Property Expo
×







Credit : Duwun

#Unicode Version

တစ်ခါတလေမှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေဟာ အင်တာနက်ပေါ်မှာ ဂယက်ထစေတတ်ပါတယ်။

အခုလည်း အိတ်လေးတစ်လုံးရဲ့အရောင်ကြောင့် အင်တာနက်ပေါ်က လူတွေမှာ စိတ်ရှုပ်ထွေးနေကြပါတယ်။

ဒီအိတ်လေးဟာ အဖြူလား အပြာလားဆိုတာ လူတွေမှာ မသဲကွဲဘူး ဖြစ်နေပါတယ်။

ဒီအိတ်ဟာ လူတွေကို အတော်လေး ဦးနှောက်ခြောက်စေခဲ့ပြီးနောက် အိတ်ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့စာရင်းမှာ အပြာအဖြစ် ဖော်ပြထားတာကို တွေ့ရပါတယ်။

ဘယ်လိုပြောပြော အဖြူရောင်ပါပဲလို့ ပြောနေကြသူတွေရှိတာကြောင့် အပြာရောင်သမားတွေမှာ မကျေမလည်ဖြစ်နေကြပြီး သက်သေနဲ့တကွ တင်ပြလို့ ဆက်မငြင်းကြပါနဲ့လို့တောင် တောင်းပန်ထားခဲ့ကြပါတယ်။

သင်လည်း သင့်သူငယ်ချင်းတွေကို ပြပြီး ပြိုင်ငြင်းချင် ငြင်းနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top