Property Expo
×

မြန္ျပည္နယ္၊ က်ဳိက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ အေရးယူခံထားရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဥပေဒလမ္းေၾကာင္းအရ ေျဖရွင္းသြားမယ္လုိ႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္လြင္မိုးက The Voice ကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

က်ဳိက္ထိုၿမိဳ႕နယ္ တရား႐ံုးတြင္ ပိုင္ဆုိင္မႈ အျငင္းပြားေနတဲ့ ေျမကြက္မွ ျခံ ေစာင့္အလုပ္သမား သံုးဦးကို ဖမ္းဆီးခ်ဳပ္ႏုိင္ရန္ ေစခိုင္းေစမႈျဖင့္ လြင္မိုးနဲ႔အတူ အမ်ဳိးသားႏွစ္ဦးကို ပုဒ္မ ၃၄၂/၃၅၆/၁၁၄/၃၄ ျဖင့္ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

"ဒီကိစၥ ကၽြန္ေတာ္နဲ႔ ဘာမွမပတ္သက္ပါဘူး။ ဒီျဖစ္စဥ္မွာ အလဲြအမွားေတြ အမ်ားႀကီး ရွိေနတယ္။ အမႈလက္ခံဖြင့္ထားတဲ့ ရဲစခန္းနဲ႔ သတင္းေဖာ္ျပတဲ့ စံေတာ္ခ်ိန္သတင္းစာဘက္ကို ဆက္သြယ္ေမးျမန္းၾကည့္ပါ။ ကၽြန္ေတာ့္ဘက္က ဒီျပႆနာနဲ႔ ပတ္သက္ၿပီး လတ္ေတာ ဘာမွမေျပာခ်င္ဘူး။ ဥပေဒလမ္းအရ ေျဖရွင္းသြားမယ္" လို႔ ႐ုပ္႐ွင္သ႐ုပ္ေဆာင္လြင္မိုးက ေျပာခဲ့ပါတယ္။

ေကာ့မူခူကုမၸဏီလီမိတက္ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေစာနဗလု ခန္႔ထားတဲ့ ျခံေစာင့္အလုပ္သမား သံုးဦးကို ေအာက္တုိဘာလ ၁၃ ရက္ညေနက လူတစ္စု လာေရာက္ဖမ္းဆီးေခၚေဆာင္သြားကာ ဘားအံၿမိဳ႕တြင္ ခ်ဳပ္ေႏွာင္ထားခဲ့တယ္လို႔ သိရပါတယ္။ ဦးေစာနဗလုရဲ႕ စံုစမ္းခ်က္အရ ယင္းသို႔ျပဳလုပ္ရန္ ေစခုိင္းသူမ်ားမွာ ဦးေက်ာ္သူရလႈိင္၊ ဦးစိန္ေအာင္မင္းနဲ႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္လြင္မိုး တုိ႔ ျဖစ္တယ္လို႔ စံေတာ္ခ်ိန္သတင္းစာမွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ဟိုတယ္ေဆာက္လုပ္ခြင့္ ပါမစ္ရတဲ့ထားတဲ့ ယင္းေျမေနရာနဲ႔ ပတ္သက္မႈမရွိေၾကာင္း သ႐ုပ္ေဆာင္လြင္မိုးက ျငင္းဆန္ခဲ့ပါတယ္။

ယင္းသတင္းနဲ႔ ပတ္သက္ၿပီး စံေတာ္ခ်ိန္ကေရာ ကင္းမြန္ေခ်ာင္း နယ္ေျမရဲစခန္းကပါ မေျဖၾကားေပးႏိုင္ေၾကာင္း ေျပာခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice

#Unicode Version
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေလမ်းကြောင်းအရ ဖြေရှင်းသွားမယ်လို့ ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက The Voice ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ် တရားရုံးတွင် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မြေကွက်မှ ခြံစောင့်အလုပ်သမား သုံးဦးကို ဖမ်းဆီးချုပ်နိုင်ရန် စေခိုင်းစေမှုဖြင့် လွင်မိုးနဲ့အတူ အမျိုးသားနှစ်ဦးကို ပုဒ်မ ၃၄၂/၃၅၆/၁၁၄/၃၄ ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

"ဒီကိစ္စ ကျွန်တော်နဲ့ ဘာမှမပတ်သက်ပါဘူး။ ဒီဖြစ်စဉ်မှာ အလွဲအမှားတွေ အများကြီး ရှိနေတယ်။ အမှုလက်ခံဖွင့်ထားတဲ့ ရဲစခန်းနဲ့ သတင်းဖော်ပြတဲ့ စံတော်ချိန်သတင်းစာဘက်ကို ဆက်သွယ်မေးမြန်းကြည့်ပါ။ ကျွန်တော့်ဘက်က ဒီပြဿနာနဲ့ ပတ်သက်ပြီး လတ်တော ဘာမှမပြောချင်ဘူး။ ဥပဒေလမ်းအရ ဖြေရှင်းသွားမယ်" လို့ ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ပြောခဲ့ပါတယ်။

ကော့မူခူကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးစောနဗလု ခန့်ထားတဲ့ ခြံစောင့်အလုပ်သမား သုံးဦးကို အောက်တိုဘာလ ၁၃ ရက်ညနေက လူတစ်စု လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ ဘားအံမြို့တွင် ချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။ ဦးစောနဗလုရဲ့ စုံစမ်းချက်အရ ယင်းသို့ပြုလုပ်ရန် စေခိုင်းသူများမှာ ဦးကျော်သူရလှိုင်၊ ဦးစိန်အောင်မင်းနဲ့ ရုပ်ရှင်သရုပ်ဆောင်လွင်မိုး တို့ ဖြစ်တယ်လို့ စံတော်ချိန်သတင်းစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်ဆောက်လုပ်ခွင့် ပါမစ်ရတဲ့ထားတဲ့ ယင်းမြေနေရာနဲ့ ပတ်သက်မှုမရှိကြောင်း သရုပ်ဆောင်လွင်မိုးက ငြင်းဆန်ခဲ့ပါတယ်။

ယင်းသတင်းနဲ့ ပတ်သက်ပြီး စံတော်ချိန်ကရော ကင်းမွန်ချောင်း နယ်မြေရဲစခန်းကပါ မဖြေကြားပေးနိုင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Voice
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top