Property Expo
×

ခ်ိစ္ကို တြဲဖက္စားသံုးျခင္းဟာ ဝိုင္ရဲ႕အရသာကို ပိုမိုေကာင္းမြန္ေစႏိုင္ေၾကာင္း ေလ့လာမႈတစ္ခုအရ သိရပါတယ္။  ဒီေလ့လာမႈကို ျပင္သစ္ႏိုင္ငံ ဒီဂၽြန္းၿမိဳ႕က "အရသာနဲ႔စားေသာက္မႈအေလ့အထ ေလ့လာေရးစင္တာ" ရဲ႕ သုေတသီေတြက ေတြ႔ရွိခဲ့ၾကတာျဖစ္ပါတယ္။

မတူညီတဲ့ ဝုိင္ ၃၁ မ်ိဳးကို ခ်ိစ္နဲ႔ တြဲဖက္သံုးေဆာင္ေစၿပီး ရလဒ္ကို ေလ့လာခဲ့ၾကတာပါ။ မည္သည့္ဝိုင္မဆို ခ်ိစ္နဲ႔ တြဲဖက္သံုးေဆာင္ရင္ အနံ႔အရသာ ပိုမိုေပၚလြင္လာတယ္လို႔ ဆိုပါတယ္။ ဒါ့ျပင္ ပါးစပ္ေျခာက္ေသြ႕ျခင္းလည္း မ႐ွိေတာ့ပါဘူး။


ခ်ိစ္အမ်ိဳးမ်ိဳးနဲ႔ ဝိုင္အမ်ိဳးမ်ိဳးကို တြဲဖက္သံုးေဆာင္ရာမွာ မည္သည့္ခ်ိစ္အမ်ိဳးအစားမဆို ဝိုင္တိုင္းကို အရသာရွိေစႏိုင္တာျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္။ ဒီသုေတသန ရလာဒ္ကို Food Science ဂ်ာနယ္မွာေဖာ္ျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ချိစ်ကို တွဲဖက်စားသုံးခြင်းဟာ ဝိုင်ရဲ့အရသာကို ပိုမိုကောင်းမွန်စေနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။  ဒီလေ့လာမှုကို ပြင်သစ်နိုင်ငံ ဒီဂျွန်းမြို့က "အရသာနဲ့စားသောက်မှုအလေ့အထ လေ့လာရေးစင်တာ" ရဲ့ သုတေသီတွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

မတူညီတဲ့ ဝိုင် ၃၁ မျိုးကို ချိစ်နဲ့ တွဲဖက်သုံးဆောင်စေပြီး ရလဒ်ကို လေ့လာခဲ့ကြတာပါ။ မည်သည့်ဝိုင်မဆို ချိစ်နဲ့ တွဲဖက်သုံးဆောင်ရင် အနံ့အရသာ ပိုမိုပေါ်လွင်လာတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ပါးစပ်ခြောက်သွေ့ခြင်းလည်း မရှိတော့ပါဘူး။


ချိစ်အမျိုးမျိုးနဲ့ ဝိုင်အမျိုးမျိုးကို တွဲဖက်သုံးဆောင်ရာမှာ မည်သည့်ချိစ်အမျိုးအစားမဆို ဝိုင်တိုင်းကို အရသာရှိစေနိုင်တာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဒီသုတေသန ရလာဒ်ကို Food Science ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top