Property Expo
×


ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ ေဆာင္ေရးအာဏာပိုင္အဖဲြ႕၏ လုပ္ငန္းမ်ား တရား၀င္စတင္လုပ္ ကိုင္ႏိုင္ရန္ ဥပေဒေရးဆြဲေနၿပီျဖစ္ေၾကာင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးေဒၚနီလာေက်ာ္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ ေဆာင္ေရးလုပ္ငန္းမ်ားကို မူ၀ါဒ မ်ား ခ်မွတ္၍ ဦးေဆာင္ၾကပ္မတ္ ရန္ ရန္ကုန္ၿမိဳ႕သယ္ယူပို႔ေဆာင္ ေရးအာဏာပိုင္အဖြဲ႕ကို ဇူလိုင္ ၈ ရက္က အတည္ျပဳဖြဲ႕စည္းၿပီး ေသာ္လည္း လုပ္ပိုင္ခြင့္မ်ားႏွင့္ ပတ္သက္၍ ဥပေဒခ်မွတ္ထား ျခင္းမရွိေသးေသာေၾကာင့္ ဥပေဒ တစ္ခု အျမန္ဆံုးျပ႒ာန္းႏိုင္ရန္ လုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု ဆိုသည္။

‘‘သယ္ယူပို႔ေဆာင္ေရးအာ ဏာပိုင္အဖြဲ႕ဆိုတာ ဘတ္စ္ကား ေတြကိုပဲ ဦးေဆာင္ရမွာမဟုတ္ပါ ဘူး။ ေရေၾကာင္း၊ ရထား၊ အငွား ယာဥ္စတာေတြကိုပါ စနစ္တက် ျဖစ္ေအာင္ ၾကပ္မတ္ရမယ့္အဖြဲ႕ ျဖစ္တာေၾကာင့္ လုပ္ပိုင္ခြင့္ေတြ အတိအက်ရရွိထားဖို႔လိုတယ္။ဒါ ေၾကာင့္ ဥပေဒတစ္ရပ္ သီးျခား စီစဥ္ ေဆာင္ရြက္ေနပါတယ္။ ဥပေဒၾကမ္းေရးဆြဲၿပီးရင္ လႊတ္ ေတာ္ကိုတင္ျပပါမယ္’’ ဟု ေအာက္တိုဘာ ၆ ရက္က ျပဳလုပ္ သည့္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းတြင္ ေဒၚနီလာေက်ာ္က ေျပာၾကားခဲ့ သည္။


အဆုိပါဥပေဒတြင္ ရန္ကုန္ ၿမိဳ႕ သယ္ယူပို႔ေဆာင္ရးအာဏာ ပိုင္အဖြဲ႕၏ လုပ္ပိုင္ခြင့္ကို အတိ အက် ေရးဆြဲျပ႒ာန္းမည္ျဖစ္ၿပီး ဥပေဒထြက္ရွိၿပီးမွသာ ေဆာင္ ရြက္စရာရွိသည့္လုပ္ငန္းမ်ားကို အရွိန္ျမႇင့္ လုပ္ေဆာင္မည္ဟု ယင္းအဖြဲ႕အတြင္းေရးမွဴး ေဒါက္ တာေမာင္ေအာင္ကေျပာသည္။

‘‘ဥပေဒမရွိေသးလို႔ မထသ ကို ဖ်က္သိမ္းဖို႔ဟာ မဖ်က္သိမ္း ရေသးဘဲ ဆက္သြားေနရတာေပါ့။ ဥပေဒထြက္ၿပီးမွပဲ မထသဖ်က္ သိမ္းတာမ်ိဳး လုပ္ႏိုင္မယ္။ အခု ကေတာ့ ဥပေဒၾကမ္းေရးေနၿပီ’’ ဟု ေဒါက္တာေမာင္ေအာင္က ေျပာသည္။

  ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ ေဆာင္ေရးအာဏာပိုင္အဖြဲ႕ကို ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီး ခ်ဳပ္ဦးၿဖိဳးမင္းသိန္းက နာယက၊ တိုင္းေဒသႀကီး လွ်ပ္စစ္၊ စက္မႈ လက္မႈႏွင့္ လမ္းပန္းဆက္သြယ္ ေရး၀န္ႀကီးက ဥကၠ႒အျဖစ္ တာ ၀န္ယူကာ သက္ဆိုင္ရာနယ္ပယ္ မ်ားမွ တက္သိပညာရွင္မ်ားအား အဖြဲ႕၀င္မ်ားအျဖစ္ ထည့္သြင္း ဖြဲ႕ စည္းထားသည္။ ယင္းအဖြဲ႕သည္ ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ေဆာင္မႈ စနစ္ အဆင့္ျမႇင့္တင္ေရး၊ စည္း ကမ္းတက်ရွွိေရးႏွင့္ ယာဥ္ေၾကာ က်ပ္တည္းမႈေလ်ာ့နည္းက်ဆင္း ေရးတို႔ကို လုပ္ေဆာင္မည္ဟု ေျပာၾကားထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရန်ကုန်မြို့ သယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့၏ လုပ်ငန်းများ တရားဝင်စတင်လုပ် ကိုင်နိုင်ရန် ဥပဒေရေးဆွဲနေပြီဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများကို မူဝါဒ များ ချမှတ်၍ ဦးဆောင်ကြပ်မတ် ရန် ရန်ကုန်မြို့သယ်ယူပို့ဆောင် ရေးအာဏာပိုင်အဖွဲ့ကို ဇူလိုင် ၈ ရက်က အတည်ပြုဖွဲ့စည်းပြီး သော်လည်း လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ ဥပဒေချမှတ်ထား ခြင်းမရှိသေးသောကြောင့် ဥပဒေ တစ်ခု အမြန်ဆုံးပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘သယ်ယူပို့ဆောင်ရေးအာ ဏာပိုင်အဖွဲ့ဆိုတာ ဘတ်စ်ကား တွေကိုပဲ ဦးဆောင်ရမှာမဟုတ်ပါ ဘူး။ ရေကြောင်း၊ ရထား၊ အငှား ယာဉ်စတာတွေကိုပါ စနစ်တကျ ဖြစ်အောင် ကြပ်မတ်ရမယ့်အဖွဲ့ ဖြစ်တာကြောင့် လုပ်ပိုင်ခွင့်တွေ အတိအကျရရှိထားဖို့လိုတယ်။ဒါ ကြောင့် ဥပဒေတစ်ရပ် သီးခြား စီစဉ် ဆောင်ရွက်နေပါတယ်။ ဥပဒေကြမ်းရေးဆွဲပြီးရင် လွှတ် တော်ကိုတင်ပြပါမယ်’’ ဟု အောက်တိုဘာ ၆ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒေါ်နီလာကျော်က ပြောကြားခဲ့ သည်။


အဆိုပါဥပဒေတွင် ရန်ကုန် မြို့ သယ်ယူပို့ဆောင်ရးအာဏာ ပိုင်အဖွဲ့၏ လုပ်ပိုင်ခွင့်ကို အတိ အကျ ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ပြီး ဥပဒေထွက်ရှိပြီးမှသာ ဆောင် ရွက်စရာရှိသည့်လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်မည်ဟု ယင်းအဖွဲ့အတွင်းရေးမှူး ဒေါက် တာမောင်အောင်ကပြောသည်။

‘‘ဥပဒေမရှိသေးလို့ မထသ ကို ဖျက်သိမ်းဖို့ဟာ မဖျက်သိမ်း ရသေးဘဲ ဆက်သွားနေရတာပေါ့။ ဥပဒေထွက်ပြီးမှပဲ မထသဖျက် သိမ်းတာမျိုး လုပ်နိုင်မယ်။ အခု ကတော့ ဥပဒေကြမ်းရေးနေပြီ’’ ဟု ဒေါက်တာမောင်အောင်က ပြောသည်။

  ရန်ကုန်မြို့ သယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက နာယက၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာ ဝန်ယူကာ သက်ဆိုင်ရာနယ်ပယ် များမှ တက်သိပညာရှင်များအား အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့ စည်းထားသည်။ ယင်းအဖွဲ့သည် ရန်ကုန်မြို့ သယ်ယူပို့ဆောင်မှု စနစ် အဆင့်မြှင့်တင်ရေး၊ စည်း ကမ်းတကျရှှိရေးနှင့် ယာဉ်ကြော ကျပ်တည်းမှုလျော့နည်းကျဆင်း ရေးတို့ကို လုပ်ဆောင်မည်ဟု ပြောကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top