Kantharyar Centre
×

ပုဂံ ယဥ္ေက်းမႈနယ္ေျမမွ အထင္ကရ ေရွးေဟာင္းအေမြအႏွစ္ တစ္ခုျဖစ္ သည့္သရပါတံခါးရွိရာ မူလလမ္း ေဟာင္းမွ ယာဥ္ျဖတ္သန္းခြင့္ကို လံုး၀တားျမစ္လိုက္ၿပီျဖစ္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ႀကီး ဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတုိက္ဦးစီးဌာန(ပုဂံ ဌာနခြဲ)မွ သိရသည္။ သရပါတံခါး၏ ေရရွည္တည္ တံ့မႈအတြက္ ကားႀကီး၊ ကားေသး ယာဥ္၀င္ခြင့္မ်ားကို ေရွ႕ဆက္၍ လည္း ၀င္ေရာက္ခြင့္ျပဳမည္မဟုတ္ ဘဲ ယင္းသို႔တားျမစ္လိုက္သည့္အ တြက္ အျခားလမ္းမ်ားျဖစ္ေသာ အ ေနာ္ရထာလမ္းႏွင့္ ပုဂံျပတုိက္ေရွ႕ လမ္းကို ဆက္သြယ္ထားေသာလမ္း တို႔မွ သြားလာႏုိင္ရန္ လက္ရွိတြင္ လမ္းျပဳျပင္မႈမ်ား လုပ္ေဆာင္လ်က္ ရွိေၾကာင္း ေရွးေဟာင္းသုေတသ နႏွင့္ အမ်ိဳးသားျပတုိက္ဦးစီးဌာန (ပုဂံဌာနခြဲ)မွ ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္က ေအာက္ တုိဘာ ၁၀ ရက္တြင္ ေျပာသည္။

""အရင္က ကားႀကီးေတြေပး မျဖတ္ေပမယ့္ ကားေသးေတြသြား လို႕ရတယ္။ ဒါေပမဲ့ တျဖည္းျဖည္း ကားေသးေတြျဖတ္တာကလည္း အရမ္းကိုမ်ားလာတယ္။ ပုဂံမွာက လည္း ေရွးေဟာင္းတံခါးဆိုလို႔ ဒီ တစ္ခုပဲ ျပစရာက်န္ေတာ့တာ။ ထိန္း သိမ္းသင့္တဲ့တံခါးပါ။ ကားေတြ ျဖတ္သန္းမႈမ်ားရင္ တုန္ခါမႈေတြ မ်ားၿပီး ပ်က္စီးႏုိင္တယ္။ အဲဒါ ေၾကာင့္ ေရွ႕ဆက္လည္း ဘယ္လို ယာဥ္အမ်ိဳးအစားကိုမွ ဒီလမ္းက ေန ျဖတ္သန္းခြင့္မေပးေတာ့ဘူး။ အၿမဲတမ္းပိတ္သြားဖို႔ ရည္ရြယ္ပါ တယ္။ ဒီလမ္းက မျဖတ္ေပမယ့္ ေဘးဘက္ကလမ္းေတြကို အသံုးျပဳ လို႕ရေအာင္ အခုျပင္ဆင္ေပးေန ပါတယ္""ဟု ၎င္းကဆက္လက္ေျပာသည္။

သရပါတံခါးမွာ ေညာင္ဦး-ပုဂံ ကားလမ္း မူလလမ္းေဟာင္းတြင္ ရွိေနၿပီး ၿမိဳ႕ေဟာင္းအတြင္းသို႔ ၀င္ ေရာက္ရန္အတြက္ အဆိုပါလမ္း ကို အသံုးျပဳခဲ့ၾကကာ ယခုတားျမစ္ လိုက္ေသာ္လည္း ေဘးဘက္မွလမ္း ကို အသံုးျပဳသြားလာႏုိင္ၿပီး လမ္းျပဳ ျပင္မႈမ်ားကိုလည္း အာနႏၵာဘုရား ပြဲေတာ္အမီ ျပင္ဆင္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

""အခုလည္း သရပါတံခါးလမ္း ကပိတ္ထားတယ္။ ခရီးသည္ေတြ အေနနဲ႔ ၿမိဳ႕႐ိုးအတြင္းကို၀င္မယ္ဆို ရင္ အေနာ္ရထာလမ္း ဒါမွမဟုတ္ ျပတုိက္ေရွ႕က လမ္းကေနတစ္ဆင့္ ျဖတ္ၿပီးသြားလို႕ရပါတယ္""ဟု ပုဂံ ေဒသခံဧည့္လမ္းၫႊန္ ကိုျမင့္ႏုိင္က ေျပာသည္။ငလ်င္ဒဏ္ေၾကာင့္ သရပါတံ ခါးမွာ တစ္စံုတစ္ရာထိခိုက္မႈမရွိခဲ့ ေသာ္လည္း ထိန္းသိမ္းရမည့္ ေရွး ေဟာင္း အေမြအႏွစ္တစ္ခုျဖစ္ကာ ေရရွည္ႀကံ႕ခိုင္မႈအတြက္ ဂ႐ုတစိုက္ ထိန္းသိမ္းရမည္ျဖစ္ၿပီး ကားႀကီးမ်ား ၀င္ထြက္ခြင့္ကို ၂၀၁၅ ခုႏွစ္ မတ္လ တြင္ တားျမစ္ခဲ့ျခင္းျဖစ္သည္။

သရပါတံခါးမွာ ေအဒီ ၈၄၉ တြင္ ပ်ဥ္ျပားမင္းမွ ပုဂံၿမိဳ႕ကို တည္ ရာ၌ ပုဂံက်ံဳးၿမိဳ႕႐ိုးေလးမ်က္ႏွာ ပတ္လည္တြင္ တံခါး ၁၂ ရပ္ပါရွိခဲ့ ၿပီး သရပါတံခါးမွာ အေရွ႕မ်က္ႏွာ အလယ္ဗဟိုတံခါးျဖစ္ကာ ယင္းတစ္ ခုသာ ထင္ရွားစြာ က်န္ရစ္ခဲ့ျခင္းျဖစ္ ၿပီး ယေန႔တိုင္ အထင္ကရေနရာ တစ္ ခုအျဖစ္ တည္ရွိေနေၾကာင္းသိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMBreakingnews

#Unicode Version

ပုဂံ ယဉ်ကျေးမှုနယ်မြေမှ အထင်ကရ ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ် သည့်သရပါတံခါးရှိရာ မူလလမ်း ဟောင်းမှ ယာဉ်ဖြတ်သန်းခွင့်ကို လုံးဝတားမြစ်လိုက်ပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ ဌာနခွဲ)မှ သိရသည်။ သရပါတံခါး၏ ရေရှည်တည် တံ့မှုအတွက် ကားကြီး၊ ကားသေး ယာဉ်ဝင်ခွင့်များကို ရှေ့ဆက်၍ လည်း ဝင်ရောက်ခွင့်ပြုမည်မဟုတ် ဘဲ ယင်းသို့တားမြစ်လိုက်သည့်အ တွက် အခြားလမ်းများဖြစ်သော အ နော်ရထာလမ်းနှင့် ပုဂံပြတိုက်ရှေ့ လမ်းကို ဆက်သွယ်ထားသောလမ်း တို့မှ သွားလာနိုင်ရန် လက်ရှိတွင် လမ်းပြုပြင်မှုများ လုပ်ဆောင်လျက် ရှိကြောင်း ရှေးဟောင်းသုတေသ နနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က အောက် တိုဘာ ၁၀ ရက်တွင် ပြောသည်။

""အရင်က ကားကြီးတွေပေး မဖြတ်ပေမယ့် ကားသေးတွေသွား လို့ရတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ကားသေးတွေဖြတ်တာကလည်း အရမ်းကိုများလာတယ်။ ပုဂံမှာက လည်း ရှေးဟောင်းတံခါးဆိုလို့ ဒီ တစ်ခုပဲ ပြစရာကျန်တော့တာ။ ထိန်း သိမ်းသင့်တဲ့တံခါးပါ။ ကားတွေ ဖြတ်သန်းမှုများရင် တုန်ခါမှုတွေ များပြီး ပျက်စီးနိုင်တယ်။ အဲဒါ ကြောင့် ရှေ့ဆက်လည်း ဘယ်လို ယာဉ်အမျိုးအစားကိုမှ ဒီလမ်းက နေ ဖြတ်သန်းခွင့်မပေးတော့ဘူး။ အမြဲတမ်းပိတ်သွားဖို့ ရည်ရွယ်ပါ တယ်။ ဒီလမ်းက မဖြတ်ပေမယ့် ဘေးဘက်ကလမ်းတွေကို အသုံးပြု လို့ရအောင် အခုပြင်ဆင်ပေးနေ ပါတယ်""ဟု ၎င်းင်းကဆက်လက်ပြောသည်။

သရပါတံခါးမှာ ညောင်ဦး-ပုဂံ ကားလမ်း မူလလမ်းဟောင်းတွင် ရှိနေပြီး မြို့ဟောင်းအတွင်းသို့ ဝင် ရောက်ရန်အတွက် အဆိုပါလမ်း ကို အသုံးပြုခဲ့ကြကာ ယခုတားမြစ် လိုက်သော်လည်း ဘေးဘက်မှလမ်း ကို အသုံးပြုသွားလာနိုင်ပြီး လမ်းပြု ပြင်မှုများကိုလည်း အာနန္ဒာဘုရား ပွဲတော်အမီ ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

""အခုလည်း သရပါတံခါးလမ်း ကပိတ်ထားတယ်။ ခရီးသည်တွေ အနေနဲ့ မြို့ရိုးအတွင်းကိုဝင်မယ်ဆို ရင် အနော်ရထာလမ်း ဒါမှမဟုတ် ပြတိုက်ရှေ့က လမ်းကနေတစ်ဆင့် ဖြတ်ပြီးသွားလို့ရပါတယ်""ဟု ပုဂံ ဒေသခံဧည့်လမ်းညွှန် ကိုမြင့်နိုင်က ပြောသည်။ငလျင်ဒဏ်ကြောင့် သရပါတံ ခါးမှာ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ သော်လည်း ထိန်းသိမ်းရမည့် ရှေး ဟောင်း အမွေအနှစ်တစ်ခုဖြစ်ကာ ရေရှည်ကြံ့ခိုင်မှုအတွက် ဂရုတစိုက် ထိန်းသိမ်းရမည်ဖြစ်ပြီး ကားကြီးများ ဝင်ထွက်ခွင့်ကို ၂၀၁၅ ခုနှစ် မတ်လ တွင် တားမြစ်ခဲ့ခြင်းဖြစ်သည်။

သရပါတံခါးမှာ အေဒီ ၈၄၉ တွင် ပျဉ်ပြားမင်းမှ ပုဂံမြို့ကို တည် ရာ၌ ပုဂံကျုံးမြို့ရိုးလေးမျက်နှာ ပတ်လည်တွင် တံခါး ၁၂ ရပ်ပါရှိခဲ့ ပြီး သရပါတံခါးမှာ အရှေ့မျက်နှာ အလယ်ဗဟိုတံခါးဖြစ်ကာ ယင်းတစ် ခုသာ ထင်ရှားစွာ ကျန်ရစ်ခဲ့ခြင်းဖြစ် ပြီး ယနေ့တိုင် အထင်ကရနေရာ တစ် ခုအဖြစ် တည်ရှိနေကြောင်းသိရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMBreakingnews
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top