Kantharyar Centre
×

၁။ အပ်ိဳ
၂။ အပ်ိဳစစ္
၃။ အပ်ိဳစင္

ေခတ္ေရစီးေႀကာင္းအရ တျဖည္းျဖည္း စီးဆင္းလာတဲ့ ဒီေရစီးေႀကာင္းႀကီးထဲမွာ လူမွဳေရး ၊စီးပြားေရး ေတြအျပင္ ယဥ္ေက်းမွဳ ေတြပါ တိုက္စားခံလာရပါျပီး….။ နယ္ခ်ဲ ့လာတဲ့ အေနာက္တိုင္း ယဥ္ေက်းမွဳက ခုဆိုရင္ ျမန္မာ့ေျမေပၚ ဝင္ေရာက္လာခဲ့ပါျပီး…။ နယ္ခ်ဲ့တယ္ဆိုတာ လက္နက္ဆြဲကိုင္ျပီး ေတာ္လွန္တိုက္ခိုက္ေနမွနိုင္ငံကို အပိုင္သိမ္းနိုင္မွ နယ္ခ်ဲ့တာမဟုတ္ပါဘူး…။ ခုလို ျမန္မာ့ေျမေပၚမွာ ျမန္မာေတြရဲ ့ စိတ္ဓာတ္ နဲ ့ ယဥ္ေက်းမွဳတို ့ ေျပာင္းလဲ တိုက္စားခံရတာလဲ နယ္ခ်ဲ့ခံရတာပါပဲ…။ဒါကိုေတာ့ ယဥ္ေက်းမွဳ နယ္ခ်ဲ ့ျခင္းလို ့ေခၚမွာေပါ့..။ခက္တာက တို ့လူမ်ိဳးေတြ ကို္ယ္နယ္ခ်ဲ ့လက္ေအာက္ေရာက္မွန္းမသိေရာက္ေနတာကို သတိမမူမိတာပင္…။

ဒီလို အေနာက္တိုင္း ယဥ္ေက်းမွဳေတြ စီးဝင္လာတာႏွင့္အမွ် အနာဂတ္လူငယ္ေတြရဲ ့ စိတ္ဓာတ္ေတြ ေျပာင္းလဲလို ့လာပါျပီး..။ အတုမယူသင့္သည္မ်ားကို အတုယူလို ့လာပါျပီး….။ ထိန္းသိမ္းသင့္သည္မ်ားကို တျဖည္းျဖည္း ေမ့ေပ်ာက္လာခဲ့ႀကျပီး…။ သိသိရဲ ့ႏွင့္ ေမ့တတ္ခ်င္ေယာင္ေဆာင္ႀကတာလဲ ျဖစ္နိုင္ပါသည္…။ဝတ္စားဆင္ယဥ္မွဳေတြသာမက ေနထိုင္မွဳ စနစ္ေတြပါ ေမ့ေပ်ာက္ေျပာင္းလြဲခ်င္ခဲ့ျပီး…။

ျပီးခဲ့ေသာ ခ်စ္သူမ်ားေန ့…။ ခ်စ္သူမ်ားေန ့ ဆိုတာ ျမန္မာေတြရဲ ့ ေန ့ထူးေန ့ျမတ္ေတာ့ မဟုတ္ပါ…။ ဒါေပမဲ့ ခ်စ္သူေတြရဲ ့ႀကား တစ္ဦးကို တစ္ဦး ဂရဳစိုက္ ႀကင္နာမွဳ၊ အျပန္အလွန္ ပန္းစီးေလးေတြေပး ေခ်ာ့ကလက္ေလးေတြေပးနဲ ့ ခ်စ္သူနွစ္ဦး အေနနွင့္ေရာ ေတြ ့ျမင္ရသူေတြပါ ႀကည္နဴးစရာ ျမင္ကြင္းေလးမို ့ကိုယ့္နိုင္ငံရဲ ့ ေန ့ထူးေန ့ျမတ္ မဟုတ္ေပမဲ့ လက္ခံနိုင္ပါတယ္…။အယ္…လက္မခံနိုင္တာက ဘာလဲ……။ လက္မခံနိုင္တာက ခ်စ္သူေတြခ်င္း လက္ေဆာင္ပစၥည္းျခင္းတြင္မက ဘဝျခင္းပင္လဲယူႀကတဲ့ အထိျဖစ္ႀကတာကိုပင္…။

ကိုကို၊ေမာင္ေမာင္ေတြကလဲ ခ်စ္သူမ်ားေန ့ အထိမ္းအမွတ္ဆိုျပီး မေတာင္းသင့္ မေတာင္းအပ္သည္မ်ားကိုေတာင္း၊လိုက္ေလွ်ာသူကလဲ လိုက္ေလွ်ာနွင့္ ႀကည္နူးသင့္သည္ထက္ ေႀကကြဲ ခဲ့ရသည္က ပိုေသာ အေျခအေနမ်ိဳး ေရာက္ရွိလာခဲ့ပါသည္…။ ခ်စ္သူမ်ားေန ့မွာ ဟိုတယ္ေတြ မိုတယ္ေတြဟာ အရင္ေန ့ေတြထက္ လူေတြ ျပည့္လို ့ အျပင္ကေန တိုကင္နွင့္ ေစာင့္ယူရသည့္အထိပင္တဲ့….။ဒါျမန္မာနိုင္ငံမွာေနာ္..။တို ့ျမန္မာလူမ်ိဳးေတြ ျဖစ္ေနတာ…။ကဲ…ဒီေတာ့ ထိမ္းသိမ္းရန္ ဆိုတဲ့ အေျခအေန တစ္ခုကို ေမ့တတ္သူ ညီမငယ္ေလးမ်ားအား သတိေပးရန္ ေရးလိုက္ျခင္းျဖစ္ပါသည္….။

၁။ အပ်ိဳ …….

အပ်ိဳဆိုတာ ဘာကို ဆိုလိုသလဲ…..၊။

အားလံုးသိႀကမွာပါ…။ အပ်ိဳဆိုတာ အိမ္ ေထာင္မရွိေသးတဲ့သူ၊ တရားဝင္ လက္မထပ္ရေသးတဲ့ သူဟာ အပ်ိဳပါပဲ…။ အိမ္ေထာင္မရွိဘူး၊လက္မထပ္ရေသးဘူးဆိုေပမဲ့ ခ်စ္သူလဲ ရွိခဲ့ ဖူးခ်င္ ရွိခဲ့ဖူးမယ္…။ ခ်စ္သူရွိတယ္ဆိုတဲ့ ေနရာမွာေတာင္ သမီးရည္းစား ဆိုတဲ့ အေျခအေနေတြထက္ ေက်ာ္လြန္ခဲ့ရင္လဲ ေက်ာ္လြန္ခဲ့မယ္…။ဒါကို ကိုယ္တိုင္ကပဲ သိပါလိမ့္မယ္….။ ဒါေပမဲ့ အားလံုးအျမင္မွာ သူဟာ အပ်ိဳပါပဲ…။ဒါကို အပ်ိဳလို ့ေခၚပါတယ္….။ဒီ အပ်ိဳဆိုတဲ့ စာရင္းထဲမွာ လက္မထပ္ရေသးသည့္ အမ်ိဳးသမီးအားလံုးပါဝင္ပါတယ္…။

၂။ အပ်ိဳစစ္…….

အပ်ိဳစစ္ ဆိုတဲ့ ေနရာမွေတာ့ လက္မထပ္ရေသးသူ အားလံုး မပါဝင္နိုင္ေတာ့ပါဘူး…။ သူဟာ ခ်စ္သူရွိခဲ့ဖူးသူ ျဖစ္ေပမဲ့ သာမန္သမီးရည္းစား ဆိုတဲ့ အေျခအေနနွင့္သာရွိျပီး လက္ရွိအပ်ိဳရည္ကို ထိန္းသိမ္းထားနိုင္သူ၊ အမွားအယြင္းမရွိသူကို ဆိုလိုပါတယ္…။ ခ်စ္သူနွဳတ္ခမ္း နမ္းဖူးတယ္ ဆိုတဲ့ အေျခအေနမ်ိဳးေတာ့ရွိနိုင္မွာပါ…။ ဒါေပမဲ့ သူမဟာ ကာမဆႏၵ ေဖာက္ျပားခဲ့ဖူးျခင္းမရွိသည့္ အတြက္ အပ်ိဳစစ္လို ့ေခၚဆိုနိုင္ပါတယ္…။

၃။ အပ်ိဳစင္…….

အပ်ိဳစင္ဆိုတဲ့ ေနရာမွာေတာ့ အမ်ိဳးသမီးငယ္ေတြ အားလံုး မပါဝင္နိုင္ေတာ့ပါဘူး….။ခုလို အေျခအေနမွာ အေတာ္ေလးကို ရွားပါးလာျပီးလို ့လဲ ေျပာလို ့ရပါတယ္…။အပ်ိဳစင္ ဆိုတာဘာလဲ…။ အပ်ိဳစင္ဆိုတာ ေယာက်ၤားတစ္ေယာက္ကို ခ်စ္ခဲ့ရင္ ခ်စ္ခဲ့လိမ့္မယ္…။ ဒါေပမဲ့ ဘယ္ေယာက်ာၤးမ်ားနွင့္ ထိေတြ ့ခဲ့ဖူးျခင္း မဆိုထားနွင့္ သူမ၏ စိတ္နွလံုးထဲတြင္ပင္ ညစ္ညမ္းေသာ အေတြးအေခၚမရွိ ပကတိ ျဖဴစင္ေသာ မိန္းမပ်ိဳေလးမ်ားပင္ျဖစ္သည္…။ ယေန ့လို အေနာက္တိုင္းယဥ္ေက်းမွဳ တိုက္စားခံရသည့္ အေျခအေနတြင္ အေတာ္ေလးကို ရွားပါးခဲ့ျပီး…။

=====================================================

အပ်ိဳစင္မေျပာနွင့္ အပ်ိဳစစ္ ဆိုလွ်င္ေတာင္ ကံေကာင္းတယ္ မွတ္ပါလို ့မ်ား သက္ျပင္းေတြ ရွိဳက္ကုန္ႀကျပီးလား…။ ကိုယ့္ကိုကိုယ္ ထိန္သိမ္းရမွာ ကိုယ္ကိုတိုင္ရဲ ့ တာဝန္ပါ…။ တျခားသူက မည္မွ်ပင္ ထိန္းသိမ္းေစကာမူ ကိုယ္ကိုတိုင္မွ မထိန္းသိမ္းခဲ့လွ်င္ ဘဝႀကီး ေရစုန္ေမွ်ာျပီးပင္…..။

ဒါေႀကာင့္ ညီမငယ္မ်ား အပ်ိဳစင္ဆိုတဲ့ အေျခအေနမ်ိဳးကို မပိုင္ဆိုင္ခဲ့ရင္ေတာင္မွ အပ်ိဳစစ္ဆိုတဲ့ အေျခအေနမ်ိဳးကို ကိုင္စြဲထားနိုင္ဖို ့ ႀကိဳးစားေစခ်င္ပါတယ္….။

ခုလို ျမန္မာ့ စီးပြားေရးႀကီး ခၽြတ္ခ်ံဳက် ေနတဲ့ အေျခအေနမွာ မိသားစုဝင္ေတြမွာ မိဘ နွစ္ပါးလံုးက အလုပ္ေတြ လုပ္ေနရေတာ့ သားသမီးမ်ားအား ထိန္းသိမ္း ေစာင့္ေရွာက္ရန္ အခ်ိန္ေတြက နည္းပါးလာခဲ့တယ္…။ ရင္အုပ္မကြာ ေစာင့္ေရွာက္မွဳ ေတြနည္းပါးလာတာနွင့္အမွ် သားသမီးေတြဟာလဲ လြတ္ခ်င္တိုင္း လြတ္ေနႀကတာ မ်ားလာပါျပီး…။ဒီအေျခအေနမွာ ကိုယ့္ကိုကိုယ္ထိန္းသိမ္းႀကပါ ညီမေလးတို ့ရယ္….။

ကိုယ္ကိုတိုင္ တန္ဖိုးထားမွ အျခားသူေတြကလဲ ကိုယ့္ကို တန္ဖိုးထားမွာပါ…။အေႀကြပန္းကို ေကာက္နမ္းခ်င္တယ္ဆိုတဲ့ သူေတြက ရွားပါးပါတယ္…။ ခေရပန္းလို အေႀကြကို ေကာက္နမ္းခံရဖို ့က ခေရပန္းလို ေႀကြခဲ့ေပမဲ့ ေမႊးရနံ ့ေလးရွိေအာင္ အရည္အခ်င္းေတြ ျပည့္စံု နိုင္ရမွာေနာ္…။ဒါေတာင္ ဆယ္ပြင့္ေႀကြလို ့ တစ္ပြင့္ အေကာက္ခံရခ်င္မွ အေကာက္ခံရမွာ…။ ဘယ္သူမွ မေကာက္မိပဲ အေျခာက္ခံသြားရတာနွင့္ အနင္းခံသြားရတဲ့ ခေရပန္းေတြ ပင္ေအာက္မွာ အမ်ားႀကီး က်န္ခဲ့ပါတယ္…။

ကိုယ့္ခ်စ္သူ ဆိုတာနွင့္ပဲ ကိုယ့္ညီမေတြ အစြမ္းကုန္ အလိုမလိုက္ႀကပါနွင့္….။ ခ်စ္သူဆိုတာ လက္ထပ္ထားတဲ့သူမဟုတ္ေသးပါဘူး…။ အခ်ိန္မတန္ခင္ မေႀကြလိုက္ႀကပါနွင့္ေနာ္…။ကိုယ့္အပ်ိဳစင္ဘဝေလး အငွားစြင့္စြင့္ ပြဲလယ္တင့္တဲ့ ပန္းေလးတစ္ပြင့္ျဖစ္ေအာင္ “ကို႔” ညီမေတြ ႀကိဳးစားႀကပါ…။ ေနႀကာပန္းလို ေနရွိရာကို ေကာက္ေကာက္ပါလိုက္တဲ့ အျဖစ္နဲ ့ ဘဝကို ပုံမအပ္လိုက္ႀကပါနဲ ့…။ ကိုယ့္ကို စစ္မွန္စြာ ခ်စ္တဲ့သူဟာ ဥယာဥ္မွဴးလို ့ ပန္းတစ္ပြင့္ကိုအရိပ္တစ္ႀကည့္ႀကည့္ ႀကည့္ျပီး ေစာင့္ေရွာက္ေပးမွာပါ….။ အရိပ္ေနေန အခက္ခ်ိဳးခ်ိဳး ဆိုတာမ်ိဳးနွင့္ ကိုယ့္ဘဝကို ခ်ိဳးယူျပီး ခ်ိဳးစရာ အကိုင္းအခက္ကုန္သြားရင္ တျခားအပင္ကို ကူးမည့္သူ မဟုတ္ပါဘူး…။

ကို႔ ညီမေတြ အခ်စ္နဲ ့ ရာဂ ကို ခြဲျခားသိျမင္နိုင္ႀကပါေစ...။ ကိုယ္ကိုတိုင္ အပ်ိဳ၊ အပ်ိဳစစ္ ႏွင့္ အပ်ိဳစင္ ဆိုတာ ခြဲျခားသိျမင္ျပီး ကိုယ္ပိုင္ဆိုင္ထားတဲ့ ဘဝေလးကို တန္ဖိုးထားတတ္ႀကပါေစ…။

Copy From Thein Than Win

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer

#Unicode Version
၁။ အပျို
၂။ အပျိုစစ်
၃။ အပျိုစင်

ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး….။ နယ်ချဲ့လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး…။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး…။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့ စိတ်ဓာတ် နဲ့ ယဉ်ကျေးမှုတို့ ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ…။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ခြင်းလို့ခေါ်မှာပေါ့..။ခက်တာက တို့လူမျိုးတွေ ကိုယ်နယ်ချဲ့လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်…။

ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲလို့လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့လာပါပြီး….။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး…။ သိသိရဲ့နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်…။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး…။

ပြီးခဲ့သော ချစ်သူများနေ့…။ ချစ်သူများနေ့ ဆိုတာ မြန်မာတွေရဲ့ နေ့ထူးနေ့မြတ်တော့ မဟုတ်ပါ…။ ဒါပေမဲ့ ချစ်သူတွေရဲ့ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့ ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်…။အယ်…လက်မခံနိုင်တာက ဘာလဲ……။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်…။

ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့ အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်…။ ချစ်သူများနေ့မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့တွေထက် လူတွေ ပြည့်လို့ အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့….။ဒါမြန်မာနိုင်ငံမှာနော်..။တို့မြန်မာလူမျိုးတွေ ဖြစ်နေတာ…။ကဲ…ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်….။

၁။ အပျို …….

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ…..၊။

အားလုံးသိကြမှာပါ…။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ…။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်…။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်…။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်….။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ…။ဒါကို အပျိုလို့ခေါ်ပါတယ်….။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်…။

၂။ အပျိုစစ်…….

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး…။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်…။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ…။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ခေါ်ဆိုနိုင်ပါတယ်…။

၃။ အပျိုစင်…….

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး….။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့လဲ ပြောလို့ရပါတယ်…။အပျိုစင် ဆိုတာဘာလဲ…။ အပျိုစင်ဆိုတာ ယောကျၤားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်…။ ဒါပေမဲ့ ဘယ်ယောကျာၤးများနှင့် ထိတွေ့ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်…။ ယနေ့လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး…။

=====================================================

အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား…။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့ တာဝန်ပါ…။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်…..။

ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့ ကြိုးစားစေချင်ပါတယ်….။

ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်…။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး…။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ရယ်….။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ…။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်…။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်…။ဒါတောင် ဆယ်ပွင့်ကြွေလို့ တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ…။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်…။

ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်….။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး…။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်…။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “ကို့” ညီမတွေ ကြိုးစားကြပါ…။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့ ဘဝကို ပုံမအပ်လိုက်ကြပါနဲ့…။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့ ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ….။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး…။

ကို့ ညီမတွေ အချစ်နဲ့ ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ…။


Copy From Thein Than Win

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top