Property Expo
×







Credit:Popular News

#Unicode Version
မကြာခင်ရက်ပိုင်းမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် သရုပ်ဆောင်မိုးယုစံကတော့ မင်္ဂလာပွဲနီးလာတာနဲ့အမျှ ပိုပြီးရင်ခုန်လာတယ်လို့ ဆိုပါတယ်။ တစ်သက်မှာ တစ်ခါ ကျင်းပပြုလုပ်တဲ့ မင်္ဂလာဆောင်မို့လို့လည်း အမှတ်တရတွေ အများကြီး ဖြစ်အောင် Pre Wedding ဓာတ်ပုံလေးတွေကို နေရာစုံမှာ ရိုက်ကူးခဲ့တာတွေကိုလည်း တွေ့ရပါတယ်။

အခုလက်ရှိမှာလည်း မင်္ဂလာဖိတ်စာတွေကို အနုပညာမောင်နှမများနဲ့ ဆွေမျိုး မိတ်ဆွေ၊ သူငယ်ချင်းများကို လိုက်ဝေနေပြီဖြစ်သလို လက်ဆောင်ပေးမယ့် ပစ္စည်းလေးတွေလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

စွမ်းသူမိုးနဲ့ မိုးယုစံရဲ့ မင်္ဂလာပွဲကတော့ အောက်တိုဘာ(၁၈)ရက်နေ့မှာ ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာမော်ကွန်း တင် လက်မှတ်ရေးထိုးပြီး၊ အောက်တိုဘာ(၂၀)ရက်နေ့မဟာစည် သာသနာ့ရိပ်သာမှာ မင်္ဂလာဦးဆွမ်းကျွေး၊ အောက်တိုလာ (၂၉)ရက်နေ့မှာ Melia ဟိုတယ်တွင် စုလျားရစ်ပတ်လက်ထပ်ပွဲနဲ့၊ အောက်တိုဘာ(၃၁)ရက်နေ့မှာ နိုဗိုတယ်ဟိုတယ်တွင် မင်္ဂလာညစာစားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Popular News
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top