Kantharyar Centre
×

တစ္စုံတစ္ေယာက္ကို ခ်စ္ၾကိဳက္မိတာ ေမွာ္အစြမ္းကို ပိုင္ဆုိင္လိုက္တာနဲ႕ သိပ္မကြာျခားလွပါဘူး။ ပထမဆုံးအၾကိမ္ ခ်စ္ၾကိဳက္မိတဲ့အခါ မိမိအတြက္ အရာရာဟာ အသစ္အဆန္းေတြ ျဖစ္လာျပီး ရုပ္ရွင္ဇာတ္ကားထဲ ကိုယ္ ျမင္ေတြ႔သမွ်ေတြဟာ ယုံၾကည္လက္ခံစရာေတြ ျဖစ္လာပါတယ္။ ဖန္တစ္ရာေတေနတဲ့ ရုိမန္တစ္အခ်စ္ဇာတ္ဇာတ္လမ္းေလးေတြကလည္း မိမိအတြက္ေတာ့ အဟုတ္ျဖစ္လာျပီလုိ႕ ေတြးမိလာတတ္ျပီး တစ္ေလာကလုံးမွာ အေကာင္းဆုံးခံစားမႈ ရရိွပုိင္ဆုိင္လာၾကပါတယ္။

ဒီေတာ့ ဘဝမွာ ဆန္းသစ္တဲ့အရာေတြ ခံစားျပီး ပထမဆုံးအၾကိမ္ ခ်စ္မိသူတုိင္းမွာလည္း  အဲဒီလုိ ျဖစ္မျဖစ္ သိခ်င္စိတ္ေလး ရိွၾကပါတယ္။

၁။ အရာရာကို အဟုတ္မွတ္ထင္

မိမိလက္တြဲေဖာ္ ေဆာင္ရြက္သမွ်၊ အခ်စ္အေၾကာင္း ပတ္ဝန္းက်င္ကလူေတြ ေျပာသမွ် မိမိအတြက္ အမွန္လုိ႔ ယူဆလာၾကပါတယ္။ အားလုံးအေကာင္းေတြခ်ည္းခံစားရတာမို႔ အမွားတစုံတရာမရိွတဲ့ သီးျခားကမာၻထဲ ေရာက္သြားသကဲ့သို႔ ျဖစ္ေစပါတယ္။

၂။ အရင္ထက္ ပိုမုိျပဳံးရႊင္လာ

ဟုတ္ပါတယ္။ ဒါ မိမိအေပၚ အခ်စ္ရဲ႕တန္ျပန္တက္ေရာက္မႈပဲ ျဖစ္ပါတယ္။ ဘဝမွာ ပထမဆုံးအၾကိမ္ ခ်စ္မိတဲ့အခါ သူ/သူမအေနနဲ႔ မိမိလက္တြဲေဖာ္ကို သိပ္ခ်စ္လြန္းေတာ့ ေျပာသမွ်အရာက ျပဳံးရႊင္ေစပါတယ္။ သူေပးပို႔တဲ့ မက္ေဆ့ခ်္ေတြ ဖတ္ေနခ်ိန္ ၊ ဖုန္းေျပာေနခ်ိန္ သုိ႔မဟုတ္ တစ္ေယာက္တည္းထုိင္ျပီး သူေျပာခဲ့ဖူးတဲ့အရာေတြ အမွတ္ရတဲ့အခ်ိန္မွာေတာင္ သင္ဟာ ျပဳံးေနတတ္ပါတယ္။

၃။ သိပ္ျပီး ေဒါသမထြက္ေတာ့

ခ်စ္ျခင္းေမတၱာက လူေတြအေပၚ အက်ဳိးသက္ေရာက္မႈမ်ားစြာ ရိွပါတယ္။ ေဒါသေလွ်ာ့ခ်မႈတစ္မ်ဳိးလည္း  ျဖစ္ပါတယ္။ ေဒါသေတြ ေအးျငိမ္းေအာင္ ေကာင္းတာေတြခ်ည္းလုပ္၊ အံ့ၾသဖြယ္အခုိက္အတန္႔ေတြ ေျပာဆုိရင္း အလုပ္ေတြမ်ားလာတတ္ၾကပါတယ္။

၄။ ကေလးဆန္တာေတြ စတင္သေဘာက်လာ

သင့္အဖုိ႔ တစ္ခ်ိန္က ကေလးဆန္တယ္ ထင္ရတဲ့ ႏွင္းဆီပန္း၊ ပူေဖာင္းနဲ႔ ဖေယာင္းတုိင္အလင္းေရာင္ေလးနဲ႔ ညစာစားပြဲက အခုအခါမွာ သင့္ရဲ႕တစ္ခုတည္းေသာ ေတာင့္တမႈ ျဖစ္လာပါတယ္။ မိမိပတ္ဝန္းက်င္မွာ အရာရာေျပာင္းလဲျပီး ဒီေျပာင္းလဲမႈေၾကာင့္ သင္ေႏြးေထြးေပ်ာ္ရႊင္မႈ ခံစားရပါတယ္။

၅။ ၂၄/၇ အတူရိွေနခ်င္

ဒါ ပထမဦးဆုံးအၾကိမ္ ခ်စ္မိျခင္းနဲ႔ ပတ္သက္တဲ့ အခ်က္ပါပဲ။ မိမိ ျမတ္ႏုိးခ်စ္ခင္ရသူဆီကေန မခြဲခြာခ်င္ေတာ့ပဲ  တစ္ရက္ ၂၄ နာရီ တစ္ပတ္လုံး သူနဲ႔အတူရိွခ်င္၊ စကားေျပာခ်င္ျပီး အျမဲတမ္းေပြ႔ဖက္ေနခ်င္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
တစ်စုံတစ်ယောက်ကို ချစ်ကြိုက်မိတာ မှော်အစွမ်းကို ပိုင်ဆိုင်လိုက်တာနဲ့ သိပ်မကွာခြားလှပါဘူး။ ပထမဆုံးအကြိမ် ချစ်ကြိုက်မိတဲ့အခါ မိမိအတွက် အရာရာဟာ အသစ်အဆန်းတွေ ဖြစ်လာပြီး ရုပ်ရှင်ဇာတ်ကားထဲ ကိုယ် မြင်တွေ့သမျှတွေဟာ ယုံကြည်လက်ခံစရာတွေ ဖြစ်လာပါတယ်။ ဖန်တစ်ရာတေနေတဲ့ ရိုမန်တစ်အချစ်ဇာတ်ဇာတ်လမ်းလေးတွေကလည်း မိမိအတွက်တော့ အဟုတ်ဖြစ်လာပြီလို့ တွေးမိလာတတ်ပြီး တစ်လောကလုံးမှာ အကောင်းဆုံးခံစားမှု ရရှိပိုင်ဆိုင်လာကြပါတယ်။

ဒီတော့ ဘဝမှာ ဆန်းသစ်တဲ့အရာတွေ ခံစားပြီး ပထမဆုံးအကြိမ် ချစ်မိသူတိုင်းမှာလည်း  အဲဒီလို ဖြစ်မဖြစ် သိချင်စိတ်လေး ရှိကြပါတယ်။

၁။ အရာရာကို အဟုတ်မှတ်ထင်

မိမိလက်တွဲဖော် ဆောင်ရွက်သမျှ၊ အချစ်အကြောင်း ပတ်ဝန်းကျင်ကလူတွေ ပြောသမျှ မိမိအတွက် အမှန်လို့ ယူဆလာကြပါတယ်။ အားလုံးအကောင်းတွေချည်းခံစားရတာမို့ အမှားတစုံတရာမရှိတဲ့ သီးခြားကမ္ဘာထဲ ရောက်သွားသကဲ့သို့ ဖြစ်စေပါတယ်။

၂။ အရင်ထက် ပိုမိုပြုံးရွှင်လာ

ဟုတ်ပါတယ်။ ဒါ မိမိအပေါ် အချစ်ရဲ့တန်ပြန်တက်ရောက်မှုပဲ ဖြစ်ပါတယ်။ ဘဝမှာ ပထမဆုံးအကြိမ် ချစ်မိတဲ့အခါ သူ/သူမအနေနဲ့ မိမိလက်တွဲဖော်ကို သိပ်ချစ်လွန်းတော့ ပြောသမျှအရာက ပြုံးရွှင်စေပါတယ်။ သူပေးပို့တဲ့ မက်ဆေ့ချ်တွေ ဖတ်နေချိန် ၊ ဖုန်းပြောနေချိန် သို့မဟုတ် တစ်ယောက်တည်းထိုင်ပြီး သူပြောခဲ့ဖူးတဲ့အရာတွေ အမှတ်ရတဲ့အချိန်မှာတောင် သင်ဟာ ပြုံးနေတတ်ပါတယ်။

၃။ သိပ်ပြီး ဒေါသမထွက်တော့

ချစ်ခြင်းမေတ္တာက လူတွေအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။ ဒေါသလျှော့ချမှုတစ်မျိုးလည်း  ဖြစ်ပါတယ်။ ဒေါသတွေ အေးငြိမ်းအောင် ကောင်းတာတွေချည်းလုပ်၊ အံ့သြဖွယ်အခိုက်အတန့်တွေ ပြောဆိုရင်း အလုပ်တွေများလာတတ်ကြပါတယ်။

၄။ ကလေးဆန်တာတွေ စတင်သဘောကျလာ

သင့်အဖို့ တစ်ချိန်က ကလေးဆန်တယ် ထင်ရတဲ့ နှင်းဆီပန်း၊ ပူဖောင်းနဲ့ ဖယောင်းတိုင်အလင်းရောင်လေးနဲ့ ညစာစားပွဲက အခုအခါမှာ သင့်ရဲ့တစ်ခုတည်းသော တောင့်တမှု ဖြစ်လာပါတယ်။ မိမိပတ်ဝန်းကျင်မှာ အရာရာပြောင်းလဲပြီး ဒီပြောင်းလဲမှုကြောင့် သင်နွေးထွေးပျော်ရွှင်မှု ခံစားရပါတယ်။

၅။ ၂၄/၇ အတူရှိနေချင်

ဒါ ပထမဦးဆုံးအကြိမ် ချစ်မိခြင်းနဲ့ ပတ်သက်တဲ့ အချက်ပါပဲ။ မိမိ မြတ်နိုးချစ်ခင်ရသူဆီကနေ မခွဲခွာချင်တော့ပဲ  တစ်ရက် ၂၄ နာရီ တစ်ပတ်လုံး သူနဲ့အတူရှိချင်၊ စကားပြောချင်ပြီး အမြဲတမ်းပွေ့ဖက်နေချင်ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top