Kantharyar Centre
×

 အဆိပ္သင့္လူနာ (Poision Case) မ်ားတြင္ အသက္(၂၀)မွ (၃၀) ၾကား အမ်ိဳးသမီးလူနာအမ်ားဆံုး ျဖစ္ေနေၾကာင္းရန္ကုန္အေထြေထြေရာဂါကုေဆး႐ံုသစ္ႀကီးမွ ေဆးလူမႈဆက္ဆံေရး
မွဴး ဦးေဇာ္မင္းထြန္းက ေျပာသည္။

လူနာအမ်ားစုသည္ ပါရာစီ တေမာ၊ ဘာမီတြန္၊ ဒိုင္ယာစီပင္ကဲ့သို႔ ေဆးဝါးမ်ားကို တလြဲအသံုးျပဳၿပီး အဆိပ္သင့္လူနာအျဖစ္ ေရာက္ရွိလာကာ အဆိပ္သင့္ဓာတုေဗဒေဆးရည္မ်ား အသံုးျပဳၿပီး ႀကံစည္ျခင္းမ်ားလည္းရွိေၾကာင္း ယင္းလူနာမ်ားကို ႏွစ္သိမ့္ေဆြးေႏြးေပးေနသည့္ ဦးေဇာ္မင္းထြန္းက ေျပာသည္။

‘‘လူနာေတြၾကည့္ရင္ အလုပ္လုပ္ႏိုင္တဲ့အရြယ္ေတြ၊ အသက္ (၂၀)နဲ႔ (၃၀)ၾကား လူငယ္ေတြမ်ားတယ္။ ေယာက်္ားေလးထက္ မိန္းကေလးေတြက ပိုမ်ားေနတယ္။ ဥပမာ-ေယာက်္ားေလးက အေယာက္ ၃၀ ေလာက္ တလြဲႀကံ စည္ရင္ မိန္းကေလးက အေယာက္၆၀ ေလာက္ျဖစ္ေနတယ္။ ႏွစ္ဆေလာက္ရွိေနတာေပါ့။ လူနာအမ်ားစုက ရန္ကုန္တုိင္းအတြင္းမွာ ေနထုိင္သူေတြ ျဖစ္ေနတာေတြ႕ရတယ္’’ဟု ဦးေဇာ္မင္းထြန္းက ဆိုသည္။

အဆိပ္သင့္လူနာအမ်ားစုသည္ စီးပြားေရးျပႆနာထက္ လူမႈေရးျပႆနာမ်ားေၾကာင့္ ယခုကဲ့သို႔ လုပ္ေဆာင္ေနသည္ကို ေတြ႕ရေၾကာင္း သိရသည္။

‘‘တခ်ိဳ႕က မိဘဆူလို႔။ တခ်ိဳ႕က်ေတာ့ သမီးရည္းစားခ်င္းအဆင္မေျပတာ၊ အိမ္ေထာင္ေရး ျပႆနာေတြေၾကာင့္ ျဖစ္ၾကတယ္။ နယ္က လာတဲ့သူေတြဆိုရင္ ရန္ကုန္မွာ အလုပ္လုပ္ၿပီး မိဘေဆြမ်ိဳးကို ျပန္ေထာက္ပံ့ခ်င္တယ္။ ဒီမွာ အလုပ္က အဆင္မေျပဘူး။ အလုပ္ကေပးတဲ့ဖိအားရယ္၊ မိသားစုကေပးတဲ့ဖိအားေတြေၾကာင့္ အခုလိုႀကံစည္မႈေတြျဖစ္လာတယ္’’ဟု ဦးေဇာ္မင္းထြန္းက ေျပာၾကားသည္။

ရန္ကုန္အေထြေထြေရာဂါ ကုေဆး႐ံုသစ္ႀကီး၏အဆိပ္သင့္ကုသမႈဌာနတြင္ လစဥ္ေဆးကုသမႈခံယူသည့္ လူနာ ၁၀၀ ခန္႔ရွိၿပီး ေဆးဝါးတလြဲအသံုးျပဳအဆိပ္သင့္ျခင္းအျပင္ အစာအဆိပ္သင့္ျခင္း ႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းသံုး ဓာတုေဆးရည္မ်ားကို စနစ္တက်မကိုင္တြယ္ျခင္းေၾကာင့္ အဆိပ္သင့္ျခင္းမ်ားျဖစ္ေၾကာင္း သိရသည္။

‘‘စုိက္ပ်ိဳးသီးႏွံအသံုးျပဳတဲ့ ေဆးရည္ေၾကာင့္ အဆိပ္သင့္သြားတဲ့ လူနာေတြကို စနစ္တက်ဘယ္လို ကိုင္တြယ္ရမယ္ဆိုတာ တစ္ခါေလာက္ ႏွစ္သိမ့္ပညာေပးလိုက္တာနဲ႔ရတယ္။ ေဆးဝါးတလြဲအသံုးျပဳတဲ့ အဆိပ္သင့္လူနာက်ေတာ့ အနည္းဆံုး ႏွစ္သိမ့္ေဆြးေႏြးမႈ သံုးႀကိမ္ေလာက္ေပးရတယ္။ ဒီလိုလူနာက်ေတာ့ ေနာက္တစ္ခါထပ္ၿပီး ျပဳမူဖို႔ ဝန္မေလးတတ္ဘူး။ စိတ္ညစ္လာတိုင္း ဒါကို ထြက္ေပါက္အျဖစ္ အသံုးခ်တတ္ၾကတယ္’’ဟု ဦးေဇာ္မင္းထြန္းက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အဆိပ်သင့်လူနာ (Poision Case) များတွင် အသက်(၂၀)မှ (၃၀) ကြား အမျိုးသမီးလူနာအများဆုံး ဖြစ်နေကြောင်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ ဆေးလူမှုဆက်ဆံရေးမှူး ဦးဇော်မင်းထွန်းက ပြောသည်။

လူနာအများစုသည် ပါရာစီ တမော၊ ဘာမီတွန်၊ ဒိုင်ယာစီပင်ကဲ့သို့ ဆေးဝါးများကို တလွဲအသုံးပြုပြီး အဆိပ်သင့်လူနာအဖြစ် ရောက်ရှိလာကာ အဆိပ်သင့်ဓာတုဗေဒဆေးရည်များ အသုံးပြုပြီး ကြံစည်ခြင်းများလည်းရှိကြောင်း ယင်းလူနာများကို နှစ်သိမ့်ဆွေးနွေးပေးနေသည့် ဦးဇော်မင်းထွန်းက ပြောသည်။

‘‘လူနာတွေကြည့်ရင် အလုပ်လုပ်နိုင်တဲ့အရွယ်တွေ၊ အသက် (၂၀)နဲ့ (၃၀)ကြား လူငယ်တွေများတယ်။ ယောကျ်ားလေးထက် မိန်းကလေးတွေက ပိုများနေတယ်။ ဥပမာ-ယောကျ်ားလေးက အယောက် ၃၀ လောက် တလွဲကြံ စည်ရင် မိန်းကလေးက အယောက်၆၀ လောက်ဖြစ်နေတယ်။ နှစ်ဆလောက်ရှိနေတာပေါ့။ လူနာအများစုက ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်သူတွေ ဖြစ်နေတာတွေ့ရတယ်’’ဟု ဦးဇော်မင်းထွန်းက ဆိုသည်။

အဆိပ်သင့်လူနာအများစုသည် စီးပွားရေးပြဿနာထက် လူမှုရေးပြဿနာများကြောင့် ယခုကဲ့သို့ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း သိရသည်။

‘‘တချို့က မိဘဆူလို့။ တချို့ကျတော့ သမီးရည်းစားချင်းအဆင်မပြေတာ၊ အိမ်ထောင်ရေး ပြဿနာတွေကြောင့် ဖြစ်ကြတယ်။ နယ်က လာတဲ့သူတွေဆိုရင် ရန်ကုန်မှာ အလုပ်လုပ်ပြီး မိဘဆွေမျိုးကို ပြန်ထောက်ပံ့ချင်တယ်။ ဒီမှာ အလုပ်က အဆင်မပြေဘူး။ အလုပ်ကပေးတဲ့ဖိအားရယ်၊ မိသားစုကပေးတဲ့ဖိအားတွေကြောင့် အခုလိုကြံစည်မှုတွေဖြစ်လာတယ်’’ဟု ဦးဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံသစ်ကြီး၏အဆိပ်သင့်ကုသမှုဌာနတွင် လစဉ်ဆေးကုသမှုခံယူသည့် လူနာ ၁၀၀ ခန့်ရှိပြီး ဆေးဝါးတလွဲအသုံးပြုအဆိပ်သင့်ခြင်းအပြင် အစာအဆိပ်သင့်ခြင်း နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဆေးရည်များကို စနစ်တကျမကိုင်တွယ်ခြင်းကြောင့် အဆိပ်သင့်ခြင်းများဖြစ်ကြောင်း သိရသည်။

‘‘စိုက်ပျိုးသီးနှံအသုံးပြုတဲ့ ဆေးရည်ကြောင့် အဆိပ်သင့်သွားတဲ့ လူနာတွေကို စနစ်တကျဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ တစ်ခါလောက် နှစ်သိမ့်ပညာပေးလိုက်တာနဲ့ရတယ်။ ဆေးဝါးတလွဲအသုံးပြုတဲ့ အဆိပ်သင့်လူနာကျတော့ အနည်းဆုံး နှစ်သိမ့်ဆွေးနွေးမှု သုံးကြိမ်လောက်ပေးရတယ်။ ဒီလိုလူနာကျတော့ နောက်တစ်ခါထပ်ပြီး ပြုမူဖို့ ဝန်မလေးတတ်ဘူး။ စိတ်ညစ်လာတိုင်း ဒါကို ထွက်ပေါက်အဖြစ် အသုံးချတတ်ကြတယ်’’ဟု ဦးဇော်မင်းထွန်းက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top