Property Expo
×

 ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲ ေနေသာ အငွားယာဥ္ (တကၠစီ) မ်ားႏွင့္ပတ္သက္၍ စနစ္တက် ေျပးဆြဲေမာင္းႏွင္ႏုိင္ရန္ စစ္တမ္း မ်ား ေကာက္ယူေနၿပီဟု ရန္ကုန္ တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာ ပိုင္အဖြဲ႕ (YRTA)မွ သတင္းရရွိ သည္။

‘‘စၿပီး စာရင္းေကာက္ေနၿပီ။ စည္းကမ္းတက် ေျပးဆြဲႏုိင္ေအာင္ ရယ္၊ ယာဥ္ေမာင္းေတြရဲ႕ သေဘာ ထား ဘယ္လိုရွိသလဲဆုိတာကိုလိုက္လံေမးျမန္းတာမ်ိဳးေတြ လုပ္ ေနတာပါ’’ဟု အဆုိပါအဖြဲ႕ဥကၠ႒ ေဒါက္တာေမာင္ေအာင္က ေျပာ သည္။လက္ရွိတြင္ ခရီးသည္တင္ ယာဥ္လုိင္းမ်ားကို အမ်ားပိုင္ယာဥ္လိုင္းမ်ားအျဖစ္ လုပ္ေဆာင္ရန္ ဦးစားေပးေဆာင္ရြက္ေန၍ အငွား ယာဥ္မ်ားကို ဒုတိယဦးစားေပးအ ျဖစ္ ေဆာင္ရြက္မည္ဟု ဆုိသည္။

ရန္ကုန္ၿမိဳ႕တြင္ အငွားယာဥ္ မ်ား စည္းကမ္းတက် ေမာင္းႏွင္ ေျပးဆြဲႏုိင္ရန္ ကုမၸဏီမ်ားအလိုက္ လုပ္ကိုင္ႏုိင္ေရး လုပ္ငန္းရွင္အခ်ိဳ႕ က ဆႏၵရွိေနၿပီးလုပ္ေဆာင္ႏုိင္ရန္ ညႇိႏိႈင္းေနသည္ဟု ေဒါက္တာေမာင္ေအာင္က ေျပာသည္။

လက္ရွိတြင္ စီးတီးတကၠစီ မ်ားကို မထသ(ဗဟို)က ႀကီးၾကပ္ စီမံေနၿပီး ေနာက္ပိုင္း၌ YRTA ကစီမံခန္႔ခြဲမည္ျဖစ္ကာ တကၠစီယာဥ္မ်ား၏ စည္းကမ္းခ်ိဳးေဖာက္မႈမ်ားကို ၾကပ္မတ္အေရးယူမည္ ျဖစ္ေၾကာင္း သိရသည္။

တကၠစီရပ္နားမွတ္တိုင္မ်ား တည္ေဆာက္ရန္ သက္ဆုိင္ရာ ဌာနမ်ားႏွင့္ ပူးေပါင္း၍ ေျမေနရာ ေလ့လာမႈမ်ား ျပဳလုပ္ေနၿပီး မၾကာမီတည္ေဆာက္ႏုိင္ေရး ေဆာင္ ရြက္ေနသည္ဟု ဆိုသည္။

ရန္ကုန္ၿမိဳ႕တြင္ မွတ္ပံုတင္ ထားေသာ စီးတီးတကၠစီ အစီးေရသည္ ယခုႏွစ္ ေမလအထိ ၆၂,၂၄၄ စီးရွိၿပီး ေမလအတြင္း ယာဥ္အိုယာဥ္ေဟာင္းအပ္ႏွံၿပီး ယာဥ္သစ္မွတ္ပံုတင္ေသာ ယာဥ္ ၁၃၂ စီးရွိကာ စီးတီးတကၠစီမွတ္ပံု တင္ သက္တမ္းတုိးယာဥ္ ၆၈၀ စီး ရွိေၾကာင္း မထသ (ဗဟို)စာရင္း မ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရန်ကုန်မြို့တွင် ပြေးဆွဲ နေသော အငှားယာဉ် (တက္ကစီ) များနှင့်ပတ်သက်၍ စနစ်တကျ ပြေးဆွဲမောင်းနှင်နိုင်ရန် စစ်တမ်း များ ကောက်ယူနေပြီဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ (YRTA)မှ သတင်းရရှိ သည်။

‘‘စပြီး စာရင်းကောက်နေပြီ။ စည်းကမ်းတကျ ပြေးဆွဲနိုင်အောင် ရယ်၊ ယာဉ်မောင်းတွေရဲ့ သဘော ထား ဘယ်လိုရှိသလဲဆိုတာကိုလိုက်လံမေးမြန်းတာမျိုးတွေ လုပ် နေတာပါ’’ဟု အဆိုပါအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြော သည်။လက်ရှိတွင် ခရီးသည်တင် ယာဉ်လိုင်းများကို အများပိုင်ယာဉ်လိုင်းများအဖြစ် လုပ်ဆောင်ရန် ဦးစားပေးဆောင်ရွက်နေ၍ အငှား ယာဉ်များကို ဒုတိယဦးစားပေးအ ဖြစ် ဆောင်ရွက်မည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် အငှားယာဉ် များ စည်းကမ်းတကျ မောင်းနှင် ပြေးဆွဲနိုင်ရန် ကုမ္ပဏီများအလိုက် လုပ်ကိုင်နိုင်ရေး လုပ်ငန်းရှင်အချို့ က ဆန္ဒရှိနေပြီးလုပ်ဆောင်နိုင်ရန် ညှိနှိုင်းနေသည်ဟု ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိတွင် စီးတီးတက္ကစီ များကို မထသ(ဗဟို)က ကြီးကြပ် စီမံနေပြီး နောက်ပိုင်း၌ YRTA ကစီမံခန့်ခွဲမည်ဖြစ်ကာ တက္ကစီယာဉ်များ၏ စည်းကမ်းချိုးဖောက်မှုများကို ကြပ်မတ်အရေးယူမည် ဖြစ်ကြောင်း သိရသည်။

တက္ကစီရပ်နားမှတ်တိုင်များ တည်ဆောက်ရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ မြေနေရာ လေ့လာမှုများ ပြုလုပ်နေပြီး မကြာမီတည်ဆောက်နိုင်ရေး ဆောင် ရွက်နေသည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် မှတ်ပုံတင် ထားသော စီးတီးတက္ကစီ အစီးရေသည် ယခုနှစ် မေလအထိ ၆၂,၂၄၄ စီးရှိပြီး မေလအတွင်း ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ယာဉ်သစ်မှတ်ပုံတင်သော ယာဉ် ၁၃၂ စီးရှိကာ စီးတီးတက္ကစီမှတ်ပုံ တင် သက်တမ်းတိုးယာဉ် ၆၈၀ စီး ရှိကြောင်း မထသ (ဗဟို)စာရင်း များအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top