲ့ ခရီးသွားလုပ်ငန်းရှင်တွေ၊ တာဝန်ရှိ လုပ်သားတွေကို ခရီးသည်တွေအတွက် ဘေးအန္တရာယ်လုံခြုံရေး ဘယ်လိုလုပ်ရမယ်ဆိုတာ စနစ်တကျသင်တန်းပေးဖို့လိုအပ်သလို ခရီးသွားပြည်သူတွေအတွက်လည်း အသက်ဘေးကြုံလာရရင် ဘယ်လိုကိုယ့်ကိုကိုယ် ကာကွယ်ရမလဲဆိုတာကို ဘယ်လိုစနစ်တကျ ဆောင်ရွက်ထားသင့်သလဲဆိုတာ ပညာပေးသင့်တယ်လို့ သူက အခုလို အကြံပြုပါတယ်။

“အဓိကကတော့ ဒီသင်္ဘောကို safety ဖြစ်ဖို့ သင်္ဘောရဲ့တန်ချိန်နဲ့ capacity အင်အားနဲ့ နောက်ဘယ်လောက် ဝန် အဲဒါ အဓိကအရေးကြီးတယ်လေ။ မြန်မာပြည်မှာက ကျနော်လည်းသိသလောက် လူရှိရင်ရှိသလောက်တင်တာက ၊ ကားကအစ ထိုင်သလောက်တင်ကြတယ်။ ဒီကားက တန်ချိန် ၅၀၀၀ ဆိုရင် လူက ပြည့်သလောက် အဲလိုပေါ့လေ။ အဓိကက safety မရှိမူ့ပါပဲ၊ safety ကို ဘယ်လို သေသေချာချာတွက်ရမလဲဆိုတာကတော့ ရေကြောင်းဦးစီးဌာနက သူ့ စစ်ဆေးရေးတွေကို ဘယ်လို training ပေးရမလဲ ၊ အဲလိုတွေ တိတိကျကျကိုင်တွယ်နိုင်မှ ဒီလို accident ဖြစ်ရင် အသေအပျောက်က နည်းမယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ ဘယ်နေရာပဲကြည့်ကြည့် ကျနော်အခုလုပ်တဲ့ အလုပ်တောင်မှ ဒီလို Market ထဲမှာတောင်မှ safety first ပဲ။ ဒီလို ဘာပဲဖြစ်ဖြစ် Emergency alarm မီပြီဆိုတာနဲ့ နားစွင့်ပြီးတော့ ထွက်ဆိုရင် ထွက်ရတာပါ။ ဒီအမိန့်နာခံဖို့အရေးကြီးတယ် ဒီ safety first ဖြစ်ဖို့ကို သေချာ train ဖို့ကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မီဖို့အတွက် စနစ်တကျလုပ်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။”

အခုလို အမြန်ရေယာဉ်နှစ်မြုပ်ပြီး အများပြည်သူလူထု အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်အပေါ် သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ခရီးသည်တွေအတွက် သက်ဆိုင်ရာဌာနတွေက လိုအပ်တဲ့အကူအညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။ အခုလက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရရဲ့လမ်းညွှန်ချက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်ပြီး လူမှုဝန်ထမ်းကူညီကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲလုံခြုံရေးတွေ၊ တပ်မတော်တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top