Property Expo
×






#Unicode Version
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့မှာ တည်ရှိတဲ့ တိုက်ခန်းတစ်ခုမှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက် (၅၈) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကလော်ဒီယို အယ်ဖာရီဟာ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းနားမှာ သေဆုံးနေခြင်းပဲ ဖြစ်ပါတယ်။

ကလော်ဒီယိုဟာ မိခင်ဖြစ်သူကို အရမ်းချစ်မြတ်နိုးသူ ဖြစ်ပြီး သေဆုံးတဲ့ အခါမှာလည်း မိခင်ရဲ့ ရုပ်အလောင်းနားမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက ကလော်ဒီယိုရဲ့ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ (၁၀) နှစ်လောက် ကတည်းက သေဆုံးနေခြင်းဖြစ်ပြီး ရုပ်အလောင်းကို သင်္ဂြိုဟ်ခြင်းမပြုဘဲ တိုက်ခန်းအတွင်းမှာ ဒီအတိုင်းထားရှိခြင်း ဖြစ်ပါတယ်။

ကလော်ဒီယိုဟာ ပြီးခဲ့တဲ့ရက် (၃၀) အတွင်းမှာ သေဆုံးခဲ့ခြင်းဖြစ်ပြီး အခန်းအတွင်းမှာ အနံ့ဆိုးတွေ ထွက်ပေါ်နေလို့ ရဲတပ်ဖွဲ့ကို ခေါ်ယူပြီး ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ မိခင်နဲ့သားဖြစ်သူတို့ရဲ့ အလောင်း နှစ်လောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကလော်ဒီယိုရဲ့မိခင်ဟာ ထိုင်လျက်သားပုံစံနဲ့ သေဆုံးနေခြင်း ဖြစ်ပါတယ်။

ပတ်ဝန်းကျင် အဆိုအရ ကလော်ဒီယိုဟာ မိခင်ဖြစ်သူကို အရမ်းချစ်မြတ်နိုးတာမို့ အခုလိုပြုမူခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မှုခင်းရဲတပ်ဖွဲ့ကလည်း ကလော်ဒီယိုရဲ့မိခင်ဖြစ်သူဟာ ၂၀၀၄ ကနေ ၂၀၀၆ အတွင်း သေဆုံးသွားခြင်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top