Kantharyar Centre
×

လင္မယားအျဖစ္ ကိုယ္ လက္ႏီွးေႏွာရန္ ေတာင္းဆိုသည္ ကို ဇနီးသည္က ႏွစ္ႀကိမ္ျငင္းဆို ၿပီးေနာက္ ခင္ပြန္းျဖစ္သူ ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

မဂၤလာဒံုၿမိဳ႕နယ္ ေပါက္ကုန္းရပ္ကြက္ ဂ်ိဳးျဖဴ (၃) လမ္းေန အသက္ (၂၅) ႏွစ္အရြယ္ ပန္းရန္လုပ္သားသည္ စက္တင္ဘာ ၂၈ ရက္ နံနက္အေစာပိုင္းက အျမင့္ ၈ ေပခန္႔ရွိသည့္ သစ္သားထုပ္ တန္းတြင္ လွ်ပ္စစ္၀ိုင္ယာႀကိဳးကို ခ်ည္ေႏွာင္ကာ လည္ပင္းတြင္ ကြင္းေလွ်ာျပဳလုပ္၍ ႀကိဳးဆြဲခ် ေသဆံုးခဲ့ျခင္းျဖစ္သည္။

‘‘အဲဒီျဖစ္စဥ္ ျဖစ္ပြားတာ ေတာ့မွန္တယ္။ လင္မယား သက္ တမ္း ဘယ္ေလာက္ရွိလဲဆိုတာ ေတာ့ သူ႔ဇနီးကိုစစ္ေနတုန္းဆို ေတာ့ အေသးစိတ္စစ္ခ်က္ရမွ သိရမွာ’’ဟု မဂၤလာဒံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕၀င္တစ္ဦးကဆိုသည္။

ေသဆံုးသူသည္ စက္တင္ ဘာ ၂၇ ရက္ ည ၉နာရီတြင္ ဇနီး သည္အား လင္မယားအျဖစ္ေန ထိုင္ရန္ ေတာင္းဆုိခဲ့သည္ကို အ သက္ (၂၈) ႏွစ္အရြယ္ ဇနီးသည္ က အလုပ္ပင္ပန္းေနသျဖင့္ ျငင္း ဆိုခဲ့ေၾကာင္း၊ ထို႔ေနာက္ စက္တင္ဘာ ၂၈ ရက္ နံနက္ ၂ နာရီခန္႔တြင္လည္း ေသဆံုးသူက ဇနီးသည္အား ႏိႈး၍ေတာင္းဆိုသည္ကို ဇနီးသည္က ထပ္မံျငင္းဆိုၿပီးေနာက္ စိတ္ေကာက္ကာ ေနအိမ္ေရွ႕တြင္ ေဆးလိပ္ထြက္ေသာက္ေနေၾကာင္းရဲမွတ္တမ္းအရ သိရသည္။

ထို႔ေနာက္ ဇနီးသည္က ခင္ ပြန္းျဖစ္သူအား ေခ်ာ့ကာ အိပ္ရာ ၀င္ခဲ့ၿပီးနံနက္ ၄ နာရီခန္႔တြင္ ၀ုန္းဟုအသံၾကား၍ ထၾကည့္ရာ ခင္ပြန္းသည္ႀကိဳးဆြဲခ်ေသဆံုးေန သည္ကို ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း တာ၀န္က် ရဲတပ္ဖဲြ႕၀င္တစ္ဦးကဆို သည္။

ေသဆံုးသူ၏ ကိုယ္ခႏၶာတြင္ လည္ပင္းႀကိဳးပြန္းဒဏ္ရာသာ ရရွိ ထားၿပီး မဂၤလာဒံုၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

လင်မယားအဖြစ် ကိုယ် လက်နှီးနှောရန် တောင်းဆိုသည် ကို ဇနီးသည်က နှစ်ကြိမ်ငြင်းဆို ပြီးနောက် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် ဂျိုးဖြူ (၃) လမ်းနေ အသက် (၂၅) နှစ်အရွယ် ပန်းရန်လုပ်သားသည် စက်တင်ဘာ ၂၈ ရက် နံနက်အစောပိုင်းက အမြင့် ၈ ပေခန့်ရှိသည့် သစ်သားထုပ် တန်းတွင် လျှပ်စစ်ဝိုင်ယာကြိုးကို ချည်နှောင်ကာ လည်ပင်းတွင် ကွင်းလျှောပြုလုပ်၍ ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်သည်။

‘‘အဲဒီဖြစ်စဉ် ဖြစ်ပွားတာ တော့မှန်တယ်။ လင်မယား သက် တမ်း ဘယ်လောက်ရှိလဲဆိုတာ တော့ သူ့ဇနီးကိုစစ်နေတုန်းဆို တော့ အသေးစိတ်စစ်ချက်ရမှ သိရမှာ’’ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

သေဆုံးသူသည် စက်တင် ဘာ ၂၇ ရက် ည ၉နာရီတွင် ဇနီး သည်အား လင်မယားအဖြစ်နေ ထိုင်ရန် တောင်းဆိုခဲ့သည်ကို အ သက် (၂၈) နှစ်အရွယ် ဇနီးသည် က အလုပ်ပင်ပန်းနေသဖြင့် ငြင်း ဆိုခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၂၈ ရက် နံနက် ၂ နာရီခန့်တွင်လည်း သေဆုံးသူက ဇနီးသည်အား နှိုး၍တောင်းဆိုသည်ကို ဇနီးသည်က ထပ်မံငြင်းဆိုပြီးနောက် စိတ်ကောက်ကာ နေအိမ်ရှေ့တွင် ဆေးလိပ်ထွက်သောက်နေကြောင်းရဲမှတ်တမ်းအရ သိရသည်။

ထို့နောက် ဇနီးသည်က ခင် ပွန်းဖြစ်သူအား ချော့ကာ အိပ်ရာ ဝင်ခဲ့ပြီးနံနက် ၄ နာရီခန့်တွင် ဝုန်းဟုအသံကြား၍ ထကြည့်ရာ ခင်ပွန်းသည်ကြိုးဆွဲချသေဆုံးနေ သည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆို သည်။

သေဆုံးသူ၏ ကိုယ်ခန္ဓာတွင် လည်ပင်းကြိုးပွန်းဒဏ်ရာသာ ရရှိ ထားပြီး မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top