Kantharyar Centre
×

ၿမန္မာႏုိင္ငံလူဦးေရ၏ ၂၀ ရာခိုင္ႏႈန္းမွာ စိတ္က်ေရာဂါ ျဖစ္ပြားေနၿပီး အသက္(၄၀)ေက်ာ္ အရြယ္မ်ားတြင္ စတင္ျဖစ္ပြားမႈ အမ်ားဆံုးျဖစ္သည္ဟု သတင္း ရရွိသည္။

စိတ္က်ေရာဂါသည္ ျမန္မာ ႏုိင္ငံတြင္ ျဖစ္ပြားေနေသာ စိတ္ က်ျခင္း၊ စိုးရိမ္စိတ္လြန္ကဲျခင္း၊ စိတ္ေဖာက္ျပန္ျခင္း၊ စိတ္ႂကြ/စိတ္က်ျခင္း၊ တက္ျခင္း၊ ဉာဏ္ ရည္နိမ့္ျခင္း စေသာ စိတ္ေရာဂါ မ်ားရွိသည့္အနက္ စိတ္က်ေရာဂါ သည္ အျဖစ္မ်ားဆံုးေရာဂါ ျဖစ္ သည္။ လူမႈဘဝပံုစံေျပာင္းလဲမႈ မ်ားႏွင့္ စိတ္ဖိစီးမႈမ်ားေၾကာင့္ ျဖစ္ၿပီး လူတစ္ဦးသည္ ဘဝတစ္ ေလွ်ာက္လံုးတြင္ တစ္ခ်ိန္ခ်ိန္၌ စိတ္က်ေရာဂါျဖစ္ပြားႏိုင္ေၾကာင္း စိတ္ေရာဂါအထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာတင္ဦးက ေျပာၾကားသည္။

‘‘စိတ္ေရာဂါေတြထဲက တစ္ ျပည္လံုးမွာ အျဖစ္မ်ားတာက စိတ္က်ေရာဂါပဲ။ သူက ၂၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ကေလးဘဝ ကစၿပီး အသက္အရြယ္တုိင္းျဖစ္ ႏိုင္တယ္။ စိတ္က်ေရာဂါစျဖစ္တဲ့၊အျဖစ္မ်ားတဲ့ အရြယ္ကေတာ့ (၄၀)ေက်ာ္ပါ။ ငယ္စဥ္မွာေတာ့ စိတ္ပိုင္းဆိုင္ရာ ၾကည့္လိုက္ရင္ သိပ္မစဥ္းစားတတ္ေသးဘူး။ စိုး ရိမ္စရာလည္း မရွိဘူး။ အသက္ (၄၀)ဆိုေတာ့ ဘဝစၿပီ။ အဲဒီေတာ့မွ ဖိစီးမႈေတြကလည္း ပိုမ်ားလာ ၿပီ။ အဲဒီအခါက်ေတာ့ ဖိစီးမႈေရာ၊ သူ႔ရဲ႕ခႏၶာကိုယ္ပိုင္းဆိုင္ရာေရာ အားလံုးေပါင္းၿပီး အသက္(၄၀) ေက်ာ္ေလာက္ဆို စိတ္က်ေရာဂါ က စျဖစ္မ်ားလာတာပါ’’ဟု ေဒါက္ တာတင္ဦးက ေျပာသည္။

ေနာက္ဆက္တြဲ က်န္းမာ ေရးျပႆနာဆိုးက်ိဳးအျဖစ္ စိတ္ က်ေရာဂါျပင္းထန္စြာ ျဖစ္ပြားသူ ၏ဆယ္ပံုတစ္ပံုခန္႔မွာ မိမိကိုယ္ ကိုယ္ ေသေၾကာင္းႀကံစည္ၾကၿပီး ထက္ဝက္ခန္႔မွာမူ မိမိကုိယ္ကိုယ္ ေသေၾကာင္းႀကံစည္ရန္ ႀကိဳးပမ္း အားထုတ္တတ္သည္ဟု ဆို သည္။

‘‘ေသေၾကာင္းႀကံတာေတာ္ ေတာ္မ်ားမ်ားကိုေတာ့ စိတ္က် ေရာဂါေတြေၾကာင့္ျဖစ္မယ္လို႔ ယူ ဆတယ္။ စိတ္က်ေရာဂါဆိုတာ က ကြၽန္ေတာ္စိတ္က်ေရာဂါႀကီး ျဖစ္ေနပါတယ္ဆိုၿပီး အဲဒီလိုေျပာ တာမဟုတ္ဘူး။ ကိုယ့္ကိုယ္ကုိယ္ စိတ္က်ေနမွန္း လူက မသိဘူး။ သူ႔စိတ္ကိုက သူ႔ဟာသူ တျဖည္း ျဖည္းက်လာၿပီးေတာ့ သူ႔ကိုယ္သူ မေနခ်င္ေလာက္ေအာင္ျဖစ္ၿပီး သတ္ေသသြားတာ။ ဒါေၾကာင့္ စိတ္က်ျခင္းေၾကာင့္ အမ်ားႀကီး ျဖစ္ႏိုင္တယ္လို႔ သံုးသပ္တယ္’’ဟု ပါေမာကၡ ေဒါက္တာခင္ေမာင္ ႀကီး(စိတ္က်န္းမာေရး၊ အရက္ႏွင့္ မူးယစ္ေဆးစြဲမႈကာကြယ္ကုသ ေရး)က ေျပာသည္။

စိတ္က်ေရာဂါမျဖစ္ပြားေစ ရန္ ေနထုိင္မႈပံုစံေျပာင္းလဲျခင္း၊ အာဟာရျပည့္ဝမွ်တေသာအစား အစာမ်ားစားသံုးျခင္းႏွင့္ ပံုမွန္ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္းတုိ႔ အျပင္ တရားထိုင္ျခင္းကဲ့သို႔ စိတ္ဖိ စီးမႈေလ်ာ့က်ေစမည့္ နည္းလမ္း မ်ားက်င့္သံုးျခင္းတို႔ လိုအပ္ ေၾကာင္း စိတ္ေရာဂါကုဆရာဝန္ ႀကီးအခ်ိဳ႕က အႀကံျပဳသည္။

၂၀၀၄ တြင္ ကမၻာ႔က်န္းမာ ေရးအဖြဲ႕က ေကာက္ယူထားေသာ စစ္တမ္းမ်ားအရ ျမန္မာႏိုင္ ငံရွိ ေက်းလက္ေဒသမ်ား၌ စိတ္ ေဖာက္ျပန္ေနသူဦးေရမွာ လူ ၁,၀၀၀ လွ်င္ ေလးဦးႏႈန္း၊ စိုးရိမ္ စိတ္လြန္ကဲေနသူ ၁,၀၀၀ လွ်င္ ၄၀ ဦးႏွင့္ စိတ္က်ေရာဂါခံစားေန ရသူ ၁,၀၀၀ လွ်င္ ေျခာက္ဦးႏႈန္း ခန္႔ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version

မြန်မာနိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါ ဖြစ်ပွားနေပြီး အသက်(၄၀)ကျော် အရွယ်များတွင် စတင်ဖြစ်ပွားမှု အများဆုံးဖြစ်သည်ဟု သတင်း ရရှိသည်။

စိတ်ကျရောဂါသည် မြန်မာ နိုင်ငံတွင် ဖြစ်ပွားနေသော စိတ် ကျခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ စိတ်ကြွ/စိတ်ကျခြင်း၊ တက်ခြင်း၊ ဉာဏ် ရည်နိမ့်ခြင်း စသော စိတ်ရောဂါ များရှိသည့်အနက် စိတ်ကျရောဂါ သည် အဖြစ်များဆုံးရောဂါ ဖြစ် သည်။ လူမှုဘဝပုံစံပြောင်းလဲမှု များနှင့် စိတ်ဖိစီးမှုများကြောင့် ဖြစ်ပြီး လူတစ်ဦးသည် ဘဝတစ် လျှောက်လုံးတွင် တစ်ချိန်ချိန်၌ စိတ်ကျရောဂါဖြစ်ပွားနိုင်ကြောင်း စိတ်ရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာတင်ဦးက ပြောကြားသည်။

‘‘စိတ်ရောဂါတွေထဲက တစ် ပြည်လုံးမှာ အဖြစ်များတာက စိတ်ကျရောဂါပဲ။ သူက ၂၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ကလေးဘဝ ကစပြီး အသက်အရွယ်တိုင်းဖြစ် နိုင်တယ်။ စိတ်ကျရောဂါစဖြစ်တဲ့၊အဖြစ်များတဲ့ အရွယ်ကတော့ (၄၀)ကျော်ပါ။ ငယ်စဉ်မှာတော့ စိတ်ပိုင်းဆိုင်ရာ ကြည့်လိုက်ရင် သိပ်မစဉ်းစားတတ်သေးဘူး။ စိုး ရိမ်စရာလည်း မရှိဘူး။ အသက် (၄၀)ဆိုတော့ ဘဝစပြီ။ အဲဒီတော့မှ ဖိစီးမှုတွေကလည်း ပိုများလာ ပြီ။ အဲဒီအခါကျတော့ ဖိစီးမှုရော၊ သူ့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော အားလုံးပေါင်းပြီး အသက်(၄၀) ကျော်လောက်ဆို စိတ်ကျရောဂါ က စဖြစ်များလာတာပါ’’ဟု ဒေါက် တာတင်ဦးက ပြောသည်။

နောက်ဆက်တွဲ ကျန်းမာ ရေးပြဿနာဆိုးကျိုးအဖြစ် စိတ် ကျရောဂါပြင်းထန်စွာ ဖြစ်ပွားသူ ၏ဆယ်ပုံတစ်ပုံခန့်မှာ မိမိကိုယ် ကိုယ် သေကြောင်းကြံစည်ကြပြီး ထက်ဝက်ခန့်မှာမူ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ရန် ကြိုးပမ်း အားထုတ်တတ်သည်ဟု ဆို သည်။

‘‘သေကြောင်းကြံတာတော် တော်များများကိုတော့ စိတ်ကျ ရောဂါတွေကြောင့်ဖြစ်မယ်လို့ ယူ ဆတယ်။ စိတ်ကျရောဂါဆိုတာ က ကျွန်တော်စိတ်ကျရောဂါကြီး ဖြစ်နေပါတယ်ဆိုပြီး အဲဒီလိုပြော တာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်ကျနေမှန်း လူက မသိဘူး။ သူ့စိတ်ကိုက သူ့ဟာသူ တဖြည်း ဖြည်းကျလာပြီးတော့ သူ့ကိုယ်သူ မနေချင်လောက်အောင်ဖြစ်ပြီး သတ်သေသွားတာ။ ဒါကြောင့် စိတ်ကျခြင်းကြောင့် အများကြီး ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်’’ဟု ပါမောက္ခ ဒေါက်တာခင်မောင် ကြီး(စိတ်ကျန်းမာရေး၊ အရက်နှင့် မူးယစ်ဆေးစွဲမှုကာကွယ်ကုသ ရေး)က ပြောသည်။

စိတ်ကျရောဂါမဖြစ်ပွားစေ ရန် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်ဝမျှတသောအစား အစာများစားသုံးခြင်းနှင့် ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ အပြင် တရားထိုင်ခြင်းကဲ့သို့ စိတ်ဖိ စီးမှုလျော့ကျစေမည့် နည်းလမ်း များကျင့်သုံးခြင်းတို့ လိုအပ် ကြောင်း စိတ်ရောဂါကုဆရာဝန် ကြီးအချို့က အကြံပြုသည်။

၂၀၀၄ တွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ကောက်ယူထားသော စစ်တမ်းများအရ မြန်မာနိုင် ငံရှိ ကျေးလက်ဒေသများ၌ စိတ် ဖောက်ပြန်နေသူဦးရေမှာ လူ ၁,၀၀၀ လျှင် လေးဦးနှုန်း၊ စိုးရိမ် စိတ်လွန်ကဲနေသူ ၁,၀၀၀ လျှင် ၄၀ ဦးနှင့် စိတ်ကျရောဂါခံစားနေ ရသူ ၁,၀၀၀ လျှင် ခြောက်ဦးနှုန်း ခန့်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top