Property Expo
×

ခ်က္ျပည္သူ႔ ​သမၼတ ​ႏိုင္ငံမွာ ​ကမာၻ႔ ​အနက္ရွဳိင္းရွဳံး ​ေရေအာက္ ​ဂူတစ္ဂူကို ​ေတြ႔ရွိခဲ့ၾကၿပီး ​အနက္အားျဖင့္ ​၄၀၄ ​မီတာေက်ာ္ ​ဒါမွမဟုတ္ ​၁၃၂၅ ​ေပေက်ာ္  ​ရွိတယ္လို႔ ​သိရပါတယ္။

ရွာေဖြစူးစမ္းေရး ​အဖြဲ႔တခုက ​Hranicka ​Propast ​ဒါမွမဟုတ္ ​Hranice ​Abyss ​လို႔ေခၚတဲ့ ​ေရေအာက္က ​ထုံးေက်ာက္ဂူကို ​ခ်က္ႏိုင္ငံ ​အေရွ႕ပိုင္းမွာ ​ေတြ႔ရွိခဲ့တာ ​ျဖစ္ပါတယ္။

အဲဒီဂူကို ​လြန္ခဲ့တဲ့ ​ႏွစ္ ​၂၀ ​ေလာက္ကတည္းက ​ေတြ႔ရွိေပမယ့္ ​အနက္ေပ ​ဘယ္ေလာက္ ​ရွိသလဲ ​ဆိုတာကို ​မစမ္းသပ္ႏိုင္ခဲ့တဲ့အတြက္ ​အနက္ရွဳိင္းဆုံး ​ဂူဆိုတာကို ​မသိႏိုင္ခဲ့ၾကပါဘူး။

စက္တင္ဘာလ ​၂၇ ​ရက္ေန႔တုန္းကေတာ့ ​က်ဥ္းေျမာင္းတဲ့ ​ေနရာေတြအထိ ​ဝင္ေရာက္ႏိုင္တဲ့ ​ေရေအာက္စက္ရုပ္ကို ​ေစလြတ္ရာက ​ကမာၻ႔အနက္ဆုံး ​ေရေအာက္ဂူျဖစ္တယ္လို႔ ​သတ္မွတ္လိုက္ၾကတာပါ။

အဲဒီ ​စက္ရုပ္ကို ​ဆက္သြယ္ထားတဲ့ ​ႀကိဳးဟာ ​ဂူရဲ့ ​အဆုံးအထိ ​မေရာက္ႏိုင္ပဲ ​မီတာ ​၄၀၄ ​မီတာသာ ​ရွိတာေၾကာင့္ ​ဂူက ​ဘယ္ေလာက္ ​နက္သလဲဆိုတာ ​အတိအက်ေတာ့ ​မသိရေသးပါဘူး။

ဒါေပမဲ့ ​ကမာၻ႔အနက္ရွဳိင္းဆုံးဂူလို႔ ​သတ္မွတ္ခံရတဲ့ ​အီတလီႏိုင္ငံက ​ေရေအာက္ဂူက ​အနက္မီတာ ​၃၉၂ ​မီတာသာ ​ရွိတာေၾကာင့္ ​အခုေလာေလာဆယ္ ​ခ်က္ႏိုင္ငံမွာ ​ေတြ႔တဲ့ ​ဂူက ​အနက္ေပ ​၄၀၄ ​မီတာေက်ာ္ရွိေနတဲ့ ​ကမာၻေပၚရွိ ​ေရေအာက္ဂူေတြထဲမွာ  ​အနက္ရွဳိင္းရွဳံး ​အဆင့္ ​ဝင္သြားတာ ​ျဖစ္ပါတယ္။

ကမာၻ႔အနက္ရွဳိင္းဆုံး ​စာရင္းဝင္ ​ေရေအာက္ ​ဂူေတြထဲမွာ ​အခုေတြ႔ရွိတဲ့ ​ဂူအျပင္ ​အီတလီႏိုင္ငံက ​မီတာ ​၃၉၂ ​ရွိတဲ့ ​Pozzo ​del ​Merro, ​မကၠဆီကို ​ႏိုင္ငံက ​မီတာ ​၃၃၉ ​ရွိတဲ့ ​Zacaton, ​မက္စီဒိုးနီးယားႏိုင္ငံက ​မီတာ ​၃၃၀ ​ရွိတဲ့ ​Vrelo ​Cave, ​ေတာင္အာဖရိကက ​မီတာ ​၂၇၀ ​ရွိတဲ့ ​Boesmansgat ​ဂူနဲ႔ ​Bahamas ​က ​မီတာ ​၂၀၂ ​ရွိတဲ့ ​Dean's ​Blue ​Hole ​ေရေအာက္ဂူတို႔ ​ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ABC Radio Australia

#Unicode Version
ချက်ပြည်သူ့ သမ္မတ နိုင်ငံမှာ ကမ္ဘာ့ အနက်ရှိုင်းရှုံး ရေအောက် ဂူတစ်ဂူကို တွေ့ရှိခဲ့ကြပြီး အနက်အားဖြင့် ၄၀၄ မီတာကျော် ဒါမှမဟုတ် ၁၃၂၅ ပေကျော်  ရှိတယ်လို့ သိရပါတယ်။

ရှာဖွေစူးစမ်းရေး အဖွဲ့တခုက Hranicka Propast ဒါမှမဟုတ် Hranice Abyss လို့ခေါ်တဲ့ ရေအောက်က ထုံးကျောက်ဂူကို ချက်နိုင်ငံ အရှေ့ပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂူကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက တွေ့ရှိပေမယ့် အနက်ပေ ဘယ်လောက် ရှိသလဲ ဆိုတာကို မစမ်းသပ်နိုင်ခဲ့တဲ့အတွက် အနက်ရှိုင်းဆုံး ဂူဆိုတာကို မသိနိုင်ခဲ့ကြပါဘူး။

စက်တင်ဘာလ ၂၇ ရက်နေ့တုန်းကတော့ ကျဉ်းမြောင်းတဲ့ နေရာတွေအထိ ဝင်ရောက်နိုင်တဲ့ ရေအောက်စက်ရုပ်ကို စေလွတ်ရာက ကမ္ဘာ့အနက်ဆုံး ရေအောက်ဂူဖြစ်တယ်လို့ သတ်မှတ်လိုက်ကြတာပါ။

အဲဒီ စက်ရုပ်ကို ဆက်သွယ်ထားတဲ့ ကြိုးဟာ ဂူရဲ့ အဆုံးအထိ မရောက်နိုင်ပဲ မီတာ ၄၀၄ မီတာသာ ရှိတာကြောင့် ဂူက ဘယ်လောက် နက်သလဲဆိုတာ အတိအကျတော့ မသိရသေးပါဘူး။

ဒါပေမဲ့ ကမ္ဘာ့အနက်ရှိုင်းဆုံးဂူလို့ သတ်မှတ်ခံရတဲ့ အီတလီနိုင်ငံက ရေအောက်ဂူက အနက်မီတာ ၃၉၂ မီတာသာ ရှိတာကြောင့် အခုလောလောဆယ် ချက်နိုင်ငံမှာ တွေ့တဲ့ ဂူက အနက်ပေ ၄၀၄ မီတာကျော်ရှိနေတဲ့ ကမ္ဘာပေါ်ရှိ ရေအောက်ဂူတွေထဲမှာ  အနက်ရှိုင်းရှုံး အဆင့် ဝင်သွားတာ ဖြစ်ပါတယ်။

ကမ္ဘာ့အနက်ရှိုင်းဆုံး စာရင်းဝင် ရေအောက် ဂူတွေထဲမှာ အခုတွေ့ရှိတဲ့ ဂူအပြင် အီတလီနိုင်ငံက မီတာ ၃၉၂ ရှိတဲ့ Pozzo del Merro, မက္ကဆီကို နိုင်ငံက မီတာ ၃၃၉ ရှိတဲ့ Zacaton, မက်စီဒိုးနီးယားနိုင်ငံက မီတာ ၃၃၀ ရှိတဲ့ Vrelo Cave, တောင်အာဖရိကက မီတာ ၂၇၀ ရှိတဲ့ Boesmansgat ဂူနဲ့ Bahamas က မီတာ ၂၀၂ ရှိတဲ့ Dean's Blue Hole ရေအောက်ဂူတို့ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ABC Radio Australia
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top