Kantharyar Centre
×

 အေမရိကန္တြင္ ဆီပိုက္လိုင္း သြယ္တန္းမႈ ပေရာဂ်က္ တစ္ခုကို ဆႏၵျပ ကန္႔ကြက္မႈျဖင့္ ေဟာလိဝုဒ္ မင္းသမီး ရွယ္လင္ ဝုဒ္ေလကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

သူမသည္ ေအာက္တိုဘာ ၁၀ ရက္က ပိုက္လုိင္း ေဆာက္လုပ္ေရး လုပ္ငန္းခြင္ ေနရာတြင္ ဆႏၵျပမႈကို Facebookမွ Liveထုတ္လႊင့္ေနစဉ္ အဖမ္းခံခဲ့ရျခင္း ျဖစ္သည္။ ထိုဆႏၵျပမႈ အစီအစဉ္တြင္ ဝုဒ္ေလႏွင့္အတူ လူေပါင္း ၂၀၀ မွ် ပါဝင္ခဲ့ၾကသည္။

ေျမာက္ပိုင္းဒါကိုတာတြင္ အေကာင္အထည္ ေဖာ္ေနသည့္ အဆိုပါ ပိုက္လုိင္းစီမံကိန္းကို ေဒသခံမ်ားက ျပင္းျပင္းထန္ထန္ ေဝဖန္ကန္႔ကြက္မႈမ်ား ျဖစ္ေပၚေနသည္။ ရဲတပ္ဖြဲ႕က လူေပါင္း ၂၇ ဦးကို ထိန္းသိမ္းခဲ့ရာတြင္ ဝုဒ္ေလလည္း တစ္ဦး အပါအဝင္ျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။ သူမသည္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ ေနရာကို အခြင့္မရွိဘဲ ျဖတ္သန္းဝင္ေရာက္မႈ၊ ဆူပူေစရန္ ပါဝင္လံႈ႕ေဆာ္မႈ စြပ္စြဲခ်က္မ်ားျဖင့္ အဖမ္းခံထားရသည္။

Dakota Accessဟု အမည္ေပးထားသည့္ ပိုက္လုိင္းစီမံကိန္းကို ေျမာက္ပိုင္းဒါကိုတာရွိ အေမရိကန္ တိုင္းရင္းမ်ိဳးႏြယ္မ်ားက ကန္႔ကြက္သျဖင့္ တည္ေဆာက္မႈ ဆိုင္းငံ့ထားရသည္။ အဆုိပါ ပိုက္လိုင္းသည္ ၎တို႔ အစဉ္တစိုက္ အထြဋ္အျမတ္ ထားခဲ့ရာ ဝတ္ျပဳနယ္ေျမႏွင့္ သဘာဝ ပတ္ဝန္းက်င္ကို ပ်က္စီးေစေၾကာင္း ေဒသခံမ်ားက ဆိုသည္။

အသက္ ၂၄ ႏွစ္ရွိ ဝုဒ္ေလသည္ “ကၽြန္မအေနနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပၿပီး ကိုယ့္ကားဆီ ျပန္သြားခဲ့ေပမယ့္ သူတို႔က ကၽြန္မဂ်ာကင္ကို ဖမ္းဆြဲထားၿပီး ဒီကေန ထြက္ခြင့္ မေပးႏုိင္ဘူးလို႔ ေျပာပါတယ္။ သူတို႔မွာ ေသနတ္ႀကီးေတြပါတယ္။ နံပါတ္တုတ္ေတြလည္း ပါတယ္။ သူတို႔ ကၽြန္မကို ထြက္ခြင့္မေပးပါဘူး”ဟု Facebookမွ Liveထုတ္လႊင့္ရင္း ေျပာၾကားသြားခဲ့သည္။

ဝုဒ္ေလက ဆႏၵျပသူ ရာႏွင့္ခ်ီ ရွိသည့္အနက္ သူမကို သီးျခားပစ္မွတ္ထား ေရြးခ်ယ္ ဖမ္းဆီးခဲ့ၿပီး လက္ထိပ္လည္ ခတ္ခဲ့ေၾကာင္း ဆိုသည္။ “အဓိပၸါယ္ကေတာ့ ကၽြန္မက လူသိမ်ားတယ္ေလ။ လူေပါင္း ေလးေသာင္းေလာက္က Live အစီအစဉ္ကို ၾကည့္ေနလုိ႔ ဒါမ်ိဳး တမင္လုပ္တာပါ”ဟု သူမက စြပ္စြဲခဲ့သည္။ သူမ အဖမ္းခံရၿပီးေနာက္ ထိုဗီဒီယုိမွာ ပိုမိုပ်ံ႕ႏွံ႔သြားၿပီး နာရီပိုင္းအတြင္း ၾကည့္႐ႈသူ ၃ သန္းေက်ာ္ထိ ျမင့္တက္လာသည္။

ဝုဒ္ေလသည္ Divergent ႐ုပ္ရွင္ဇာတ္လမ္းမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္ရင္း ထင္ရွားလာသူ တစ္ဦးျဖစ္သည္။ သူမသည္ ေဒၚလာ ၃.၇ ဘီလီယံတန္ ပိုက္လုိင္း စီမံကိန္းကို ဆႏၵျပရန္ စုစည္းထားသည့္ ေဒသခံ အဖဲြ႕အစည္း တစ္ခုတြင္လည္း ပါဝင္ေနသည္။ အဆိုပါ ပိုက္လုိင္းသည္ ၁၁၆၈ မုိင္ ရွည္လ်ားမည္ျဖစ္ၿပီး အေမရိကန္၏ ျပည္နယ္ ေလးခုျဖစ္သည့္ အိုင္အိုဝါ၊ အီလီႏြိဳက္၊ ေျမာက္ပိုင္းဒါကိုတာႏွင့္ ေတာင္ပိုင္းဒါကိုတာတို႔ကို ျဖတ္သန္းသြားမည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 အမေရိကန်တွင် ဆီပိုက်လိုင်း သွယ်တန်းမှု ပရောဂျက် တစ်ခုကို ဆန္ဒပြ ကန့်ကွက်မှုဖြင့် ဟောလိဝုဒ် မင်းသမီး ရှယ်လင် ဝုဒ်လေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သူမသည် အောက်တိုဘာ ၁၀ ရက်က ပိုက်လိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာတွင် ဆန္ဒပြမှုကို Facebookမှ Liveထုတ်လွှင့်နေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ထိုဆန္ဒပြမှု အစီအစဉ်တွင် ဝုဒ်လေနှင့်အတူ လူပေါင်း ၂၀၀ မျှ ပါဝင်ခဲ့ကြသည်။

မြောက်ပိုင်းဒါကိုတာတွင် အကောင်အထည် ဖော်နေသည့် အဆိုပါ ပိုက်လိုင်းစီမံကိန်းကို ဒေသခံများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်နေသည်။ ရဲတပ်ဖွဲ့က လူပေါင်း ၂၇ ဦးကို ထိန်းသိမ်းခဲ့ရာတွင် ဝုဒ်လေလည်း တစ်ဦး အပါအဝင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သူမသည် ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာကို အခွင့်မရှိဘဲ ဖြတ်သန်းဝင်ရောက်မှု၊ ဆူပူစေရန် ပါဝင်လှုံ့ဆော်မှု စွပ်စွဲချက်များဖြင့် အဖမ်းခံထားရသည်။

Dakota Accessဟု အမည်ပေးထားသည့် ပိုက်လိုင်းစီမံကိန်းကို မြောက်ပိုင်းဒါကိုတာရှိ အမေရိကန် တိုင်းရင်းမျိုးနွယ်များက ကန့်ကွက်သဖြင့် တည်ဆောက်မှု ဆိုင်းငံ့ထားရသည်။ အဆိုပါ ပိုက်လိုင်းသည် ၎င်းတို့ အစဉ်တစိုက် အထွဋ်အမြတ် ထားခဲ့ရာ ဝတ်ပြုနယ်မြေနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေကြောင်း ဒေသခံများက ဆိုသည်။

အသက် ၂၄ နှစ်ရှိ ဝုဒ်လေသည် “ကျွန်မအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီး ကိုယ့်ကားဆီ ပြန်သွားခဲ့ပေမယ့် သူတို့က ကျွန်မဂျာကင်ကို ဖမ်းဆွဲထားပြီး ဒီကနေ ထွက်ခွင့် မပေးနိုင်ဘူးလို့ ပြောပါတယ်။ သူတို့မှာ သေနတ်ကြီးတွေပါတယ်။ နံပါတ်တုတ်တွေလည်း ပါတယ်။ သူတို့ ကျွန်မကို ထွက်ခွင့်မပေးပါဘူး”ဟု Facebookမှ Liveထုတ်လွှင့်ရင်း ပြောကြားသွားခဲ့သည်။

ဝုဒ်လေက ဆန္ဒပြသူ ရာနှင့်ချီ ရှိသည့်အနက် သူမကို သီးခြားပစ်မှတ်ထား ရွေးချယ် ဖမ်းဆီးခဲ့ပြီး လက်ထိပ်လည် ခတ်ခဲ့ကြောင်း ဆိုသည်။ “အဓိပ္ပါယ်ကတော့ ကျွန်မက လူသိများတယ်လေ။ လူပေါင်း လေးသောင်းလောက်က Live အစီအစဉ်ကို ကြည့်နေလို့ ဒါမျိုး တမင်လုပ်တာပါ”ဟု သူမက စွပ်စွဲခဲ့သည်။ သူမ အဖမ်းခံရပြီးနောက် ထိုဗီဒီယိုမှာ ပိုမိုပျံ့နှံ့သွားပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ ၃ သန်းကျော်ထိ မြင့်တက်လာသည်။

ဝုဒ်လေသည် Divergent ရုပ်ရှင်ဇာတ်လမ်းများတွင် ပါဝင်သရုပ်ဆောင်ရင်း ထင်ရှားလာသူ တစ်ဦးဖြစ်သည်။ သူမသည် ဒေါ်လာ ၃.၇ ဘီလီယံတန် ပိုက်လိုင်း စီမံကိန်းကို ဆန္ဒပြရန် စုစည်းထားသည့် ဒေသခံ အဖွဲ့အစည်း တစ်ခုတွင်လည်း ပါဝင်နေသည်။ အဆိုပါ ပိုက်လိုင်းသည် ၁၁၆၈ မိုင် ရှည်လျားမည်ဖြစ်ပြီး အမေရိကန်၏ ပြည်နယ် လေးခုဖြစ်သည့် အိုင်အိုဝါ၊ အီလီနွိုက်၊ မြောက်ပိုင်းဒါကိုတာနှင့် တောင်ပိုင်းဒါကိုတာတို့ကို ဖြတ်သန်းသွားမည်ဟု သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top